အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုအခြေခံသင်တန်း (စနေ၊ တနင်္ဂနွေ) အမှတ်စဉ် (၆) သင်တန်းဆင်းပွဲနှင့် သင်တန်းဆင်း အောင်လက်မှတ်အပ်နှင်းခြင်း

အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုအခြေခံသင်တန်း (စနေ၊ တနင်္ဂနွေ) အမှတ်စဉ် (၆)

သင်တန်းဆင်းပွဲနှင့် သင်တန်းဆင်း အောင်လက်မှတ်အပ်နှင်းခြင်း

 

၁။      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန (ရန်ကုန်တိုင်းဒေသကြီးရုံး) တွင် အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုအခြေခံသင်တန်း (စနေ၊တနင်္ဂနွေ) အမှတ်စဉ်(၆)သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက် နံနက် (၀၉:၀၀) နာရီအချိန်တွင် ပြုလုပ်ခဲ့ရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဦးညွန့်အောင် တက်‌ရောက်၍ အဖွင့် အမှာစကား ပြောကြားခဲ့ပါသည်။

၂။          သင်တန်းဆင်းပွဲ အခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီးနှင့်အတူ အမြဲတမ်းအတွင်းဝန် ဦးမင်းမင်း ၊ ကုန်သွယ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသိန်းထွန်းဦး အပါအဝင်  ဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိကြီးများ၊ မြန်မာနိုင်ငံကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) မှ ဒုတိယဥက္ကဌ ဒေါက်တာမျိုးသက် နှင့် အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုအခြေခံသင်တန်း အမှတ်စဉ် (၁) မှ (၁၂) ထိ သင်တန်း သားအဟောင်းများ၊ အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုအခြေခံသင်တန်း (စနေ၊ တနင်္ဂနွေ) အမှတ်စဉ် (၆) သင်တန်းနည်းပြများ နှင့် သင်တန်းသား (၅၇) ဦး တက်ရောက်ခဲ့ကြပါသည်။