ပို့ကုန်အပေါ် Bank Certificate ဖြေလျော့ပေးရေးအမြန်ဆုံး အကောင်အထည်ဖော်စေလိုတဲ့ ကွမ်းလုံ- ဟိုပန်- ချင်းရွှေဟော်- လောက်ကိုင် နယ်စပ်ကုန်သည်များ

 

    ဒီဇင်ဘာလ ၂၄ ရက်နေ့က ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေး စခန်းမှာ ပြုလုပ်တဲ့ ကုန်သွယ် မှုမြှင့်တင်ရေး  အစည်းအဝေးမှာ ကွမ်းလုံ- ဟိုပန်-ချင်းရွှေဟော်-လောက်ကိုင် နယ်စပ်ကုန် သည်ကြီးများ အသင်းမှ ကုန်သည်များ ကိုယ်စားပို့ကုန် ပစ္စည်းများ အပေါ် Credit ပြရန် မလိုဘဲ တင်ပို့နိုင်လျှင် ကုန်သည်များ အနေနဲ့ Turmover မြန်မြန်ဆန်ဆန်နဲ့ ပိုမိုတင်ပို့/ တင်သွင်းနိုင် မည်ဖြစ်ကြောင်း၊ ကုန်သည် များအနေနဲ့ Credit အတွက် ရင်းနှီးမှုများ ပြုလုပ်နေရသေး ၍ပို့ကုန်တင်ပို့ခြင်း အေ ပါ်Bank Certificate ဖြေလျော့ပေးရေး ကိစ္စအမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် တင်ပြဆွေး နွေးခဲ့ပါတယ်။

  တင်ပြဆွေးနွေးချက် အပေါ် ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေး စခန်း OSS အကောက်ခွန် ဦးစီးဌာန တာဝန်ခံက Bank Certificate ဖြေလျော့ပေးရေးနဲ့ စပ်လျဉ်းပြီး အကောက်ခွန် ဦးစီးဌာန၌ ကုန်ပစ္စည်းတင်ပို့ရန် Export Declaration  ED ဖွင့်လှစ်ခွင့် လျှောက်ထား ရာတွင် ပို့ကုန် လိုင်စင်၊ ပါမစ် Invoice Parking List ၊Shipping Instruction ၊Booking Note တို့နဲ့ ငွေရပြီးကြောင်း အထောက် အထားအပြင် Letter Of Credit L/C (သို့မဟုတ်) Telegraphic Transfer TT တို့ကိုပူး တွဲပြစေပြီး ပြည့်စုံမှန်ကန် မှုရှိပါက ပစ္စည်း တင်ပို့ခွင့်ပြု လျက်ရှိကြောင်း၊ ငွေရပြီးကြောင်း အထောက်အထားစာ ရွက်ကို ဦးစွာတင်ပြစေခြင်းမှာ ပြည်ပသို့ တင်ပို့သော ပစ္စည်းများအတွက် ပစ္စည်း တန်ဖိုးရရှိပြီးမှ တင်ပို့ခြင်းအားဖြင့် ကုန်ပို့သူအ တွက် ကုန်ရောင်းငွေ အပြည့်အဝ ရရှိမည်ဖြစ်သည့် အပြင် နိုင်ငံတော် အတွက် ရသင့်သည့် နိုင်ငံခြားငွေများ ဆုံးရှုံးမှုမရှိစေရန် ကြီးကြပ် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊  ကုန်သည်များမှ ကုန်ပစ္စည်းများ မတင်ပို့မီ ငွေရပြီးကြောင်း အထောက်အ ထား Bank Certificate အားဖြေလျော့ ပေးရန် တင်ပြမှုအပေါ် ကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆပ်ကော်မတီရဲ့ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင် အကြိမ်ကြိမ်ဆွေးနွေးခဲ့ကြသော်လည်း သဘောတူညီမှုမရရှိသေးပါ ကြောင်း ၊ သို့သော် လည်း ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့တဲ့ ပို့ကုန်ကဏ္ဍတွင် Bank Certificate ဖြေလျော့ရေးနဲ့ ပတ်သက်တဲ့ ညှိနှိုင်းအစည်း အဝေးဆုံးဖြတ်ချက်အရ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထုတ်ပြန်မည့် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲ မှု စည်းမျဉ်းတွင် နိုင်ငံခြားငွေ ဝင်ရောက်မှုရှိ/မရှိ စိစစ်ပြီး (၆)လအတွင်း ငွေဝင်ရောက်ခြင်းမရှိပါကမြန်မာနိုင်ငံတော် ဗဟိုဘဏ်သို့ သတင်းပို့ခြင်းကို ထည့်သွင်းထားပြီးဖြစ်၍ အဆိုပါစည်းမျဉ်းများ ထွက်ပေါ်လာပါက ဖြေလျော့ထားပြီးဖြစ် မည်ဖြစ်ကြောင်း၊ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု စည်းမျဉ်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အမိန့်ကြော်ငြာစာအမှတ် ၇/၂၀၁၄ ဖြင့်  ၃-၉-၂၀၁၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီးဖြစ် ပါကြောင်း၊ သို့ပါ၍ နိုင်ငံတော်အတွက် နိုင်ငံခြားငွေ ဝင်ရောက်မှုနှင့် Money Laundry ဆိုင်ရာ ကိစ္စများအပေါ် Control ပြုလုပ်နိုင်ရန် မြန်မာ နိုင်ငံတော် ဗဟိုဘဏ်နှင့် နိုင်ငံခြား သုံးငွေများ ရောင်းဝယ် ဖောက်ကားသည် လုပ်ငန်းလိုင်စင် ရရှိသူ တို့မှ ဆောင်ရွက်သွားနိုင်မည်ဖြစ်ပါသဖြင့် အကောက်ခွန်ဦးစီးဌာနမှ ဝိုင်းဝန်ကြီးကြပ်ရန်၊ မလိုအပ်ပါ ကငွေလွဲ အထောက် အထား တင်ပြရန် မလိုဘဲ ED ဖွင့်လှစ်၍ ဆောင်ရွက်ပေးနိုင် မည်ဖြစ်ပါကြောင်း၊ လောလောဆယ် အထက်ဌာနမှ ညွှန်ကြားချက် မရရှိသေး ပါကြောင်း၊ ရရှိပါက ထုတ်ပြန် ကြော်ငြာပေးသွား မည်ဖြစ်ပါ ကြောင်း ပြန်လည် ရှင်းပြဖြေကြား ခဲ့တယ်လို့ သတင်း ရရှိပါတယ်။

                                                    

                                                                                                                                 

     MIRT (DCCA)