EIF ၏သမိုင်း

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့မှကြီးမှူး၍ ဂျီနီဗာမြို့တွင် ၁၉၉၇ ခုနှစ်၊ အောက်တိုဘာ (၂၇) ရက်နေ့မှ (၂၈) ရက်နေ့အထိ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ အဆင့်မြင့်အစည်းအဝေး (High – Level Meeting on Least Development Countries)၏ ဆုံးဖြတ်ချက်အရ LDCs နိုင်ငံများ နိုင်ငံပေါင်းစုံ ကုန်သွယ်မှုတွင် ထိရောက်စွာ ပါဝင်နိုင်ရေးကို အထောက်အကူပြုနိုင်စေရန် ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံများအတွက် ကုန်သွယ်မှုဆိုင်ရာ နည်းပညာ အထောက်အပံ့ပေးရေးမူဘောင် (Integrated Framework for Trade-Relate Technical Assistacnce for Least Development Countries – IF) ကိုစတင် ချမှတ် အကောင်အထည်ဖော် စတင်ခဲ့သည်။

၂၀၀၅ ခုနှစ်၊ ဒီဇင်ဘာလ တွင် ဟောင်ကောင် (တရုတ်) ၌ကျင်းပပြုလုပ်ခဲ့သော ဆဌမအကြိမ်မြောက် ဝန်ကြီးများအဆင့် ညီလာခံတွင် (6th Ministerial Conference) အဖွဲ့ဝင်ဝန်ကြီးများမှ လက်ရှိဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံများကို အကူအညီပေးနေသော (IF) အစီအစဉ်ကို အကူအညီများ အလုံအလောက်ရရှိရေးကို ရှေးရှုသည့် IF အဆင့်မြှင့်တင်ရေး အစီအစဉ်(Enhanced Integrated Framework) သို့အဆင့်မြှင့်တင်ရေး သဘောတူညီခဲ့သည်။ ယခုအခါရလဒ် အဓိကထားသည့် တာဝန်ယူ၍ တုန့်ပြန်မှုကို ပေးစွမ်းနိုင်သော EIF အစီအစဉ်ဖြစ်စေရေး ဘရပ်ဆဲလ် လုပ်ငန်းအစီအစဉ်နှင့်အညီ အကောင်အထည်ဖော်လျက်ရှိသည်။ EIF ၏ ပထမ phase I ကာလကို ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလတွင် အဆုံးသတ်ခဲ့ပြီး phase II အဖြစ် ၂၀၁၆ - ၂၀၂၂ အထိဆက်လက်ဆောင်ရွက်ရန် EIF အဖွဲ့ဝင်နိုင်ငံ အလှူရှင်များက သဘောတူ ဆုံးဖြတ် ခဲ့ပြီး ဖြစ်ပါသည်။

ထို့အပြင် နိုင်ငံ၏ အကူအညီပိုင်ဆိုင်မှု၊ ပိုမိုညှိနှိုင်းဆောင်ရွက်ရေး EIF ပူးပေါင်းဆောင်ရွက်သူများ၏ ကတိကဝတ်နှင့် နိုင်ငံအဆင့်၊ ကမ္ဘာ့အဆင့် အုပ်ချုပ်မှုပုံစံ ပိုမိုခိုင်မာစေရေး၊ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ၏ လိုအပ်ချက်ကို ပြည့်မီသော တိုးမြှင့်ငွေကြေး ရရှိစေရေးတို့သည် EIF ၏အဓိကထား ဆောင်ရွက်သည့် လုပ်ငန်းစဉ်တို့ဖြစ်သည်။

EIF ၏ ရည်ရွယ်ချက်

လက်တွေ့တွင် အကောင်အထည်ဖော်နိုင်သည့် ရလဒ်များကို ပြသနိုင်ရန် အဆိုပါအစီအစဉ်ကို အကောင်အထည်ဖော်သူများအကြား စစ်မှန်သော ပူးပေါင်းဆောင်ရွက်မှုတစ်ခုကို EIF အစီအစဉ်မှ ဖန်တီးပေးထား သည်။ အလှူရှင်များ၊ အဓိက ပူးပေါင်းဆောင်ရွက်သည့်အေဂျင်စီများ၊ လေ့လာသူ အဆင့်ဖြင့် လိုက်ပါနေသော အေဂျင်စီများ၊ အမှုဆောင်အရာရှိချုပ်၊ ရန်ပုံငွေ မန်နေဂျာနှင့် အခြားဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေသူများ အကြား အနီးကပ် ပူးပေါင်းညှိနှိုင်းဆောင်ရွက်နေကြခြင်းသည် ဖွံံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများအနေဖြင့် အောက် ဖော်ပြပါအချက်များကို အကောင်အထည်ဖော်နိုင်စေရန် ရည်ရွယ်ပါသည် ။

နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာများတွင် ကုန်သွယ်မှုကဏ္ဍ ဖွံ့ြ့ဖိုးတိုးတက်ရေးကို ထည့်သွင်းစဉ်းစားဆောင်ရွက်နိုင်ရန်၊
ကုန်သွယ်မှုဆိုင်ရာ နည်းပညာများကို ရယူနိုင်ရေး ညှိနှိုင်းဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သော ဆောင်ရွက်မည့်ပုံစံတို့ကို ချမှတ်ထားနိုင်ရန်၊
ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရန် ကြုံတွေ့နေရသော ထုတ်လုပ်နိုင်မှု အဟန့်အတားများ (supply –side constrains) ကို ဖြေရှင်းနိုင်ရန် စွမ်းဆောင်ရည်မြှင့်တင်မှုများ တည်ဆောက်ထားနိုင်ရန်၊
“ကုန်သွယ်မှုဖွံ့ဖြိုးရေးအကူအညီဖြစ်သော EIF အစီအစဉ်”

Enhanced Integrated Framework (EIF) လုပ်ငန်းစဉ်တွင် အဓိကအားဖြင့် အောက်ပါလုပ်ငန်းအဆင့်ပါဝင်ပါသည်-

(က) ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဘက်စုံဆက်စပ်လေ့လာမှုအကြို အဆင့် (Pre Diagnostic Trade Integration Study – Pre – DTIS Phase)
(ခ) ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဘက်စုံဆက်စပ်လေ့လာမှုအဆင့် (DTIS Phase)
(ဂ) လုပ်ငန်းစီမံကိန်းများ အကောင်အထည်ဖော်ခြင်း အဆင့် -၁ (Tier-1 Phase)
(ဃ) လုပ်ငန်းစီမံကိန်းများ အကောင်အထည်ဖော်ခြင်း အဆင့် -၂ (Tier-2 Phase)

Pre – DTIS အဆင့်ကို ၂၀၁၄ ခုနှစ်အတွင် အကောင်အထည်ဖော်ဆောင်ရွက် ခဲ့ပြီးဖြစ်ပါသည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ အကောင်အထည် ဖော်ဆောင်ရွက်နေသည့် EIF အစီအစဉ်အောက်ရှိ Diagnostic Trade Integration Study – DTIS လုပ်ငန်းစဉ်ကို World Bank မှ တာဝန်ယူဆောင်ရွက်လျက်ရှိပါသည်။

ကမ္ဘ့ာဘဏ်မှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ဘက်စုံလေ့လာမှုအဆင့် Diagnostic Trade Integration Study – DTIS အဆင့်အား ၂၀၁၆ ခုနှစ်၊ ဇွန်လတွင် အပြီးသတ်ဆောင်ရွက်နိုင်ရေးပြင်ဆင်လျက်ရှိပါ သည်။