Slogan here ... As you work in your image, you specify colors using one of the color models.

www.tradetraininginstitute.com

Trip (Yangon Stock Exchange)
Thursday, June 1, 2023

၁။      ကုန်သွယ်မှုသင်တန်းကျောင်း(ရန်ကုန်)တွင်ဖွင့်လှစ်သင်ကြားလျက်ရှိသော အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုအခြေခံသင်တန်း (စနေ၊ တနင်္ဂနွေ) အမှတ်စဉ်-၇ မှ သင်တန်းသား/သူ (၅၃)ဦး၊ ကုန်သွယ် မှုသင်တန်းကျောင်းမှ အုပ်ချုပ်သူ(၂)ဦး၊ စုစုပေါင်း (၅၅)ဦးတို့သည် ၂၀၂၃ ခုနှစ်၊ မေလ ၃၁ ရက် (ဗုဒ္ဓဟူးနေ့) တွင် ရန်ကုန် စတော့အိတ်ချိန်း (Yangon Stock Exchange – YSX) သို့ လေ့လာရေးခရီး သွားရောက်ခဲ့ကြပါသည်။

၂။        Yangon Stock Exchange (YSX) သို့ နံနက် (၀၉:၃၀) နာရီအချိန်တွင် စတင်ရောက်ရှိခဲ့ရာ YSX ရှင်းလင်းဆောင်၌ အကြီးတန်း အမှုဆောင် မန်နေဂျာ ဦးသက်ထွန်းဦးက ယခုလို လာရောက်သည့် အတွက် သင်တန်းကျောင်းမှ တာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူများအား ကြိုဆိုကြောင်း၊ စီစဉ်သူများအား ကျေးဇူးတင်ကြောင်း၊ International Trade သင်တန်းသည် နိုင်ငံ၏ စီးပွားရေးနှင့် ကုန်သွယ်ရေးအတွက် မရှိမဖြစ် သင်တန်းတစ်ခုဖြစ်ကြောင်း၊ သင်တန်းကျောင်းသည် သင်တန်း အပတ်စဉ်တိုင်း လေ့လာရေး လာရောက်လေ့ရှိသောကြောင့် YSX ၏ Partner ဖြစ်ကြောင်း မိတ်ဆက်ပြောကြားပြီး YSX ၏ လုပ်ငန်းများအား ရှင်းလင်းပြောကြားပါသည်။

၃။      ထို့နောက် သင်တန်းသား၊ သင်တန်းသူများ သိရှိလိုသည့် မေးခွန်းများကို Yangon Stock Exchange မှ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးပြီး Yangon Stock Exchange အတွင်း လှည့်လည်ကြည့်ရှုလေ့လာကြပြီး နေ့လည် (၁၂:၀၀)အချိန်တွင် ရုံးချုပ်သို့ပြန်လည်ရောက်ရှိခဲ့ပါသည်။

English