ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေနှင့်အညီ မှတ်ပုံတင်လျှောက်ထားရန်အမိန့်

ဦးစွာအသုံးပြုသူကိုအခွင့်အရေးပေးသောစနစ် (First to Use System) မှ ဦးစွာလျှောက်ထားသူကို အခွင့်အရေးပေးသောစနစ် (First to File System) သို့ ကူးပြောင်းရာတွင် အဆင်ပြေ ချောမွေ့စေရန်အလို့ငှာ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့် ဥပဒေ ပုဒ်မ ၉၃၊ ပုဒ်မခွဲ (က) ပါအမှတ်တံဆိပ်ပိုင်ရှင်များအတွက် ဤအမိန့်ကို ထုတ်ပြန်လိုက်သည်။