မြန်မာနိုင်ငံဝန်ဆောင်မှု ကုန်သွယ်ရေးကဏ္ဍမြှင့်တင်ခြင်း စီမံကိန်း စတင်မိတ်ဆက်

 

မြန်မာနိုင်ငံဝန်ဆောင်မှု ကုန်သွယ်ရေးကဏ္ဍမြှင့်တင်ခြင်း စီမံကိန်း Myanmar Services Trade Enhancement Project (M-STEP)​မိတ်ဆက်ခြင်း အခမ်းအနားကို ၂၀၁၉ခုနှစ် စက်တင်ဘာ ၂၄ရက်က နေပြည်တော်၌ ကျင်းပပြုလုပ်ရာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ World Trade Organization (WTO) Enhanced Integrated Framework (EIF) အစီအစဉ်၏ မြန်မာနိုင်ငံဆိုင်ရာ Focal Point ဖြစ်သူ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူးနှင့် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့ရှိ EIF Executive Secretariat ၏ Executive Director ဖြစ်သူ Dr. Ratnakar Adhikari တို့ တက်ရောက်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ စီမံကိန်းအဆိုပြုလွှာပါ အဖွဲ့များဖြစ်သည့် UNTACD၊ The World Bank၊ EU တို့အပြင် ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်း ၆ ဖွဲ့၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးမှ တာဝန်ရှိသူများ၊ International Trade Advisor ဖြစ်သူ Mr. Sven Sylvain Callebaut  နှင့်တကွ ကုန်သွယ်မှုနှင့် ဆက်စပ်သည့် ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ ပုဂ္ဂလိက အသင်းအဖွဲ့များ၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်နှင့် ညီနောင်အသင်းများမှ ကိုယ်စားများ စုစုပေါင်း လူဦးရေ (၂၀၀) ဦးခန့်တက်ရောက်ခဲ့ကြပါသည်။

M-STEP စီမံကိန်းအား အကောင်အထည်ဖော် ဆောင်ရွက်ရန် EIF မှ ခွင့်ပြုခဲ့ပြီး ကမ္ဘာ့ ကုလသမဂ္ဂ စီမံကိန်းလုပ်ငန်းများဆိုင်ရာ ဝန်ဆောင်မှုရုံးအဖွဲ့ (UNOPS)နှင့် ကုန်သွယ်ရေးဦးစီးဌာနတို့ အကြား နားလည်မှုစာချွန်လွှာ(MoU)အား ၂၀၁၉ခုနှစ်၊ ဇွန်လ ၁၇ရက်နေ့တွင် လက်မှတ်ရေးထိုးနိုင်ခဲ့ပါသည်။ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မည့်ကာလဖြစ်သည့် ၂၀၁၉ခုနှစ် မှ ၂၀၂၂ ခုနှစ်အထိ ၃ နှစ်တာကာလအတွက် အမေရိကန်ဒေါ်လာ (၂.၁)သန်းအား အကူအညီပေးရန် သဘောတူညီခဲ့ပါသည်