လူစီးရထားနဲ့တင်ဆောင်လာသောတရားမဝင်ကန့်သတ်ကုန်ပစ္စည်းများရဲ့ခန့်မှန်းတန်ဖိုးမှာ ကျပ် ၁၄၅ သန်းကျော်ဖိုးဖြစ်

 

ဒီဇင်ဘာလ၂၁ ရက်နေ့ ၁၈း၂၀ ချိန်တွင် မော်လမြိုင်-ရန်ကုန် အမှတ်(၉၀)အစုန် အမြန် ရထားပေါ်မှာ ကန့်သတ်ကုန် ဘီယာ၊ ကွမ်းစားဆေးနဲ့ အကောက်ခွန်မဲ့လုပ်ငန်းသုံးနဲ့ အိမ်သုံးပစ္စည်း များတင်ဆောင်လာကြောင်း သတင်းရရှိသဖြင့် ရန်ကုန် ဘူတာကြီးသို့ ရထားဆိုက်ရောက်စဉ် Mobile Team အဖွဲ့မှ ရှာဖွေရာ တရားမဝင်ကန့်သတ်ကုန်များကို တွေ့ရှိခဲ့ကြောင်း ဒီဇင်ဘာလ ၂၉ ရက်နေ့ ထုတ် Commerce Journal အတွဲ ၁၄၊ အမှတ် ၅၀ တွင်ဖော်ပြထားခဲ့ပြီး ဖြစ်ပါတယ်။

ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ ရန်ကုန်ဘူတာကြီးကုန်သိုလှောင်ရုံမှ ဆူးလေဆိပ်ကမ်းအတွင်းရှိ မြေပြင် ချစစ် သိုလှောင်ရုံသို့ ပို့ဆောင်ပြီး အသေးစိတ်စစ်ဆေးရာ ထိုင်းနိုင်ငံထုတ် Chang Beer ဘူးကြီး (၁ x၂၄ ဘူး) ပါကင်အကောင်း ၁၁၈ ဖာ၊ ထိုင်းနိုင်ငံထုတ် Leo Beer (၁ x၂၄ ဘူး)ပါ ပါကင်အကောင်း ၆၀၄ ဖာ၊ အိန္ဒိယနိုင်ငံထုတ် Saga Sakdi Tobacco  ဆေးရွက်ကြီးပေါင်း ကွမ်းစားဆေး (၁ x ၁၀ x၄၀ ဘူး) ၁၈၆ ပါကင် (၇၄၄၀၀ ဘူး)၊ အိန္ဒိယနိုင်ငံထုတ် ဆေးရွက်ကြီးပေါင်း ကွမ်းစားဆေး (၁ x ၁၀ x  ၃၀ ဘူး) ၃၉ပါကင် (၁၁၇၀၀ ဘူး) နဲ့ ပါကင်အပျက်များမှ Leo Beer (330 ml)(၃၃ဘူးူ)  ၄၄၈ဘူး စုစု ပေါင်းခန့်မှန်းတန်ဖိုး ၁၄၅၅၂၈၀၀၀ ကျပ်အား သိမ်းဆည်းရမိခဲ့သဖြင့် အကောက်ခွန်အမှုတွဲ ဖွင့် လှစ်ပြီးကြောင်းနဲ့ လိုင်စင် ID နှင့် တိုက်ဆိုင်စိစစ်ချက်အရ မှန်ကန်မှုရှိသော ပစ္စည်းများအား ပြန်လည် ထုတ်ပေးမည်ဖြစ်ကြောင်း နောက်ဆက်တွဲသတင်းအရ သိရှိရပါတယ်။

                                                                                                                                                                           

DCCA  DCCA