လျှပ်စစ်သုံးယာဉ်များအတွက် အိမ်သုံးအားသွင်းစက်များရောက်ရှိ

   ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် Chin Dwin Shan Co., Ltd. မှ လျှပ်စစ်သုံးယာဉ်များအတွက် အိမ်သုံးအားသွင်းစက် 7KW GB AC Charger (၅) ခုအား ဆိပ်ကမ်းမှ ထုတ်ယူခဲ့ကြောင်းနှင့် အဆိုပါ Charger များ တင်သွင်းမှုအား  ပြည်တွင်း လျှပ်စစ်သုံး ယာဉ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောက်ခွန်ကင်းလွတ်သက်သာခွင့်ပြုထားကြောင်း သိရှိရ သည်။ လျှပ်စစ်သုံးယာဉ်များအား ဖြည့်သွင်းရာတွင် ယခုကဲ့သို့ အိမ်သုံး 7KW Charger များဖြင့် မိမိအိမ်တွင် အလွယ်တကူ တပ်ဆင်အသုံးပြုနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။