Slogan here ... As you work in your image, you specify colors using one of the color models.

www.tradetraininginstitute.com

အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုအခြေခံသင်တန်း (စနေ၊ တနင်္ဂနွေ) အမှတ်စဉ် (၇)သင်တန်းဖွင့်ပွဲကျင်းပခြင်း
Friday, April 7, 2023

၁။           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ကုန်သွယ်မှုသင်တန်းကျောင်း (ရန်ကုန်) တွင် ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့ မှစတင်၍ (၄)လကြာဖွင့်လှစ်မည့် အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုအခြေခံသင်တန်း (စနေ၊တနင်္ဂနွေ) အမှတ်စဉ်-၇ သင်တန်းဖွင့်ပွဲ အခမ်းအနား ကို ရန်ကုန်တိုင်းဒေသကြီး၊ ပဉ္စမထပ်ညီလာခံ ခန်းမ တွင် ၁-၄-၂၀၂၃ (စနေနေ့) ၊ နံနက် (၉:၀၀) နာရီအချိန်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

၂။       အဆိုပါ သင်တန်းဖွင့်ပွဲတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူရ တက်ရောက်၍ အဖွင့်အမှာ စကားပြောကြားခဲ့ပြီး  ဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာနများမှ အဆင့်မြင့်အရာရှိကြီးများ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) မှ ဒုတိယဥက္ကဌ ဒေါက်တာမျိုးသက်နှင့် အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြဆရာများ၊ အပြည်ပြည် ဆိုင်ရာ ကုန်သွယ်မှုအခြေခံသင်တန်းအမှတ်စဉ် (၁) မှ (၁၂) ထိ သင်တန်းသား အဟောင်း များ၊ အပြည်ပြည် ဆိုင်ရာကုန်သွယ်မှုအခြေခံသင်တန်း (စနေ၊ တနင်္ဂနွေ) အမှတ်စဉ် (၇) သင်တန်းနည်းပြ များနှင့် သင်တန်းသား ကျား (၃၉)ဦး၊မ (၅၁)ဦး၊ ပေါင်း (၉၀) ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ(၄)လခန့်ကြာမြင့်မည် ဖြစ်ပါသည်။

English