မောတောင်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ပထမအပတ်အတွင်း ကုန်သွယ်မှုအခြေအနေ

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်

မောတောင်ကုန်သွယ်ရေးစခန်းသည် ထိုင်းနိုင်ငံဘက်နှင့် ကုန်သွယ်မှုဆောင်ရွက်ရာတွင် ကုန်သွယ် မှုအသာစီးရရှိသည့် ကုန်သွယ်ရေးစခန်းတစ်ခုဖြစ်သည်။

မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ပထမအပတ်အတွင်း ပို့ကုန် တန်ဖိုး အမေရိကန်ဒေါ်လာ(၀.၆၄၆) ဒေါ်လာသန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ(၀.၀၀၅)ဒေါ်လာ သန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ(၀.၆၅၁)ဒေါ်လာသန်း ကုန်သွယ်မှုဆောင်ရွက်နိုင် ခဲ့ပါသည်။

မောတောင်ကုန်သွယ်ရေးစခန်းမှ အဓိကတင်ပို့နေသောကုန်ပစ္စည်းများမှာ ငါးမျိုးစုံ၊ ပုစွန်၊ ကဏန်း၊ ငှက်ပျောသီး၊ ငရုတ်သီး၊ ကွမ်းရွက်နှင့် တံမြက်စည်းတို့ဖြစ်ပြီး အဓိက တင်သွင်းနေသောကုန်ပစ္စည်းများမှာ ပန်းသီး၊ လိမ္မော်သီးနှင့် ရေငန်းသီးတို့ဖြစ်ပါသည်။