မောင်တောကုန်သွယ်ရေးစခန်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ၊ (၁-၄-၂၀၂၂ မှ ၃၁-၁၂-၂၀၂၂ထိ) လယ်ယာထွက်ကုန်ပစ္စည်းများ တင်ပို့နိုင်ခဲ့မှုအခြေအနေ

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ၂၅ရက်နေ့

              မောင်တောကုန်သွယ်ရေးစခန်းမှ တစ်ဖက်ဘင်္ဂလားဒေ့ရှ့်နိုင်ငံသို့ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ကုန်ပစ္စည်းများနှင့်စက်မှုကုန်ချောပစ္စည်းများကို အဓိကတင်ပို့လျက်ရှိသည်။

            ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ် (၁-၄-၂၀၂၂ မှ ၃၁-၁၂-၂၀၂၂ ထိ) တင်ပို့နိုင်ခဲ့သည့် လယ်ယာထွက်ကုန်ပစ္စည်းများမှာ ကြက်သွန်နီ (၁၆) တန်၊ တန်ဖိုး (၀.၀၀၄) ဒေါ်လာသန်း၊ ကွမ်းသီး (၁၂၁၆) တန်၊ တန်ဖိုး (၁.၂၁၂) ဒေါ်လာသန်း၊ ချင်း(အစို) (၇၁၆) တန်၊ တန်ဖိုး (၀.၃၄၆) ဒေါ်လာသန်း၊ ဒညင်းသီး (၇၃၅.၃) တန်၊ တန်ဖိုး (၀.၂၂၁) ဒေါ်လာသန်း၊ ထန်းလျက် (၁၄၀) တန်၊ တန်ဖိုး (၀.၀၇၀) ဒေါ်လာသန်း၊ လဲမှို့ (၆) တန်၊ တန်ဖိုး (၀.၀၀၅) ဒေါ်လာသန်း၊ နနွင်းတက် (၃) တန်၊ တန်ဖိုး (၀.၀၀၄) ဒေါ်လာသန်း၊ အုန်းသီး (၃၃၃) တန်၊ တန်ဖိုး (၀.၁၃၃) ဒေါ်လာသန်း၊ ကုလားပဲ (၈) တန်၊ တန်ဖိုး (၀.၀၀၆) ဒေါ်လာသန်း၊ မန်ကျည်းဖတ် (၄) တန်၊ တန်ဖိုး (၀.၀၀၈) ဒေါ်လာသန်း၊ မြေပဲစေ့(အခွံပါ) (၅) တန်၊ တန်ဖိုး (၀.၀၀၄) ဒေါ်လာသန်း၊ မတ်ပဲ (၂၀) တန်၊ တန်ဖိုး (၀.၀၁၇) ဒေါ်လာသန်း၊ ဆီးသီးခြောက် (၁၀၆၃.၃) တန်၊ တန်ဖိုး (၀.၁၈၁) ဒေါ်လာသန်းနှင့် ခရမ်းချဉ်သီး (၂၇) တန်၊ တန်ဖိုး (၀.၀၁၃) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့သဖြင့် စုစုပေါင်း လယ်ယာထွက်ကုန် ပစ္စည်း (၄၂၉၂.၆) တန်၊ တန်ဖိုး (၂.၂၂၄) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။ မောင်တောကုန်သွယ်ရေးစခန်းအနေဖြင့် ကုန်သွယ်မှုပိုမိုတိုးတက်ရေးအတွက် OSS ဌာနများ၊မိတ်ဖက်ဌာနအဖွဲ့အစည်းများနှင့် ကုမ္ပဏီကုန်သည်လုပ်ငန်းရှင်များအား ဖိတ်ခေါ်၍ တစ်လတစ်ကြိမ်ကုန်သွယ်မှုမြှင့်တင်ရေးအစည်းအဝေးပြုလုပ်ပြီး ကုန်သွယ်မှုလုပ်ငန်းကိစ္စရပ်များအား ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။