မြိတ်ကုန်သွယ်ရေးစခန်းမှပို့ကုန်သွင်းကုန် ကုန်သွယ်မှုအခြေအနေ

မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၄ ခုနှစ်၊ မတ်လ(၂၄)ရက်နေ့မှ (၂၅)ရက်နေ့အတွင်း  ငါးမှုန့် (၁) တန်လျှင် (၉၀၉) ဒေါ်လာနှုန်းဖြင့် (၉၀၀) တန် ၊ တန်ဖိုး (၀.၈၁၈) ဒေါ်လာသန်း၊ ငါးကြိတ်သား (၁) တန်လျှင် (၁၈၆၅) ဒေါ်လာနှုန်း ဖြင့် (၁၈) တန် ၊ တန်ဖိုး (၀.၀၃၄) ဒေါ်လာသန်း နှင့် မုတ်ခွံ (၁) တန်လျှင် (၁၇၁၆) ဒေါ်လာနှုန်းဖြင့် (၃၂) တန် ၊ တန်ဖိုး (၀.၀၅၅) ဒေါ်လာသန်း စုစုပေါင်းပို့ကုန်တန်ဖိုး (၀.၉၀၇) ဒေါ်လာသန်းတို့အား အကောက်ခွန်သက်သာခွင့်ဆိုင်ရာပင်ရင်းနိုင်ငံသက်သေခံလက်မှတ် FormD အကျိုးခံစားခွင့်လျှောက် ထားရယူ၍ မောတောင်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် ထိုင်းနိုင်ငံပရာကျွတ်ကရီခမ်ခရိုင်သို့ ကားလမ်းကြောင်း ဖြင့်တင်ပို့နိုင်ခဲ့ပြီး တင်ပို့ခဲ့ပါသည်။ မြိတ်ကုန်သွယ်ရေးစခန်းမှ မောတောင်ကုန်သွယ်ရေးစခန်းအထိကုန် (၁)တန် လျှင်ကားခ (ကုန်ကျစ်) ၁၀၀၀၀ဝိ/-(ကျပ်တစ်သိန်းခန့်) ရှိကြောင်းသိရှိရပြီး ကုန်သွယ်မှုလမ်းကြောင်း အနေဖြင့် မြိတ် - ထားဝယ် - ရန်ကုန် လမ်းကြောင်းကောင်းမွန်လျက်ရှိကြောင်း သိရှိရပါသည်။
 

          မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၄ ခုနှစ်၊ မတ်လ(၂၄)ရက်နေ့မှ (၂၅)ရက်နေ့တွင်း လုပ်ငန်းသုံး ပစ္စည်း (၁၂၉၅.၀၀၅)တန်၊ တန်ဖိုး (၀.၄၉၈) ဒေါ်လာသန်းအား တင်သွင်းနိုင်ခဲ့ပါသည်။ မြိတ်ဒေသတွင် ဓာတ်ဆီ(၁) လီတာ (၂၉၅၀) ကျပ်နှင့် ဒီဇယ်ဆီ (၁) လီတာ (၃၁၅၀) ကျပ်ဖြင့် ဖြန့်ဖြူးရောင်းချ လျက်ရှိကြောင်း၊  ကျပ်/ဘတ် ငွေလဲနှုန်းမှာ (၁) ဘတ်လျှင် (၁၀၂) ကျပ်ဖြင့်  အရောင်းအဝယ်ဖြစ်နေ ကြောင်း သိရှိရပါသည်။