စားအုန်းဆီဈေးကွက် အခြေအနေ

ပြည်ဈေးကွက်အတွင်း စားအုန်းဆီဈေးများမှာ ၂၀၂၁ ခုနှစ် စက်တင်ဘာလဆန်းပိုင်းတွင် တစ်ပိဿာလျှင် ကျပ် ၄၃၀ဝ၊ ၄၄၀ဝ ဈေးရှိခဲ့ရာမှ စားအုန်းဆီဈေးမြင့်တက်ချိန် ကိုဗစ်(၁၉) ကာလအတွင်းမှစပြီး ယခု နဝမအကြိမ်အထိ စားအုန်းဆီများအား ဆီကုန်သည်အသင်းမှ သက်သာသောဈေးဖြင့်ရောင်းချရာ  ရောင်းဈေးမှာ ၃၈၅၀ ကျပ်ဖြင့် အဋ္ဌမ အကြိမ်အထိ ပိဿာချိန် ၁၅၁၂၅၀ ရောင်းချပေးခဲ့ပြီး ယခုနဝမအကြိမ်တွင် တစ်ပိဿာလျှင် ကျပ် ၄၃၈၀ ဖြင့် ပိဿာချိန် ၁၆၅၀ဝ ရောင်း ချပြီးဖြစ်သည်။ စားအုန်းဆီဈေးမှာ ယခုရက်ပိုင်းအတွင်း တစ်ပိဿာလျှင် ကျပ် ၄၉၀ဝ မှ ကျပ် ၅၁၀ဝ ဈေးအထိ ဈေးမြင့် နေခဲ့သည်။                                                                                                     

လွင်လွင်ဆန်း (ပြည်)