တစ်ဖက်နိုင်ငံ Retail Market များမှ ဝယ်ယူသောစားသောက်ကုန်များအား FDA ရုံးချုပ်သို့ နမူနာ ပို့စစ်ဆေးခံ၍တင်သွင်းလို

 

တစ်ဖက်နိုင်ငံမှ ထုတ်လုပ်တဲ့ စားသောက်ကုန် များဖြစ်တဲ့ ပါပလာ၊ အချိုရည်၊ ဘီစကစ်မျိုးစုံနဲ့ စွန်ပလွန်ယို တွေကို မြန်မာ-အိန္ဒိယ နယ်စပ်ဒေသအတွင်း သုံးစွဲလျက်ရှိကြပါတယ်။ အဆိုပါစား သောက်ကုန်များကို မိုရေးနဲ့ အင်ဖာမြို့များရှိ Retail Market အတွင်းမှ မှာယူနေကြသဖြင့် တစ်ဖက် နိုင်ငံ FDA ထောက်ခံချက်ရရှိရန် ခက်ခဲပါကြောင်း၊ တစ်ဖက်နိုင်ငံလုပ် စားသောက်ကုန်များနဲ့ ပတ် သက်ပြီး အစားအသောက်နမူနာများအား မြန်မာနိုင်ငံ FDA သို့ နမူနာပေးပို့ အစစ်ဆေးခံပြီး စားသုံးရန် သင့်တော်ပါက (Fit For human consumphion) FDA ထောက်ခံချက် ထုတ်ပေးနိုင်ရေး နေပြည်တော် အစည်းအဝေးတစ်ခုမှာ အစားအသောက်နဲ့ ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နဲ့ တွေ့ဆုံစဉ် တင်ပြဆွေးနွေး ခဲ့ပါကြောင်း၊ သို့ပါ၍ FDAရုံးချုပ်သို့ အစားအသောက် နမူနာပေးပို့ အစစ ဆေးခံပြီး စားသုံးရန် သင့်တော်ပါက FDA ထောက်ခံချက် ထုတ်ပေးနိုင်ရေး တင်ပြပေးရန် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့က တမူးနယ်စပ် ကုန်သွယ်ရေး အစည်း အဝေး ခန်းမမှာ ကျင်းပပြုလုပ်တဲ့ ကုန်သွယ်မှု မြှင့်တင်ရေး အစည်းအဝေးမှာ ကလေး-တမူး-ကလေးဝ နယ်စပ်ကုန်သွယ်ရေး ကုန်သည်များ ဥက္ကဋ္ဌ ဦးလှမောင်က ဆွေးနွေးတင်ပြခဲ့တာဖြစ်ပါတယ်။ တမူးနယ်စပ် ကုန်သွယ်ရေး စခန်းတာဝန် ခံက သက်ဆိုင်ရာ FDA ဌာနနဲ့ပေါင်းစပ်ညှိနှိုင်း တင်ပြဆောင်ရွက်ပေးသွား မယ်လို့ ဖြေကြားခဲ့ကြောင့်း သတင်းရရှိပါတယ်။

                                                                                     

MIRT (DCCA)