မုံရွာဒေသထွက် သရက်သီးစိမ်း (ခေါ်) သရက်ကင်းများ ဈေးကောင်းရလျက်ရှိနေ

       စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ အညာဒေသ၌ ယခုမတ်လပိုင်းတွင် သရက်သီးစိမ်း (ခေါ်)သရက်ကင်းများ စတင်ပေါ်နေပြီဖြစ်ရာ ရာသီစာအဖြစ် စားသုံးသောကြောင့် သရက်ကင်း ဈေးကောင်းရရှိကာ ဝင်ငွေတိုးနေကြောင်း သရက်စိုက်ပျိုးသူများထံမှ သိရသည်။ 

     ယခုအချိန်တွင် ကုန်စိမ်းဈေးကွက်သို့ သရက်သီးစိမ်း (ခေါ်) သရက်ကင်းဈေးမှာ အသီးအနေ အထားပေါ်မူတည်၍ သရက်သီး (၁၀)လုံးလျှင် အနိမ့်ဆုံးငွေကျပ် (၁၀၀ဝ မှ ကျပ် ၁၅ဝ၀ )အထိ ဈေးဖြင့် လက်လီရောင်းချရကြောင်း၊ သရက်ကင်း (၁) ပိဿာလျှင် ကျပ် (၉၀၀၀-၁၀၀၀၀) နှုန်းဖြင့် ပွဲစားများက ခြံအရောက်လာရောက်ဝယ်ယူမှုများလည်းရှိကြောင်း၊ စိုက်ပျိုးသော သရက်မျိုးများမှာ ဟင်္သာ၊ ရွှေပို၊ လက်ခုတ်၊ ဝါဆို၊ စိန်တစ်လုံး၊ ပတ္တမြားငမောက်၊ မချစ်စု၊ ပန်းဆွဲ သရက်အမျိုးခွဲ အစုံစိုက်ပျိုးကြကြောင်း သိရသည်။

DOCA(စစ်ကိုင်း)