ပြည်တွင်းဈေးကွက်သတင်းများ

ပဲလွန်းဖြူ
ပဲလွန်းဖြူတင်ပို့မှု ယခင်သီတင်းပတ်ထက် ပို
ပင်လယ်ရေကြောင်းက ပဲလွန်းဖြူတင်ပို့မှုမှာ ယခင်တစ်ပတ်တင်ပို့တဲ့ တန်ချိန် ၉၀၀ထက်ပိုပြီး ယခုတစ်ပတ် (မေလ ၂၁-၂၅)အတွင်းမှာ တန်ချိန် ၁၄၅၀ ခန့်ထိ ပိုမိုတင်ပို့ခဲ့ပါသည်။ ဒီတစ်ပတ်တင်ပို့တဲ့ နိုင်ငံတွေကတော့ အိန္ဒိယ၊ကိုရီးယား၊ မလေးရှား၊ဖိလစ်ပိုင်၊ စင်ကာပူ၊ထိုင်းနဲ့ ဗီယက်နမ်တို့ဖြစ်ပါသည်။၂၀၁၂-၁၃မေလ ၂၅ရက်အထိ စုစုပေါင်း ပဲလွန်းဖြူတင်ပို့မှုတန်ချိန် ၉၈၀၀ကျော်မှ ကန်ဒေါ်လာ ၇သန်း ကျော်ရရှိထားပြီး ယခင်နှစ်ကာလတူက တန်ချိန် ၇၆၀၀နီးပါးမှ ကန်ဒေါ်လာ ၇သန်းနီးပါးရှိလို့ ယခုနှစ်မှာယခင်နှစ်ရောင်းဈေးလောက် မရရှိတာတွေ့ ရပါသည်။
ရန်ကုန် FOB ဈေးကွက်မှာတော့ နေ့စဉ်အရောင်းအဝယ် ပမာဏအနည်းငယ်သာဖြစ်လို့ တစ်ပတ်အတွင်း စုစုပေါင်းတန် ၆၀၀ကျော်သာ အရောင်းအဝယ်ဖြစ်ကြောင်း သိရပါသည်။ ပြည်တွင်းဈေးကွက် တွေမှာလက်ကျန် လျော့နည်းလာပြီဖြစ်လို့ အရောင်းအဝယ်လည်းလျော့လာပါသည်။ ရန်ကုန် FOB ဈေးကတော့ ပြောင်းလဲမှုမရှိဘဲ ဇွန် ၁ရက်မှာ FAQ တစ်တန် ကန်ဒေါ်လာ ၆၆၀-၆၈၀ နဲ့SQ မှာ ကန်ဒေါ်လာ ၇၉၀-၈၁၀ ရှိကြောင်းသိရပါသည်။

ပဲစင်းငုံ

ယခင်သီတင်းပတ်တွေထက် ပဲစင်းငုံ ပိုမိုတင်ပို့လာ

ပဲစင်းငုံတင်ပို့မှုမှာ ယခင်သီတင်းပတ်တွေထက် ပိုမိုလာပါသည်။မေ ၂၁ ရက်မှ ၂၅ ရက်အထိ တစ်ပတ်အတွင်း တန်ချိန် ၉၈၀၀ ကျော်တင်ပို့နိုင်ခဲ့လို့ ယခင် တစ်ပတ်တင်ပို့မှုတန်ချိန် ၈၉၀၀ထက် ပိုမိုခဲ့ပါသည်။၂၀၁၂-၂၀၁၃ဘဏ္ဍာနှစ် မေလ ၂၅ ရက်အထိ စုစုပေါင်း တင်ပို့မှုမှာ တန်ချိန် ၃၉၀၀၀ နီးပါးရှိပြီး ဝင်ငွေမှာ ကန်ဒေါ်လာ ၂၂သန်းနီးပါးရှိခဲ့လို့ ယခင်နှစ်ကာလတူ တင်ပို့မှုတန်ချိန် ၂၃၀၀၀ ကျော်မှရရှိ တဲ့ဝင်ငွေ ကန်ဒေါ်လာ ၁၉သန်းခန့်နဲ့ယှဉ်ရင် ပမာဏအားဖြင့် ပိုမိုတင်ပို့ခဲ့သလို ဝင်ငွေမှာလည်း ပိုမိုရရှိတာတွေ့ရပါသည်။ယခင်နှစ်နဲ့ ယခုနှစ် ပဲစင်းငုံဈေးနှုန်းကွာဟမှု နည်းတဲ့အတွက် ရရှိတဲ့ဝင်ငွေသိသိသာသာ လျော့နည်းမှုမရှိတာ တွေ့ရပါသည်။ လာမယ့်သီတင်းပတ်တွေမှာလည်း ပဲစင်းငုံတင်ပို့မှု ပိုကောင်းလာဖွယ်ရှိပါသည်။

မတ်ပဲတင်ပို့မှု ယခင်သီတင်းပတ်ထက်လျော့ပေမဲ့ တန်နှစ်သောင်းနီးပါးပို့နိုင် ပင်လယ်ရေကြောင်းက မတ်ပဲတင်ပို့မှုမှာ ယခင်သီတင်းပတ်တွေက တန်ချိန် နှစ်သောင်းအထက်ထိ တင်ပို့မှုအားကောင်းခဲ့ရာ ယခင်တစ်ပတ်မှာတော့ အနည်းငယ် လျော့နည်းတင်ပို့ခဲ့ပါသည်။မေ၂၁ရက်မှ ၂၅ ရက်အထိ တစ်ပတ်အတွင်း မတ်ပဲ စုစုပေါင်း တန်ချိန် ၁၉၀၀၀ ကျော်တင်ပို့နိုင်ခဲ့တယ်လို့သိရပါသည်။ လက်ရှိဘဏ္ဍာနှစ် မေလ၂၅ရက်အတွင်း စုစုပေါင်းတင်ပို့ပြီးစီးမှုကိုကြည့်ရင် တန်ချိန် တစ်သိန်းနှစ်သောင်း နီးပါးရှိပြီး ရရှိတဲ့ဝင်ငွေမှာ ကန်ဒေါ်လာ ၆၄သန်းနီးပါး ရရှိခဲ့ပါသည်။ယခင်ဘဏ္ဍာနှစ် ကာလတူအတွင်း တင်ပို့မှုအနေနဲ့ ပမာဏအားဖြင့် တန်ချိန် ၉၄၀၀၀ ကျော်မှ ကန်ဒေါ်လာ ၈၈သန်းနီးပါးရရှိခဲ့လို့ ယခုနှစ်ကာလတူထက် ကန်ဒေါ်လာသန်း ၂၀ ကျော် လျော့ကျကြောင်းတွေ့ရပါသည်။လက်ရှိရောင်းဝယ်မှု အခြေအနေအရ လာမယ့်သီတင်း ပတ်မှာလည်း တင်ပို့မှုလျော့ကျဖွယ်ရှိနေပါသည်။

၂၀၁၂ခုနှစ်၊မတ်လအတွင်း ပဲလွန်းဖြူတင်ပို့မှုမှာ တန်ချိန် ၈၀၀၀ ရှိပြီး ဖေဖော်ဝါရီ လတွင် တန်ချိန်၄၈၀၀ခန့်တင်ပို့ခဲ့၍ မတ်လတွင် တစ်ဆနီးပါး ပိုမိုတင်ပို့နိုင်ခဲ့ပါသည်။ ၂၀၁၁ခုနှစ်၊ မတ်လအတွင်းတွင် ပဲလွန်းဖြူတန်ချိန် ၆၅၀၀ကျော်တင်ပို့နိုင်ခဲ့၍ ကာလတူ တင်ပို့မှု ပိုများလာခဲ့ပါသည်။ မတ်လ၂၆ရက်မှ ၃၁ရက်အထိ တစ်ပတ်အတွင်းတင်ပို့မှုမှာ အီဂျစ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ကိုရီးယား၊ မလေးရှား၊ စင်ကာပူနှင့် ဗီယက်နမ်နိုင်ငံတို့ကို တန်ချိန်၁၄၀၀နီးပါး တင်ပို့ခဲ့ပါသည်။

၂၀၁၁-၁၂ဘဏ္ဍာနှစ် တစ်နှစ်လုံးတွင် ပဲလွန်းဖြူစုစုပေါင်းတန်ချိန် ၃၅၀၀၀ကျော် မှ အမေရိကန်ဒေါ်လာ သန်း၃၀ကျော်ရရှိခဲ့ပြီး ယခင်၂၀၁၀-၁၁ဘဏ္ဍာနှစ်တွင် တန်ချိန် ၂၈၀၀၀၀ကျော်မှ အမေရိကန်ဒေါ်လာ ၂၄သန်းကျော်ရရှိခဲ့၍ ယခုနှစ်တွင် တန်ချိန် ၇၀၀၀ခန့် ပိုမိုတင်ပို့နိုင်ခဲ့ပါသည်။

ရန်ကုန် FOB ဈေးကွက်တွင် မတ်လ၃၁ရက်မှ ဧပြီလ၅ရက်နေ့ထိ အရောင်း အဝယ် စာချုပ်ချုပ်ဆိုမှုမှာ တန်ချိန်၁၂၀၀ခန့် ရှိကြောင်းသိရပါသည်။ အရောင်းအဝယ် ပုံမှန် ရှိနေသကဲ့သို့ FOB ဈေးမှာလည်း ပြောင်းလဲခြင်းမရှိဘဲ ဧပြီလ၅ရက်တွင် ပဲလွန်းဖြူ FAQ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၆၀-၆၈၀နှင့် ပဲလွန်းဖြူ SQ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၇၉၀-၈၁ဝရှိကြောင်းသိရပါသည်။

ပဲစင်းငုံ ပြည်ပတင်ပို့မှုကို လေ့လာကြည့်လျှင် ၂၀၁၂ခုနှစ်၊ မတ်လတွင် တန်ချိန်၃၀၀၀၀ကျော်ရှိပြီး ၊ ဖေဖော်ဝါရီလတွင် တန်ချိန် ၄၇၀၀၀ကျော် တင်ပို့နိုင်ခဲ့ပြီး မတ်လတွင် တန်ချိန် ၁၀၀၀၀ကျော် လျော့ကျတင်ပို့ခဲ့ပါသည်။ သို့သော်၂၀၁၁ခုနှစ်၊ မတ်လ တင်ပို့မှုတန်ချိန် ၁၉၀၀၀ခန့်နှင့် နှိုင်းယှဉ်လျှင်၂၀၁၂ခုနှစ်၊ မတ်လတွင် တန်ချိန်တစ်သောင်းကျော် ပိုမိုတင်ပို့နိုင်ခဲ့သည်ကို တွေ့ရှိရပါသည်။ မတ်လ၂၆ရက် မှ ၃၁ ရက်အထိ တစ်ပတ်အတွင်းတင်ပို့မှုမှာ ယခင်တစ်ပတ်တင်ပို့်မှုထက် လျော့နည်းပြီး တန်ချိန် ၄၄၀၀ခန့်သာ တင်ပို့မှုရှိခဲ့ကြောင်း သိရှိရပါသည်။

၂၀၁၁-၁၂ဘဏ္ဍာနှစ်တစ်နှစ်လုံး ပဲစင်းငုံတင်ပို့မူမှာ တန်ချိန်၃၂၀၀၀၀ နီးပါးရှိပြီး ဝင်ငွေအားဖြင့် အမေရိကန်ဒေါ်လာ ၁၉၀ကျော်ရရှိကြောင်း သိရှိရပါသည်။၂၀၁၀-၁၁ တစ်နှစ်လုံးတွင် ပဲစင်းငုံတန်ချိန်၁၄၆၀၀၀ကျော်နှင့် ဝင်ငွေအမေရိကန်ဒေါ်လာ၁၂၂သန်း နီးပါးရှိပြီး ယခုနှစ်တွင် ပမာဏအားဖြင့် တစ်ဆကျော်ပိုမိုတင်ပို့နိုင်ခဲ့သဖြင့် ဝင်ငွေအားဖြင့် အမေရိကန်ဒေါ်လာ ၇၀သန်းခန့်ပိုမိုရရှိကြောင်း သိရှိရပါသည်။ လက်ရှိ ရောင်းဝယ်မှူအခြေအနေအရ လာမည့်သီတင်းပတ်များတွင် တင်ပို့မူလျော့ကျနိုင်ဖွယ် ရှိပါသည်။

Pages

Subscribe to ပြည်တွင်းဈေးကွက်သတင်းများ