"Online Preferential CO Application System ဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲနှင့် မိတ်ဆက်အခမ်းအနား" ကျင်းပပြုလုပ်ခြင်း

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ စိစစ်ခွင့်ပြုထုတ်ပေးလျက်ရှိသော အကောက်ခွန်သက်သာခွင့်ဆိုင်ရာ ပင်ရင်းနိုင်ငံသက်သေခံလက်မှတ်များ (Certificate of Origin-COs) အား အီလက်ထရောနစ် စနစ်ဖြင့် စိစစ်ခွင့်ပြုထုတ်ပေးမည့် "Online Preferential CO Application System ဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲနှင့် မိတ်ဆက်အခမ်းအနား" အား ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၂၆) ရက် (တနင်္လာနေ့) နံနက် (၁၀ း ၀၀) အချိန်မှစ၍ ရန်ကုန်မြို့၊ မင်းရဲကျော်စွာလမ်းရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။