စိုက်ပျိုးရေးဝန်ကြီးဌာနက စားသုံးဆီတင်သွင်းခွန်တိုးမြှင့်သတ်မှတ်ရန် အဆိုပြု

 

စိုက်ပျိုးရေးဝန်ကြီးဌာနသည် ပြည်တွင်းမှ တောင်သူများနဲ့ ထုတ်လုပ်သူများကို အကာအကွယ်ပေးနိုင် ရန်အတွက် ပြင်ပမှစားဆီ တင်သွင်းခြင်းအပေါ် သွင်းကုန်ခွန်တိုးမြှင့်ပေးရန် အစိုးရအဖွဲ့သို့ အဆိုပြု လွှာပေးပို့ခဲ့ကြောင်း စားနပ်ရိက္ခာဝန်ကြီး Ram Vilas Paswan က ပြောကြားခဲ့တယ်လို့ economictimes.com သတင်း တစ်ပုဒ်မှာ ဖော်ပြထားပါတယ်။ စိုက်ပျိုးရေးဝန်ကြီးဌာနက အဆိုပြု ထားတဲ့ တိုးမြှင့်သွင်းကုန်ခွန်တွေကတော့-

                                      လက်ရှိ                    အဆိုပြု  (ရာခိုင်နှုန်း)

          သန့်စင်ပြီးဆီ            ၁၀                         ၁၂.၅

          ဆီကြမ်း                   ၂.၅                        ၅

စားနပ်ရိက္ခာ ဝန်ကြီးဌာနကတော့ ဆီချောတင်သွင်းမှုအပေါ် သွင်းကုန်ခွန် ၁၅ ရာခိုင်နှုန်း တိုးမြှင့် သတ်မှတ်ပေးရန်နဲ့ ဆီကြမ်းတင်သွင်းမှုအပေါ် စည်းကြပ်မဲ့ သွင်းကုန်ခွန်ကိုတော့ စိုက်ပျိုးရေးဝန်ကြီး ဌာနနဲ့အတူ ၅ ရာခိုင်နှုန်းဘဲ စည်းကြပ် ရန်ထောက်ခံတင်ပြထားပါတယ်။ စားနပ်ရိက္ခာ ဝန်ကြီးဌာနကတော့ ဆီကြမ်းနဲ့ သန့်စင်ပြီး ဆီချောအပေါ် စည်းကြပ်မဲ့သွင်းကုန်ခွန်ကို ၁၀ ရာခိုင်နှုန်း ဟထားသော် လည်း စိုက်ပျိုးရေးဝန်ကြီးဌာန ကတော့ ၇ ဒသမ ၅ ရာခိုင်နှုန်း ဟထားတာဖြစ် ပါတယ်။

အောက်တိုဘာလ တုန်းက စားနပ်ရိက္ခာဝန်ကြီးဟာ ဈေးသက်သာတဲ့ပြင်ပမှ စားသုံးဆီတင်သွင်းမှုကို  ကန့်သတ်နိုင်ရန်အတွက် ဆီကြမ်းရောသန့်ပြီး ဆီတင်သွင်းမှုအပေါ် အခွန်တိုးမြှင့်ပေးရန်  စိုက်ပျိုးရေးဝန်ကြီး Arun Jaitley နဲ့ ဆွေးနွေး ခဲ့ပါတယ်။

အိန္ဒိယနိုင်ငံမှ အောက်တိုဘာလကုန်ထိ ဟင်းသီးဟင်းရွက်ဆီ တင်သွင်းမှုဟာ ယခင်နှစ်ကာလတူ ထက် ၁၂ ရာခိုင်နှုန်းပိုမိုခဲ့ပါတယ်။ ပြည်တွင်း စားသုံးမှုမြင့်တက်ပြီး ပြည်ပမှတင်သွင်းတဲ့စားဆီဈေးဟာ ပိုမိုသက်သာလျက်ရှိပါတယ်။

အိန္ဒိယနို င်ငံအနေနဲ့ ဟင်းသီး ဟင်းရွက်ဆီ ပြည်တွင်း စားသုံးမှုရဲ့၆၀ ရာခိုင်နှုန်း တန်ချိန် အားဖြင့် ၁၉ သန်းကို ပြည်ပမှ တင်သွင်းရလျက် ရှိပါတယ်။ပြည်တွင်း ဆီကြိတ်သူများ အသင်းကလည်း ပြည်တွင်း စားဆီထုတ်လုပ်သူများကို အကာ အကွယ်ပေးရန် အတွက် ပြည်ပမှ စားသုံးဆီ တင်သွင်းမှုအပေါ် သွင်းကုန်ခွန် တိုးမြှင့် သတ်မှတ်ပေးရန် တောင်းဆို ထားတယ်လို့ အွန်လိုင်း သတင်းအရ သိရပါတယ်။

                                                                                      CMK