ဖျာပုံခရိုင်အတွင်းရှိ မြို့နယ်များတွင် စားသုံးသူအကာအကွယ်ပေးရေးအကြောင်း သိကောင်းစရာအသိပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးစောမိုက်ကယ်၊ တိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန ဦးစီး အရာရှိ ဒေါက်တာမျိုးထွန်းကျော်၊ ဌာနမှ ဝန်ထမ်းများပူးပေါင်း၍ စားသုံးသူအကာအကွယ်ပေးရေး သိကောင်းစရာ ဟောပြောပွဲများကို  ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ  ၂၆ ရက်နေ့မှ  ၂၈ ရက်နေ့အထိ ဖျာပုံခရိုင်အတွင်း ဘိုကလေး၊ ကျိုက်လတ်၊ ဒေးဒရဲ၊ ဖျာပုံမြို့များတွင် ကျင်းပပြုလုပ် ခဲ့ပါသည်။ ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့ မွန်းလွဲ  ၁ း ဝ၀ နာရီမှ ညနေ ၄ း ဝ၀ နာရီအထိ ဘိုကလေးမြို့၊ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့ရာ ဘိုကလေးမြို့နယ်၊ ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင် တက်ရောက်အမှာစကားပြောကြားခဲ့ပြီး ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းမုန့်ဈေးတန်း ဈေးသည်များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ စုစုပေါင်း (၅၇၅) ဦး တက်ရောက်ခဲ့ပါသည်။

၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်နေ့ နံနက်  ၁၀ း ဝ၀ နာရီအချိန် ကျိုလတ်မြို့၊ အမှတ်(၁) အခြေခံ ပညာအထက်တန်းကျောင်းခန်းမတွင် စားသုံးသူ အကာအကွယ်ပေးရေး အကြောင်း သိကောင်းစရာ ဟောပြောပွဲ ပြုလုပ်ခဲ့ရာ ကျိုက်လတ်မြို့၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်နိုင် အဖွင့်အမှာ စကားပြောကြားခဲ့ပြီး၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ငါးရံ့ခြောက် လုပ်ငန်းရှင်များ၊ စားသောက်ဆိုင် ပိုင်ရှင်များ၊ ဆေးဆိုင်ပိုင်ရှင်များ၊ကျောင်းမုန့်ဈေးတန်းဈေးသည်များ၊ ဆရာ/ဆရာမများ ၊ ကျောင်းသား/သူများ စုစုပေါင်း (၃၆၅) ဦး တက်ရောက် ခဲ့ပါသည်

၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်နေ့ မွန်းလွဲ  ၁ း ဝ၀ နာရီအချိန် ဒေးဒရဲမြို့နယ်၊ အမှတ် (၁) အခြေခံ ပညာအထက်တန်းကျောင်းခန်းမတွင် စားသုံးသူ အကာအကွယ်ပေးရေး အကြောင်း သိကောင်းစရာ အသိပညာပေးဟာပြောပွဲ ကျင်း ပပြုလုပ်ခဲ့ရာ ဒေးဒရဲမြို့နယ်၊ ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းနှင့်  ဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ စုစုပေါင်း (၆၀၉) ဦး တက်ရောက်ခဲ့ပါသည်။

၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့ မွန်းလွဲ ၁ းဝ၀ နာရီအချိန်  ဖျာပုံခရိုင်၊ ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် စားသုံးသူ အကာအကွယ်ပေးရေး အကြောင်း သိကောင်းစရာ အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ဖျာပုံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊  ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ဌာနဆိုင်ရာအကြီးအကဲများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ကျောင်းမုန့်ဈေးတန်း ဈေးသည်များ၊ ဆရာ /ဆရာမများ၊ ကျောင်းသား/သူများ စုစုပေါင်း (၂၄၂) ဦး တက်ရောက်ခဲ့ကြပါသည်။

ဖျာပုံ ခရိုင်အတွင်း ကျင်းပပြုလုပ်သော စားသုံးသူအကာအကွယ်ပေးရေး အကြောင်း သိကောင်းစရာ အသိပေးပညာပေး ဟောပြောပွဲများတွင် စားသုံးသူအကာအကွယ်ပေးရေးနှင့် ပတ်သက်၍ သိကောင်းစရာများ၊ ဌာန၏ လက်ရှိဆောင် ရွက်နေသော လုပ်ငန်းစဉ်များနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ စားသုံးသူအကာအကွယ်ပေးရေး ဥပဒေနှင့်ပတ်သက်၍ သိကောင်းစရာများ၊ စားသုံးသူများ၏ အခွင့်အရေးနှင့် တာဝန်ဝတ္တရားများ၊ ကုန်ပစ္စည်း ထုတ်လုပ်တင် သွင်း ရောင်းချသူများ၏ အခွင့်အရေးနှင့် လိုက်နာရမည့် တာဝန်ဝတ္တရားများ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူများ၊ ဆောင်ရန်ရှောင်ရန် အချက်များနှင့် အရာရာကို သံသယစိတ်ဖြင့် လေ့လာသုံးသပ်ပြီး ချင့်ချိန်စားသောက်ရန် လိုအပ်ကြောင်း၊ စားသုံးသူ အကာအကွယ်ပေးရေး လုပ်ငန်းသည် ကြီးမားကျယ်ပြန့်သော လုပ်ငန်းစဉ်ဖြစ်၍ အနာဂါတ်မျိုးဆက်သစ်များ၊ ကျန်းမာပျှော်ရွှင်သော ဘဝကို ရရှိပိုင်ဆိုင်နိုင်ရေး ယနေ့မှစ၍ ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းပါ ဝင် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း ဟောပြောဆွေးနွေးခဲ့ပါသည်။  

                                                                                      ဧရာမြေ (ဧရာဝတီတိုင်း)