Mobile Team မှသိမ်းဆည်းရမိအေးခဲပင်လယ်စာများအားမြေမြှုပ်ဖျက်ဆီးပြီးဖြစ်

 

မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ထုတ်နုတ်အင်အား Mobile Team အဖွဲ့မှ ဒီဇင်ဘာလ ၂၅ ရက်နေ့က ရှောင်ကွင်းလမ်းမှာ စုပုံထားသော စားသုံးရန် မသင့်တဲ့ အေးခဲပင်လယ်စာများအား သိမ်းဆည်းရ မိခဲ့ပြီး လုပ်ထုံးလုပ်နည်းနဲ့အညီ မူ ဆယ်မြို့နယ် အကောက်ခွန် ဦးစီးဌာနသို့ အပ်နှံထားခဲ့ပါတယ်။ အဆိုပါ အေးခဲ ပင်လယ်စာများမှာ အလေးချိန်အားဖြင့် ၂၄၂၇ ကီလိုဂရမ် ခန့်မှန်းတန်ဖိုးအားဖြင့် ကျပ် ၁၂ ဒသမ ၁၃၅ သန်း ရှိတယ်လို့ သိရပါတယ်။ သိမ်းဆည်းရမိတဲ့နေ့ ညနေ ၁၅းဝ၀ ချိန်မှာ မူဆယ်မြို့ နယ်အကောက်ခွန်မှူး ဦးစီးတဲ့ ဌာနဆိုင်ရာ ကိုယ်စားလှယ်များ ပါဝင်တဲ့ အဖွဲ့စုံနဲ့ မူဆယ်မြို့နယ်အ ကောက်ခွန်ရုံးဝင်း အတွင်းမှာ မြေမြုပ်ဖျက်ဆီး ခဲ့တယ်လို့ သတင်းရရှိ ပါတယ်။

Mobile Team အဖွဲ့များဟာ တရားမဝင် ကုန်သွယ်မှု တားဆီးရေးလုပ်ငန်း များအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ တရားမဝင် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးသာမက ကုန်သွယ်မှု မြှင့်တင်ရေး နဲ့စားသုံးသူ အကာအကွယ်ပေးရေး တာဝန်များကိုပါ အထောက် အကူပြုဆောင်ရွက်နေ တယ်လို့သ တင်းရရှိပါတယ်။  

                                                                                            

    DCCA  DCCA