လုပ်ငန်းများ ပေါင်းစည်းခြင်းနှင့် စျေးကွက်လွှမ်းမိုးမှုကို အလွဲသုံးစားပြုလုပ်ခြင်းမှ ကာကွယ်ရန်အတွက် အသိပညာပေးသင်တန်း

လုပ်ငန်းများ ပေါင်းစည်းခြင်းနှင့် စျေးကွက်လွှမ်းမိုးမှုကို အလွဲသုံးစားပြုလုပ်ခြင်းမှ ကာကွယ်ရန်အတွက် အသိပညာပေးသင်တန်း

(သတင်းအပြည့်အစုံ)

၁။         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက် အရ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်တွင် ထည့်သွင်းရေးဆွဲထားရှိသည့် သင်တန်း များကို ကုန်သွယ်ရေးဦးစီးဌာန ၊ ကုန်သွယ်မှုပညာပေးရေးဌာနခွဲအနေဖြင့် တာဝန်ယူအကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

၂။         အဆိုပါစီမံချက်အရ လုပ်ငန်းများ ပေါင်းစည်းခြင်းနှင့် စျေးကွက်လွှမ်းမိုးမှုကို အလွဲသုံးစား ပြုလုပ်ခြင်းမှ ကာကွယ်ရန်အတွက်အသိပညာပေးသင်တန်းကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၁ ) ရက် နေ့မှ (၂၂) ရက်နေ့ထိ နေ့လယ် (၁၃:၃၀) နာရီမှ (၁၅:၃၀)နာရီထိ  ဖွင့်လှစ်ခဲ့ပါသည်။

၃။        အဆိုပါသင်တန်းကို ကုန်သွယ်ရေးဦးစီးဌာန၊ ယှဉ်ပြိုင်မှုမူဝါဒဌာနခွဲမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ဝေရည်ကျော်မှ သင်ခန်းစာများ ပို့ချပေးခဲ့ပြီး အရာထမ်း၊ အမှုထမ်း စုစုပေါင်း (၁၉) ဦးတို့ တက်ရောက်ခဲ့ပါသည်။