ကုန်သွယ်မှုဆိုင်ရာ  အကူအညီပေးရေးအစီအစဉ် (Aid for Trade ) အောက်ရှိ
ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးအကူအညီသီးသန့်ဖြစ်သော Enhanced Integrated Framework(EIF)
လုပ်ငန်းစဉ်ပါ အကျိုးခံစားခွင့်များကို မြန်မာနိုင်ငံမှ  ရယူခံစားနိုင်ရန် ပြင်ဆင်ဆောင်ရွက်မှု အခြေအနေ

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ၏မြန်မာနိုင်ငံ ဆိုင်ရာ Focal Ministry ဖြစ်သည့် အားလျော်စွာ ကုန်သွယ်မှုဆိုင်ရာများနှင့် ပတ်သက်ပြီး ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) နှင့်အနီးကပ်ပူးပေါင်း ဆောင်ရွက်လျက် ရှိပါသည်။  ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO)၏သဘောတူညီချက်များနှင့်အညီ အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေး အတွက် ကုန်သွယ်မှုဆိုင်ရာ အကူအညီပေးရေးအစီအစဉ်   (Aid for Trade) အောက်ရှိ အနှောင်အဖွဲ့ မပါသည့် ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေး အကူအညီသီးသန့်ဖြစ်သော Enhaced Integrated Framework (EIF) လုပ်ငန်းစဉ်ပါ  အကျိုးခံစားခွင့်ရှိသော ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး  အကူအညီများကို မြန်မာနိုင်ငံမှရယူခံစားနိုင်ရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိပါသည်။