ပြည်ဈေးကွက်အတွင်း ကြက်သွန်နီဈေးနှုန်းများ မြင့်တက်လျက်ရှိ

ပြည်ဈေးကွက်အတွင်း ဇွန်လပထမပတ်မှစ၍ ကြက်သွန်နီဈေးနှုန်းများ မြင့်တက်လျက်ရှိပြီး ကြက်သွန်နီ (အလတ်စ)တစ်ပိဿာလျှင် ယခင် ကျပ် ၁၂၀ဝ ရှိခဲ့ရာ ယခု ကျပ် ၂၀ဝ၀ ခန့်ရှိ၍ ကျပ် ၈၀ဝ ခန့် မြင့်တက်သွားကြောင်း သိရသည်။ ပြည်ဈေးကွက်သို့တောင်တွင်းဘက်မှပိဿာ ၃၀ဝင်အိတ်၂၀ဝ ကျော်၊ရေနံချောင်းဘက်မှအိတ်၁၅၀ခန့်နှင့် မကွေးဘက်မှအိတ်၁၂၀ခန့်ကိုရက်ခြားအဝင်ရှိနေသည်။ အရောင်းအဝယ်အနေဖြင့် ပုံမှန်ရောင်းဝယ်မှုရှိနေပြီး ဒေသတွင်စီးဆင်း မှုအနေနှင့် သာယာဝတီခရိုင်ဖြင့်ပန်းတောင်း(ဥသျှစ်ပင်)သို့လည်းကောင်း၊နယ်ကျော်၊တိုင်းကျော်စီးဆင်းမှုအနေဖြင့် ဧရာဝတီ(ပုသိမ်၊ ကြံခင်း)ဘက်သို့လည်းကောင်းစီးဆင်းမှုများရှိနေသည်။ဈေးနှုန်းပွဲရုံလက်ကားဈေးတစ်ပိဿာ ကို ကြီး၊ လတ်၊ သေး ကျပ် ၁၉၀ဝ၊ ၁၈၀ဝ-၁၇၀ဝ၊ ၁၆၀ဝ ရှိပြီး လက်ကားဈေးအသေးများတွင် ကျပ် ၂၁၀ဝ၊ ၂၀ဝ၀-၁၉၀ဝ၊ ၁၈၀ဝ နှုန်းတို့ဖြင့် အသီးသီး ရောင်းဝယ်လျက်ရှိနေသည်။    
ဝင်းလဲ့ဝါ (ပြည်)