ပြန်လှည့်မောင်းနှင်ထွက်ပြေးယာဉ်ပေါ်မှ ကျောက်စိမ်းဟုယုူဆရသောကျောက်တုံးအရွယ်စုံ ၁၀ဝ၂ ကီလိုဂရမ်ကျော် သိမ်းဆည်းရမိ

 

မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေး ဇုန်စခန်းထုတ်နုတ် Mobile Team အဖွဲ့ဟာ မန္တလေး-မူဆယ် ပြည် ထောင်စု လမ်းမကြီးပေါ်မှာ မော်တော်ယာဉ်များကို စစ်ဆေးမှုလုပ်ငန်းများ ဆောင်ရွက်နေစဉ် ဇန်နဝါရီလ ၄ ရက် ၁၆းဝ၀ ချိန်မှာ လားရှိုးဘက် မှ မောင်းနှင်လာတဲ့ Toyota Ipsum ယာဉ်အမှတ်1G/xxxxဟာပို့ကုန် Mobile Team အဖွဲ့စစ်ဆေးမှုပြုလုပ်တဲ့ နေရာမရောက်မီမှာ ပြန်လှည့်မောင်းနှင် ထွက်ပြေးမှု ပြုခဲ့ပါတယ်။ ထိုယာဉ် နောက်သို့ ယာဉ်များဖြင့် လိုက်လံပိတ် ဆို့တား ဆီးမှုပြုခဲ့ရာ ယာဉ်ပေါ်မှ ကျောက်စိမ်းလို့ ယူဆရတဲ့ ကျောက်တုံး အရွယ်စုံ ၁၈ တုံး၊ အလေးချိန်အားဖြင့် ၁၀ဝ၂ ဒသမ ၇၈ ကီလိုဂရမ်၊ ခန့်မှန်းတန်ဖိုးအားဖြင့် ကျပ်သိန်း ၁၀ဝ၀ ခန့်အား စစ်ဆေးတွေ့ရှိခဲ့တယ်လို့ သိရပါ တယ်။ဒါ့အပြင် ကျောက်စိမ်းလို့ ယူဆရတဲ့ ကျောက်များကို တရားမဝင် သယ်ဆောင်လာ တဲ့ယာဉ်ဟာလည်း တရားမဝင်သယ်ဆောင်လာကြောင်း စိစစ်တွေ့ရှိရတဲ့အတွက် လုပ်ထုံးလုပ်နည်းနဲ့ အညီ ဆက်လက်အရေးယူ ဆောင်ရွက်သွားမယ်လို့ သတင်းရရှိပါတယ် ။              

                                                                                               

DCCA  DCCA