ပခုက္ကူနှင့်ရေစကြို သနပ်ခါး အရောင်းအဝယ် ကောင်းနေ

ပခုက္ကူနှင့်ရေစကြိုမြို့နယ်များက ထွက်ရှိသော သနပ်ခါးများ မကွေး တိုင်းဒေသကြီး ရေနံချောင်းမြို့၌   ဝင်ရောက်မှုများကာ ယခင် မိုးရာသီထက် အပြိုင်အဆိုင် ရောင်းချလျက်ရှိကြောင်း သိရသည်။သနပ်ခါးတုံး ကို ယခင်က မြို့မဈေးဝန်းကျင်၌  သနပ်ခါးအရောင်းဆိုင် သုံးဆိုင်ခန့်သာ   ရောင်းကြပြီး ယခုပွင့်လင်းရာသီ၌  သနပ်ခါးအရောင်းဆိုင် ၁၀ဆိုင်ခန့်  ရောင်းကြကြောင်း၊ ဈေးအပြင်ဘက်ရှိ   ရတနာဈေး၊ ပျံကျဈေး၊ ကျမ်းကိုင်ဘုရားကွေ့တို့တွင် ရောင်းချကြသည်ကို တွေ့ရသည်။ပခုက္ကူ၊ ရေစကြိုဒေသထွက်သနပ်ခါးများ သနပ်ခါး အရောင်းအဝယ် လိုက်လာကြောင်း၊  ပွင့်လင်းရာသီတွင် သနပ်ခါးအရောင်းအဝယ် မြိုင်လာ ပြီး သနပ်ခါးဆိုင် များလာကြောင်း၊ ပျံကျရောင်းသူလည်း များလာကြောင်း၊ သနပ်ခါးတုံး အနေအထားပေါ်မူတည်ပြီး တစ်တုံးလျှင်  ကျပ် ၁၅၀ဝ ကနေ ၂၀ဝ၀၊ ၃၀ဝ၀၊ ၅၀ဝ၀၊ ၈၀ဝ၀ အတွင်း ပေါက်ဈေးရှိကြောင်း သိရသည်။
ဆန်းညွန့်(ရေနံချောင်း)