တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့များ ဖွဲ့စည်းခြင်း

            ဗဟိုကော်မတီသည် စားသုံးသူအကာအကွယ်ပေးရေးဥပဒေ ပုဒ်မ ၁၆ အရ စားသုံးသူအကာအကွယ်ပေးရေးလုပ်ငန်းများ စနစ်တကျဆောင်ရွက်နိုင်ရန်နှင့် စားသုံးသူများ၏ အငြင်းပွားမှုဆိုင်ရာ ကိစ္စများ ဖြေရှင်းနိုင်ရေးအတွက် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် စားသုံးသူ အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့များကို အောက်ပါအတိုင်း ဖွဲ့စည်းလိုက်သည် ။