ကုန်သွယ်မှုနှင့်အဓိကဆက်စပ်နေသောဥပဒေများအကြောင်းသင်တန်းနှင့် အကောက်ခွန်မဟုတ်သော စီမံဆောင်ရွက်မှုဆိုင်ရာသင်တန်းဖွင့်လှစ်မှု

ကုန်သွယ်မှုနှင့်အဓိကဆက်စပ်နေသောဥပဒေများအကြောင်းသင်တန်းနှင့်

အကောက်ခွန်မဟုတ်သော စီမံဆောင်ရွက်မှုဆိုင်ရာသင်တန်းဖွင့်လှစ်မှု

  ၁။       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်အရ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်တွင် ထည့်သွင်းရေးဆွဲထားရှိသည့် သင်တန်း များကို ကုန်သွယ်ရေးဦးစီးဌာန ၊ ကုန်သွယ်မှုပညာပေးရေးဌာနခွဲအနေဖြင့် တာဝန်ယူအကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါသည်။

၂။         အဆိုပါစီမံချက်အရ ကုန်သွယ်မှုနှင့်အဓိကဆက်စပ်နေသော ဥပဒေများအကြောင်းသင်တန်း ကို၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၁၇) ရက်နေ့မှ (၁၈) ရက်နေ့ထိ (အင်္ဂါ၊ ဗုဒ္ဓဟူး) နေ့များတွင် နေ့လယ် (၁၃း၃၀) နာရီမှ (၁၅း၃၀) နာရီထိ ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါသင်တန်းကို ကုန်သွယ်မှု မူဝါဒဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ယုဇနမြင့်အောင်မှ ပို့ချပေးခဲ့ပြီး အရာထမ်း၊ အမှုထမ်း စုစုပေါင်း (၂၆) ဦီးတို့ တက်ရောက်ခဲ့ပါသည်။

၃။     ထို့အပြင် အကောက်ခွန်မဟုတ်သော စီမံဆောင်ရွက်မှုဆိုင်ရာသင်တန်းကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၁၉) ရက် (ကြာသပတေး) နေ့တွင် နံနက် (၁၀း၀၀) နာရီမှ (၁၂း၀၀) နာရီထိ ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါသင်တန်းကို ဒေသတွင်းစီးပွားရေးပူးပေါင်းဆောင်ရွက်မှုဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါ်ဝင်းမင်းဖြိုးမှ ပို့ချပေးခဲ့ပြီး အရာထမ်း၊ အမှုထမ်း စုစုပေါင်း (၁၉) ဦီးတို့ တက်ရောက်ခဲ့ပါသည်။