DEIA Component နှင့် STIP Component များ အကောင်အထည်ဖော်ဆောင်ရွက်ရန် တင်ဒါအောင်မြင်ခဲ့သည့် အဖွဲ့အစည်းများနှင့် စာချုပ် ချုပ်ဆိုနိုင်ရေး စာချုပ်(မူကြမ်း)ကို ဆွေးနွေး

EIF အစီအစဉ်အောက်ရှိ M-STEP စီမံကိန်းပါ Digital Economy and Innovation Advocacy (DEIA) Component နှင့် Myanmar Services Trade and Investment Portal (STIP) Component များ အကောင်အထည်ဖော်ဆောင်ရွက်ရန် တင်ဒါအောင်မြင်ခဲ့သည့် အဖွဲ့အစည်းများနှင့် စာချုပ် ချုပ်ဆိုနိုင်ရေး စာချုပ်(မူကြမ်း)ကို ၂၀၂၀ပြည့်နှစ် ဩဂုတ်လ ၂၁ရက်က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃)၊ နေပြည်တော်၌ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကိုကိုလေး (ကုန်သွယ်မှုလွယ်ကူစေရေးနှင့် စေ့စပ်ညှိနှိုင်းရေး)က ဦးဆောင်၍ ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါ ဆွေးနွေးပွဲသို့ သက်ဆိုင်ရာ ဌာနခွဲအသီးသီးမှ တာဝန်ခံညွှန်ကြားရေးမှူးများ၊ သက်ဆိုင်ရာ Implementing Agency များမှ တာဝန်ရှိသူများ၊ ဉပဒေဆိုင်ရာအကြံပြုအဖွဲ့(Legal Advisory Unit) မှ တာဝန်ရှိသူများနှင့် EIF Project မှ စီမံကိန်းမန်နေဂျာ နှင့် ပြည်တွင်းပညာရှင်များ တက်ရောက်ဆွေးနွေးခဲ့ကြသည်။