ညောင်တုန်းမြို့နယ်ထွက်ငရုတ်သီးနှံ ဈေးနှုန်းဈေးကွက်

   ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ရန်ကောင်းမွန်သော နယ်မြေဒေသဖြစ်ရာ စပါး၊ ပဲ၊ ပြောင်း၊ နေကြာနှင့် အခြားသီးနှံမျိုးစုံ အပြင် ငရုတ်သီးနှံများကိုလည်း စိုက်ပျိုးလျက်ရှိကြောင်း၊ ညောင်တုန်းမြို့နယ်တွင် အများဆုံး စိုက်ပျိုးသော ငရုတ်သီးနှံ အမျိုးအစားများမှာ မိုးထောင်ငရုတ်မျိုး၊ အောက်ဆွဲငရုတ်မျိုး များဖြစ်ပြီး မိုးထောင်ငရုတ်မျိုးမှာ အစပ်ပြင်း၍ အောက်ဆွဲငရုတ်မျိုးမှာ အစပ်ပေါ့ကြောင်း သိရသည်။
 

   တောင်သူများ ငရုတ်စိုက်ပျိုးထွက်ရှိမှု အနေဖြင့် မိုးထောင် (အမှည့်/အစို) တစ်ဧက ပျမ်းမျှ ၄၀၀၀ ပိဿာခန့်၊ အောက်ဆွဲ(အမှည့်/အစို) တစ်ဧကပျမ်းမျှ ၅၀၀၀ ပိဿာခန့်ထွက်ရှိပြီး အောက်တို ဘာလတွင် စတင်စိုက်ပျိုး၍ ဒီဇင်ဘာလ၌ စတင်ခူးဆွတ်ရကြောင်း၊ ဈေးနှုန်းအနေဖြင့်  ငရုတ်သီးနှံ စတင်ထွက်ပေါ်ချိန်၌ မိုးထောင်ငရုတ်(အမှည့်၊အစို) တစ်ပိဿာလျှင် လက်ကားဈေး ၁,၀၀၀ ကျပ် ဖြင့်လည်းကောင်း၊ အောက်ဆွဲငရုတ် (အမှည့်၊အစို) တစ်ပိဿာလျှင် ၃,၀၀၀ ကျပ်ဖြင့်လည်းကောင်း ရောင်းချရပြီး အောက်ဆွဲငရုတ်(အမှည့်၊အစို)များမှာ ဇန်နဝါရီလနှင့်ဖေဖော်ဝါရီလများတွင် လက်ကား ဈေး တစ်ပိဿာလျှင် ၂,၅၀၀-၂,၇၀၀ ကျပ်ဖြင့်လည်းကောင်း အရောင်းအဝယ်ဖြစ်ခဲ့ပြီး လက်ရှိအချိန် တွင် ကုန်လက်ကျန် မရှိတော့ဘဲ မိုးထောင်ငရုတ် (အမှည့်၊အစို)များသာ လက်ကားဈေး တစ်ပိဿာ လျှင် ၉၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်း၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဈေးကွက် အနေဖြင့် ညောင်တုန်းမြို့နယ်မှထွက်ရှိသော ငရုတ်သီးနှံများကို မြို့နယ်တွင်းရှိ ငရုတ်အဝယ်ဒိုင်များ သို့လည်းကောင်း၊ ရန်ကုန်မြို့ (သီရိမင်္ဂလာဈေးနှင့် တညင်းကုန်းဈေး)သို့ တင်ပို့ရောင်းချကြကြောင်း ငရုတ်စိုက်တောင်သူတစ်ဦးထံမှ သိရှိရသည်။
 

DOCA (ဧရာဝတီ)