ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းစီမံကိန်းများ အကောင်အထည်ဖော်ခြင်း အဆင့်-၂(Tier 2) တွင် Medium Term Programme Report ပါ လုပ်ငန်းစဉ်များအနက် ဦးစားပေးဆောင်ရွက်မည့် စီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရန် ရေးဆွဲထားပါသည်။
Tier 2 အစီအစဉ်အရ မိမိတို့အကောင်အထည်ဖော်ဆောင်ရွက်မည့် component (၇) ခုကို ကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့မှ အမေရိကန် ဒေါ်လာ (၂.၁) သန်း ပံ့ပိုးဆောင်ရွက်သွားမည် ဖြစ်ပြီး အဆိုပါ ပံ့ပိုး ကူညီမှုသည် အနှောင်အဖွဲ့မပါသည့် ပံ့ပိုးကူညီမှုများဖြစ်ပါသည်။

Tier 2 Project Proposal ရေးဆွဲရာ တွင် MTP Pillar 1 အောက်ရှိ Cluster 1.4 Trade in Services ၏ လုပ်ငန်း (၆) ခုကို ရွေးချယ်ခဲ့ပြီး Tier 2 အတွက် စီမံကိန်းအဆိုပြုလွှာ (Project Proposal) ရေးဆွဲခြင်း လုပ်ငန်းစဉ်အား ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ WTO ရှိ EIF အတွင်းရေးမှူးရုံး၏ အကြံပြုချက်ဖြင့် လုပ်ငန်းအတွေ့အကြုံရှိသည့် International Trade Advisor ဖြစ်သူ Mr. Sven Sylvain Callebaut အား ငှားရမ်း၍ ရေးဆွဲဆောင်ရွက်ခဲ့ပါသည်။

Tier 2 စီမံကိန်းမှာ ၂၀၁၉ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ဦးဆောင် အကောင်အထည် ဖော်ဆောင်ရွက်မည့် “မြန်မာနိုင်ငံ ဝန်ဆောင်မှု ကုန်သွယ်ရေးမြှင့်တင်ရေးဆိုင်ရာစီမံကိန်း” Myanmar Services Trade Enhancement Project (M-STEP) ဖြစ်ပါသည်။

Myanmar Services Trade Enhancement Project (M-STEP)

မြန်မာနိုင်ငံဝန်ဆောင်မှု ကုန်သွယ်ရေးကဏ္ဍမြှင့်တင်ခြင်း စီမံကိန်း မိတ်ဆက်ခြင်း အခမ်းအနားကို ၂၀၁၉ခုနှစ် စက်တင်ဘာ ၂၄ရက်က နေပြည်တော်၌ ကျင်းပပြုလုပ်ရာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ World Trade Organization (WTO) Enhanced Integrated Framework (EIF) အစီအစဉ်၏ မြန်မာနိုင်ငံဆိုင်ရာ Focal Point ဖြစ်သူ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူးနှင့် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့ရှိ EIF Executive Secretariat ၏ Executive Director ဖြစ်သူ Dr. Ratnakar Adhikari တို့ တက်ရောက်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ စီမံကိန်းအဆိုပြုလွှာပါ အဖွဲ့များဖြစ်သည့် UNTACD၊ The World Bank၊ EU တို့အပြင် ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်း ၆ ဖွဲ့၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးမှ တာဝန်ရှိသူများ၊ International Trade Advisor ဖြစ်သူ Mr. Sven Sylvain Callebaut  နှင့်တကွ ကုန်သွယ်မှုနှင့် ဆက်စပ်သည့် ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ ပုဂ္ဂလိက အသင်းအဖွဲ့များ၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်နှင့် ညီနောင်အသင်းများမှ ကိုယ်စားများ စုစုပေါင်း လူဦးရေ (၂၀၀) ဦးခန့်တက်ရောက်ခဲ့ကြပါသည်။

M-STEP စီမံကိန်းအား အကောင်အထည်ဖော် ဆောင်ရွက်ရန် EIF မှ ခွင့်ပြုခဲ့ပြီး ကမ္ဘာ့ ကုလသမဂ္ဂ စီမံကိန်းလုပ်ငန်းများဆိုင်ရာ ဝန်ဆောင်မှုရုံးအဖွဲ့ (UNOPS)နှင့် ကုန်သွယ်ရေးဦးစီးဌာနတို့ အကြား နားလည်မှုစာချွန်လွှာ(MoU)အား ၂၀၁၉ခုနှစ်၊ ဇွန်လ ၁၇ရက်နေ့တွင် လက်မှတ်ရေးထိုးနိုင်ခဲ့ပါသည်။ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မည့်ကာလဖြစ်သည့် ၂၀၁၉ခုနှစ် မှ ၂၀၂၂ ခုနှစ်အထိ ၃ နှစ်တာကာလအတွက် အမေရိကန်ဒေါ်လာ (၂.၁)သန်းအား အကူအညီပေးရန် သဘောတူညီခဲ့ပါသည်။

အဆိုပါ စီမံကိန်းတွင် Category (၃)ခုရှိပြီး ၎င်းအောက်တွင် Component (၇) ခုကို ဆောင်ရွက်သွားမည်ဖြစ်သည်။ ၎င်းတို့မှာ အောက်ပါအတိုင်းဖြစ်ပါသည်-

Category I – Services Landscape Enhancement (ဝန်ဆောင်မှု ကဏ္ဍဖွံဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ)

(၁)Services Capacity Enhancement –SCE (ဝန်ဆောင်မှုဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ခြင်း) ကို ကုန်သွယ်ရေးဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက် နေခြင်းဖြစ်ပါသည်။

(၂)Regulatory Assessment for Services Trade and Investment (RASTI) (ဝန်ဆောင်မှုကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုအတွက် စည်းမျဉ်းစည်းကမ်းများအား လေ့လာအကဲဖြတ် ဆန်းစစ်ခြင်း)ကို The World Bank နှင့် ကုန်သွယ်ရေးဦးစီးဌာနတို့ ပူးပေါင်းကာ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

(၃)Myanmar Services Trade and Investment Portal (STIP)  (မြန်မာ့ဝန်ဆောင်မှု ကုန်သွယ်ရေးနှင့် ရင်းနှီးမြှပ်နှံမှုဆိုင်ရာ ဝက်ဆိုဒ်ထူထောင်ခြင်း)ကို အကောင်အထည် ဖော်ဆောင်ရွက်မည့် အဖွဲ့အစည်းအား ငှားရမ်း၍ ကုန်သွယ်ရေး ဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

Category II -  E-commerce ecosystem development and job creation (e-commerce ဂေဟစနစ်နှင့် အလုပ်အကိုင် အခွင့်အလမ်းဖန်တီးခြင်း)

(၁) e-commerce strategy (e-commerce ဆိုင်ရာ မဟာဗျုဟာ)ကို UNTACD နှင့် ကုန်သွယ်ရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

(၂) Digital Economy and Innvation Advocay (ဒီဂျစ်တယ်စီးပွားရေးနှင့် တီထွင်ဆန်းသစ်မှုများကို အားပေးခြင်း)ကို အကောင်အထည်ဖော်ဆောင်ရွက်မည့် အဖွဲ့အစည်းအား ငှားရမ်း၍ ကုန်သွယ်ရေးဦးစီးဌာနနှင့် ပူးပေါင်း ဆောင်ရွက်လျက် ရှိပါသည်။

Category III – Project Management and Good Governance (စီမံကိန်းများအား စီမံခန့်ခွဲမှုနှင့် ကောင်းမွန်သော အုပ်ချုပ်မှု)

(၁) Tier 2  Management Component (Tier 2 အဆင့် စီမံခန့်ခွဲမှုအပိုင်း) ကို ကုန်သွယ်ရေးဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်ပါသည်။

(၂)Tier1 Phase2  (Tier 1 ဒုတိယအဆင့် စီမံခန်ခွဲမှုအပိုင်း) ကို ကုန်သွယ်ရေးဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိပါသည်။