စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဦးစီး၍  အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး အကူအညီဖြစ်သည့် EIF လုပ်ငန်းစဉ်နှင့် ပတ်သက်၍ Workshop on DTIS (Scope, Approach and  Process) ကျင်းပခြင်း

 စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ၏ ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအကူအညီဖြစ်သော EIF လုပ်ငန်းစဉ်ကို အကောင်အထည် ဖော်ဆောင်ရွက် လျက်ရှိပါသည်။ အဆိုပါ EIFလုပ်ငန်းစဉ်များ အနက် ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဘက်စုံ ဆက်စပ်လေ့လာမှုအဆင့်(DTIS Phase) ကို အကောင်အထည်ဖော်ဆောင် ရွက်နိုင်ရန်အတွက် Scoping Mission Workshop ကို ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့ နံနက် (၉) နာရီတွင် Park Royal Hotel (နေပြည်တော်) ၌ ကျင်းပခဲ့ပါသည်။ ဖွင့်ပွဲအခမ်းမနားသို့ EIF လုပ်ငန်းစဉ်ဆိုင်ရာ နိုင်ငံတော်အဆင့် လမ်းညွှန်ကြီးကြပ်မှုကော်မတီ (National Steering Committee- NSC) ဥက္ကဌဖြစ်သူ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ကိုယ်စား အတွင်းရေးမှူးဖြစ်သူ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာပွင့်ဆန်းမှ တက်ရောက်အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။  

 

ဒုတိယဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားရာတွင် ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးအကူအညီ ဖြစ်သည့် EIF လုပ်ငန်းစဉ်သည် ရေရှည်ဆောင်ရွက်သွားရမည့်လုပ်ငန်းစဉ် ဖြစ်ကြောင်း၊ ယင်းလုပ်ငန်းစဉ် ကို ဆောင်ရွက်ရာတွင် ဆောင်ရွက်မည့်လုပ်ငန်းစီမံချက်အပြင် အဆိုပါလုပ်ငန်းစီမံချက် ကိုဆောင်ရွက်ရန် အတွက် လိုအပ်သည့်ငွေကြေးနှင့် နည်းပညာအကူအညီများကိုပါ တစ်ပါတည်း ဖြည့်စွက်ပံ့ပိုးကူညီပေးမည့် လုပ်ငန်းစဉ်များကို ပေါင်းစပ် ထည့်သွင်းဆောင်ရွက်ထားခြင်းဖြစ် ကြောင်း၊ EIF လုပ်ငန်းစဉ်တွင် EU မှ Donor Facilitator အဖြစ် ဆောင်ရွက်ထားပါကြောင်း၊ DTIS အဆင့်တွင် ကမ္ဘ့ာဘဏ်မှ Main Implementing Entity (MIE) အဖြစ် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ ယခုကျင်းပသည့် Workshop သည် DTIS ပြုလုပ်ရန်အတွက် ကနဦးလိုအပ်သည့်  Concept Note ပြုစုရန်အတွက် သက်ဆိုင်ရာ အစိုးရဌာနများကို ဖိတ်ခေါ်ခါဆွေးနွေး၍ အကြံဥာဏ်များရယူရန်ဖြစ်ပါကြောင်း၊ ထို့အပြင်အစိုးရ၏ မူဝါဒ ဆိုင်ရာများနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်အဆင့် လမ်းညွှန် ကြီးကြပ်မှုကော်မတီ (National Steering Committee- NSC) ကို တစ်ပါတည်းဖွဲ့စည်း ဆောင်ရွက် ထားပြီးဖြစ်ကြောင်း၊ ပုဂ္ဂလိကအခန်းကဏ္ဍသည် လွန်စွာအရေးပါသည့် အလျောက်အဆိုပါကော်မတီတွင် ပုဂ္ဂလိက ကဏ္ဍမှ ကိုယ်စားလှယ်များကို အဖွဲ့ဝင်အဖြစ်ပါဝင်ဖွဲ့စည်းထားပါကြောင်း၊ EIF လုပ်ငန်း စဉ်ကို ဆောင်ရွက်ရာတွင် ဖွံ့ဖြိုးမှုမိတ်ဖက်များ၏ အကူအညီဖြင့်ဆောင်ရွက်ရမည်ဖြစ်ပြီး ထိုလုပ်ငန်းစဉ်ကို လက်တွေ့အကောင်အထည်ဖော်ရာ၌ Public Private Partnership ပုံစံ့ဖြင့် ပူးပေါင်းဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ ယင်းအတွက် Stakeholders များအားလုံး၏ ပံ့ပိုးကူညီ လက်တွဲဆောင်ရွက်မှု အထူးလိုအပ်ပါကြောင်း၊ အတူတကွ ပူးပေါင်းလက်တွဲကာအကောင်  အထည်ဖော်ခြင်းဖြင့် အောင်မြင်အောင်  ဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်ပါကြောင်းတို့ဖြင့် ထည့်သွင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားသို့ ကုန်သွယ်မှုနှင့် ဆက်စပ်နေသော အစိုးရဌာနအဖွဲ့အစည်း များမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။ ထို့အပြင် အခမ်းအနားတွင် အဓိကအကောင် အထည်ဖော်ဆောင်ရွက်မည့် ကမ္ဘ့ာဘဏ် (World Bank) နှင့် International Finical Cooperation (IFC) တို့မှ ကျွမ်းကျင်ပညာရှင် (၁၃) ဦး တက်ရောက်ခဲ့ပါသည်။

နေပြည်တော်၌ ကျင်းပသော EIF လုပ်ငန်းစဉ်ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၏ ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး မိတ်ဖက်အဖွဲ့အစည်း ဖြစ်သည့် ကမ္ဘ့ာဘဏ်မှ ကိုယ်စားလှယ် အသီးသီး ကလည်း ဖွင့်ပွဲတွင် အမှာစကားများ ပြောကြားဆွေးနွေးခဲ့ပါသည်။

         နေ့လည်ပိုင်းတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူ
  အကြီးတန်းအရာရှိများ၊ ကမ္ဘာ့ဘဏ် (World Bank) တို့မှ ကျွမ်းကျင်ပညာရှင်များက သက်ဆိုင်ရာဏ္ဍအလိုက် ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးပွဲတက်ရောက်လာကြသည့် ကုန်သွယ်မှုနှင့် စပ်ဆက်နေသော အစိုးရအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက သိရှိလိုသည့်အချက်များအား မေးမြန်း ခြင်း၊ အကြံပြုဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြပါသည်။

          ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့၌ ကျင်းပပြီးစီးခဲ့သည့် အလုပ်ရုံဆွေးနွေးပွဲသို့ စုစုပေါင်း အင်အား (၄၅) ဦးခန့် တက်ရောက်ခဲ့ကြပြီး အလုပ်ရုံဆွေးနွေးပွဲကို ညနေ ၄နာရီ မိနစ် ၃၀ ခန့်တွင် အောင်မြင်စွာကျင်းပခဲ့ပါသည်။

 

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဦးစီး၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး အကူအညီဖြစ်သည့် EIF လုပ်ငန်းစဉ်အောက်ရှိ DTIS Report အတွက် Focus Group Discussion (FGD) ဖွဲ့၍ ဆွေးနွေးပွဲများကျင်းပခြင်း


စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်နေသော EIF အစီအစဉ်အောက်ရှိ DTIS လုပ်ငန်းစဉ်အား ကမ္ဘ့ာဘဏ်မှတာဝန်ယူဆောင်ရွက်လျက်ရှိပြီး DTIS Report ရေးဆွဲခြင်း၊ Mid Term Plan (MTP) ကိစ္စများဆောင်ရွက်ရန်အတွက်ဆွေးနွေးပွဲများကျင်းပခြင်း၊ ကုန်သွယ် မှုမူဝါဒနှင့်ပတ်သက်သည့် Focus Area Action Matrix များ၊ Standards and Quality Infrastructure Focus Area Action Matrix နှင့်ပတ်သက်၍ဆွေးနွေးပွဲများကျင်းပခြင်း၊ Trade Facilitaion and Logistics ကိစ္စရပ်များအတွက်ဆွေးနွေးခြင်း၊ Trade Policy, Standard and Quality, Food Safety and SPS ကဏ္ဍများအတွက် ၈-၂-၂၀၁၆ ရက်နေ့တွင် ရန်ကုန်မြို့ရှိ Chatriun Hotel Royal Lake နှင့် ၉-၂-၂၀၁၆ ရက်နေ့တွင် နေပြည်တော်ရှိ Hotel Hillon တွင် Focus Group Discussion (FGD) များဖွဲ့၍ ဆွေးနွေးပွဲများ ကျင်းပပြုလုပ်ခြင်း၊ ၁၅-၂-၂၀၁၆ ရက်နေ့တွင် Trade Facilitaion and Logistics ကိစ္စရပ်များအတွက် ရန်ကုန်မြို့ရှိ Chatriun Hotel Royal Lake တွင် ညှိနှိုင်းဆွေးနွေးပွဲများကျင်းပခြင်း၊ ၁၇-၂-၂၀၁၆ ရက်နေ့ တွင် မန္တလေးမြို့ရှိ Mandalay Hill Resort Hotel တွင် DTIS Report တွင်ပါရှိသည့် Trade Facilitaion and Logistics ကိစ္စရပ်များတွက် ဆွေးနွေးပွဲများကျင်းပပြုလုပ်ခဲ့ပါသည်။