လေးလအတွင်း စားအုန်းဆီ တစ်ပိသာ ကျပ် ၁၀၀၀ခန့်  ဈေးနှုန်းမြင့်တက်လာ

ဗဟိုစာရင်းအင်းအဖွဲ့၏  စာရင်းများအရ  ပြည်တွင်းစားအုန်းဆီဈေးနှုန်းမှာ   ယခု ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်ကာ တစ် ပိဿာလျှင် ကျပ် ၁၀ဝ၀ ခန့် မြင့်တက်လာကြောင်း သိရသည်။ပြီးခဲ့သည့် ဖေဖော်ဝါရီ ၄ ရက် စာရင်းများ အရ    စားအုန်းဆီ တစ်ပိဿာမှာ ကျပ် ၂၆၀ဝ ဝန်းကျင် ရှိခဲ့သော်လည်း   လေးလကျော်အကြာ ယခုဇွန် ၁၆ ရက်တွင် တစ်ပိဿာလျှင် ကျပ် ၃၅၀ဝ ဝန်းကျင်သို့ ရောက်ရှိနေကြောင်း သိရသည်။အဆိုပါ လေးလအတွင်း အခြားစားဖိုဆောင် သီးနှံများဖြစ်ကြသည့် ကြက်သွန်နှင့် အာလူးတို့မှာ ဈေးအကျဘက်သို့ရောက်ရှိခဲ့သော်လည်းစားအုန်း ဆီမှာ ဈေးမြင့်တက်နေခြင်းဖြစ်သည်။ထို့ပြင် ယခု ၂၀၂၁ ခုနှစ်  မတ်လအတွင်း လောင်စာဆီအပါ အဝင် သယ်ယူပို့ဆောင်ရေးအုပ်စု၏ ဈေးနှုန်းများ မှာ ယမန်နှစ်ကာလတူထက်  ၁၀ ရာခိုင်နှုန်းနီးပါး မြင့်တက်လာခဲ့ပြီး အထွေထွေကုန်ပစ္စည်းအုပ်စုဝင် များမှာတော့ ၆ ရာခိုင်နှုန်းကျော် မြင့်တက်လာခဲ့ ကြောင်းဗဟိုစာရင်းအင်းအဖွဲ့မှသိရသည်။

ပန်းဆု