တမူးနယ်စပ်ကုန်သွယ်ရေးစခန်းတွင် ကုန်သွယ်မှုမြှင့်တင်ရေးအစည်းအဝေးကျင်းပ

 

     တမူးနယ်စပ် ကုန်သွယ်ရေး စခန်းရဲ့ ဒီဇင်ဘာလအတွက် ကုန်သွယ်မှုမြှင့်တင်ရေး အစည်းအဝေးကို တမူးနယ်စပ် ကုန်သွယ်ရေးစခန်း အစည်းအဝေး ခန်းမတွင်  ဒီဇင်ဘာလ ၃၀ ရက် ၁၀ း ဝ၀ ချိန်မှာ ကျင်းပခဲ့ပါ တယ်။ အစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၊ OSSဌာန တာဝန်ခံများ၊FDA ရုံးခွဲ၊ အပင်နှင့် ပိုးမွှားကာကွယ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကလေး-တမူး-ကလေးဝနယ်စပ် ကုန်သွယ်ရေး ကုန်သည်အသင်းဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်များ၊ ကုမ္ပဏီ လုပ်ငန်းရှင်များ၊ ITC လုပ်ငန်းရှင်များ၊ သယ်ယူပို့ဆောင်ရေးမော်တော် ယာဉ်လိုင်း ဂိတ်တာဝန်ခံများ စုစုပေါင်း ၄၀ ဦး တက်ရောက် ခဲ့ကြောင်း သတင်းရရှိပါတယ်။

          အစည်းအဝေးတွင် အကောင်အထည်ဖော်ဆောင်ရွက် ရမဲ့အချက်များ အနေနဲ့ ယခုဘဏ္ဍာနှစ် ဒီဇင်ဘာလရဲ့ ကုန်သွယ်မှုလျာထားချက်မှာ  ၄ ဒသမ ၁၁၈ ဒေါ်လာသန်းဖြစ်ပြီး ဒီဇင်ဘာလ ၁ ရက် နေ့မှ  ၂၅ ရက်နေ့ထိ လုပ်ငန်းဆောင် ရွက်မှုမှာ  ၃ ဒသမ ၇၈၇  ဒေါ်လာသန်းဖြစ်၍ လျာ ထားချက်အ ပေါ်၉၁ ဒသမ ၉၆ ရာခိုင်နှုန်းသာ ဆောင်ရွက်နိုင်သေးတဲ့အတွက် လျာထားချက်ပြည့်မီအောင် ဆောင်ရွက်ကြိုး ပမ်းကြရန်၊ တိရစ္ဆာန်နှင့် တိရစ္ဆာ ထွက်ပစ္စည်း များတင်သွင်းရာ တွင် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနတွင် ထောက်ခံချက် လက်မှတ်လျှောက် ထားရယူ စစ်ဆေးမှုခံယူပြီးမှ တင်သွင်း နိုင်ရေး ဆက်လက်ဆောင်ရွက်ရန်၊ တစ်ဖက်နိုင်ငံ မဏိပူရပြည်နယ် အတွင်း၌ ကြက်ငှက် တုတ်ေ ကွးရောဂါဖြစ်ပေါ်ေ နကြောင်း၊ တမူးမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သတင်းရရှိထားသဖြင့် ကြက်ဥ၊ ကြက်သားပေါက်များအား တရားမဝင် တင်သွင်းခြင်းမပြုလုပ်ရန်၊ ပြည်ပမှ ကြက်ဥ၊ ကြက် သားများတင် သွင်းသူ သည်  မွေးမြူရေးနှင့် ကုသရေးဦးစီး ဌာန၌ စစ်ဆေးမှုခံယူရန် လျှောက်ထား ရ မည်ဖြစ်ပြီး ထောက်ခံချက်လက်မှတ်ရရှိပြီးမှာသာ တင်သွင်းနိုင်ရေး သက်ဆိုင်ရာဌာနများတွင် ဆက်လက်ဆောင်ရွက်ရန်၊ တစ်ဖက်အိန္ဒိယနိုင်ငံထွက် စားသောက် ကုန်များဖြစ်သော (ပါပလာ၊ ချိုချဉ်၊ ဘီစကစ်မျိုးစုံ) အစရှိသည်တို့သည် မိုရေးနှင့် အင်ဖာမြို့တို့၏ Retail Market အတွင်းမှ မှာယူနေကြရသဖြင့်  တစ်ဖက်နိုင်ငံ FDA ထောက်ခံချက်ရရှိရန် ခက်ခဲသောကြောင့်  FDAရုံးချုပ်သို့ အစား အသောက်န မူနာပေးပို့ အစစ်ဆေးခံပြီး စားသုံး ရန်သင့်တော်ပါက FDA ထောက်ခံချက်ထုတ်ပေးနိုင်ရေး တင်ပြဆောင်ရွက်သွားရန်၊ စိုက်ပျိုးရေးအပင်နှင့် အပင်ထွက်ပစ္စည်းများ တင်သွင်းရာတွင် စိုက်ပျိုးရေးဦးစီးဌာနမှ တရားဝင်ထုတ်ပြန်ထားသောလုပ်ထုံးလုပ်နည်းအတိုင်းတင် သွင်း ဆောင် ရွက်ရန်နှင့်ကုန်သည်လုပ်ငန်းရှင်များက တရားဝင်လမ်းကြောင်းမှသာ ကုန်သွယ်မှုဆောင်ရွက်ကြရန် ဆွေးနွေးဆုံးဖြတ်ခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။

                                                                                              

    MIRT (DCCA)