နယ်စပ်ကုန်သွယ်ရေး စခန်းများမှယခုသီတင်းပတ် အတွင်းဆန်တင်ပို့မှုလျော့နည်း သော်လည်း ဆန်ကွဲတင်ပို့မှုပိုမို

 

ဒီဇင်ဘာလ ၆ ရက်မှ  ၁၂ ရက်တာ ကာလအတွင်းမှာ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်၊ ချင်းရွှေဟော်နဲ့ လွယ်ဂျယ်စခန်းများမှ ဆန်တင်ပို့မှုမှာ ၃၁၇၀၉ တန်ကျော်ရှိပြီး တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁၁ ဒသမ  ၆၇၃ သန်းဖိုးရရှိပါတယ်။ စခန်းအလိုက် တင်ပို့မှုများမှာ မူဆယ် ၁၀၅ မိုင်မှ ငစိန်ဆန် ၁၆၅၂၉ တန်ကျော်နဲ့ ဧည့်မထဆန် ၉၁၉၁ တန်ကျော်၊ ချင်းရွှေဟော်စခန်းမှ ဧည့်မထဆန် တန်၁၀ဝ၀ နဲ့ လွယ်ဂျယ်စခန်းမှ ဧည့်မထဆန် ၄၉၈၉ တန်ဖြစ်ပါတယ်။ ယခင်သီတင်း ပတ်နဲ့ နှိုင်းယှဉ်ပါက ယခုသီတင်းပတ်မှာ ၅၄၉၇  တန်ခန့်လျော့နည်း တင်ပို့ခဲ့ပါ တယ်။ ဆန်တင် ပို့မှုလျော့ကျခဲ့သော်လည်း ဆန်ကွဲတင်ပို့မှုမှာ ယခုသီတင်းပတ်တွင် ၁၁၇၅တန် ပိုမိုတင်ပို့နိုင်ခဲ့ ကြောင်းသိရှိရပါတယ်။ မူဆယ်  ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ၅၄၈၅ တန်ကျော်နဲ့ ချင်းရွှေဟော်စ ခန်းမှ တန်၇၀ဝတင်ပို့ခဲ့တဲ့အတွက် တန်ချိန်စုစုပေါင်း ၆၁၈၅ တန်ကျော်တင်ပို့ခဲ့တာဖြစ်ပါတယ်။ တန်ဖိုးအားဖြင့်တော့  ကန်ဒေါ်လာ၂ ဒသမ ဝ၂ သန်းဖိုးဖြစ်ပါတယ်။

                                                                                                     

 

                                                                   ယဉ်ယဉ်အေး MIRT (DCCA)