ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်ဆိုင်ရာ စီးပွားရေးပတ်ဝန်းကျင်ကော်မတီ ပထမအကြိမ်အစည်းအဝေး ကျင်းပပြုလုပ်ခြင်း

              ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်ဆိုင်ရာ စီးပွားရေးပတ်ဝန်းကျင်ကော်မတီ(Regional Comprehensive Economic Partnership Committee on Business Environment-RCEP CBE) ပထမအကြိမ်အစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်မှ ၂၁ ရက်အထိ အွန်လိုင်းစနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

              အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ မူပိုင်ခွင့်၊ အီလက်ထရောနစ် ကူးသန်းရောင်း ဝယ်ရေး၊ ယှဉ်ပြိုင်မှုနှင့် အစိုးရဝယ်ယူရေး ဘာသာရပ်များဆိုင်ရာ ကိုယ်စားလှယ်များ၊ မိတ်ဖက်နိုင်ငံဖြစ်သည့် ဩစတြေးလျ၊ နယူးဇီလန်၊ ဂျပန်၊ တရုတ်နှင့် တောင်ကိုရီးယားနိုင်ငံတို့မှ ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

              အဆိုပါ အစည်းအဝေးတွင် ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (RCEP)သဘောတူစာချုပ်ပါ အခန်း(၁၁)-မူပိုင်ခွင့်၊ အခန်း(၁၂)-အီလက်ထရောနစ် ကူးသန်းရောင်းဝယ်ရေး၊ အခန်း(၁၃)-ယှဉ်ပြိုင်မှုနှင့် အခန်း(၁၆)-အစိုးရဝယ်ယူရေးတို့ကို အကောင်အထည်ဖော်ဆောင်ရွက်ရေးနှင့်စပ်လျဉ်း၍ ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးခဲ့ကြပါသည်။