ပြည်တွင်းဈေးကွက်သတင်းများ

ပဲစဉ်းငုံ ဲ(18.6.2012)

ပင်လယ်ရေကြောင်းက ပဲမျိုးစုံတင်ပို့မူမှာ ယခုလအတွင်း ပဲစဉ်းငုံတင်ပို့မူပိုမို နေရာယူလာတာ တွေ့ရပါသည်။ ယခုတစ်ပတ် (ဇွန်လ ၄-၈)အတွင်း ပဲစဉ်းငုံ တန်ချိန် ၁၂၀၀၀ခန့် တင်ပို့နိုင်ခဲ့ပြီး ယခင်သီတင်းပတ်များမှာလည်း တန်တစ်သောင်း အောက်သာ တင်ပို့နိုင်ခဲ့တာတွေ့ရပါသည်။ အိန္ဒိယဝယ်လက်တွေ အဝယ်ပြန်စိပ်လာတဲ့ အတွက် တင်ပို့မူပိုမိုလာသလို လက်ရှိအလားအလာအရ လာမယ့်သီတင်းပတ်တွေမှာ လည်း ပိုမိုတင်ပို့လာနိုင်မယ့်လို ခန်းမှန်းရပါသည်။

ဇွန်၈ရက်ထိ လက်ရှိဘဏ္ဍာနှစ်အတွင်း ပဲစဉ်းငုံစုစုပေါင်း တင်ပို့ပြီးစီးမူမှာ တန်ချိန် ၆၄၀၀၀ကျော်မှ ကန်ဒေါ်လာ ၃၆သန်း ခန့်သာရှိပြီး ယခင်ဘဏ္ဍာနှစ်ကာလတူ တန်ချိန် ၃၃၀၀၀ကျော်မှ ကန်ဒေါ်လာ ၂၅ သန်းကျော်ရရှိခဲ့တာတွေ့ရပါသည်။ တင်ပို့တဲ့ပမာဏ အားဖြင့် ယခင်နှစ်ကာလတူမှာ တစ်ဆခန့် ပိုမိုလာခဲ့ပေမဲ့ ရရှိတဲ့ တန်ဖိုးငွေမှာ ယခင်နှစ် ရောင်းချဈေးထက် လျော့နည်းတာတွေ့ရပါသည်။

မတ်ပဲ(18.6.2012)

ပင်လယ်ရေကြောင်းက မတ်ပဲတင်ပို့မူက ယခင်တပတ်ကထက် လျော့ကျ လာပါသည်။ ယခင်တစ်ပတ်က တန်ချိန် ၁၈၀၀၀နီးပါးတင်ပို့ခဲ့ရာမှ ဇွန်လ ၄ရက်မှ ၈ရက် အတွင်း တန်ချိန် ၁၂၀၀၀ကျော်တင်ပို့နိုင်ခဲ့ကြောင်း တွေ့ရပါသည်။ ကွန်တိန်နာ သယ်ယူခနှုန်း ထားများ ပြန်လည်ကျဆင်းခဲ့သော်လည်း မတ်ပဲဝယ်လိုအား ပြန်လျော့လာတဲ့အတွက် တင်ပို့မူလျော့ကျလာခြင်းဖြစ်ပါတယ်လို့ သိရှိရပါသည်။ ၂၀၁၂-၁၃ဘဏ္ဍာနှစ် ဇွန် ၈ရက်ထိ မတ်ပဲစုစုပေါင်း တင်ပို့ပြီးစီးမူအနေနှင့် တန်ချိန်၁၄၈၀၀၀ခန့်ရှိပြီး ရရှိတဲ့ဝင်ငွေမှာ ကန်ဒေါ်လာ ၈၀သန်းကျော်ရှိကြောင်း သိရှိရပါသည်။ ယခင်ဘဏ္ဍာနှစ် ကာလတူမှာ တန်ချိန် ၁၃၆၀၀၀ခန့်သာတင်ပို့မူရှိသဖြင့် ရရှိတဲ့ဝင်ငွေမှာ ကန်ဒေါ်လာ ၁၂၅ သန်းခန့်ရှိသဖြင့် ယခုနှစ်မှာ ရရှိတဲ့မတ်ပဲတန်ဖိုး သန်း၄၀ကျော်ခန့် လျော့ကျ ကြောင်း သိရှိရပါသည်။ လာမည့်သီတင်းပတ်တွင် မတ်ပဲ ပုံမှန်တင်ပို့နိုင်မည်ဟု ခန့်မှန်းရပါသည်။

ပဲလွန်းဖြူတင်ပို့မှု နဲ့ အရောင်းအဝယ်ပြန်ကောင်းလာ ယခုအပတ် ပင်လယ်ရေကြောင်းမှ ပဲလွန်းဖြူတင်ပို့မှုနှင့် FOB အရောင်းအဝယ် ပြန်ကောင်းလာခဲ့ပါသည်။ ယခင်တစ်ပတ်က တန်ချိန် ၁၄၅၀ခန့် တင်ပို့မှုရှိခဲ့ပြီး မေ ၂၈ ရက်မှ ဇွန် ၁ ရက်အထိ တစ်ပတ်အတွင်းမှာ ပဲလွန်းဖြူတန်ချိန် ၁၆၀၀ ခန့်တင်ပို့ နိုင်ခဲ့ ကြောင်းသိရပါသည်။ ယခုတစ်ပတ်တင်ပို့တဲ့ နိုင်ငံများကတော့ အိန္ဒိယ၊ ကိုရီးယား ၊ မလေးရှား၊ စင်ကာပူနဲ့ ဗီယက်နမ်တို့ ဖြစ်ပါသည်။ မေ တစ်လလုံးတွင် ပဲလွန်းဖြူ တန်ချိန် ၅၇၀၀ ခန့် တင်ပို့ခဲ့ပြီး ဧပြီအတွင်းမှာ တန်ချိန် ၅၀၀၀ခန့်ရှိခဲ့ပါသည်။၂၀၁၁ မေလအတွင်းမှာ ပဲလွန်းဖြူတန်ချိန် ၃၉၀၀ ခန့် တင်ပို့ခဲ့လို့ ယခုနှစ်မေလမှာ ပိုမိုတင်ပို့နိုင်ခဲ့ကြောင်းသိရပါသည်။ ယခုဘဏ္ဍာနှစ် ဇွန် ၁ ရက် အထိ ပဲလွန်းဖြူ စုစုပေါင်း တန်ချိန် ၁၁၅၀၀ ခန့်ရှိပြီး ကန်ဒေါ်လာ ၈ ဒသမ ၅ သန်း နီးပါးရရှိခဲ့ပါသည်။ ယခင်ဘဏ္ဍာနှစ် ကာလတူမှာ ပဲလွန်းဖြူ တန်ချိန် ၈၃၀၀ခန့်မှ ကန်ဒေါ်လာ ၇ဒသမ ၅သန်း ရရှိခဲ့လို့ ယခုနှစ်မှာ ပိုမိုတင်ပို့နိုင်ကြောင်း သိရပါသည်။ လာမယ့်သီတင်းပတ်များတွင် ဆက်လက်တင်ပို့နိုင်မယ်ဟုခန့်မှန်းရပါသည်။ ရန်ကုန် FOB ဈေးကွက်မှာလည်း ယခုတစ်ပတ်မှာ ရောင်းဝယ်မှု ပြန်တက်လာ ခဲ့ပါသည်။ ယခင်တစ်ပတ် တန်ချိန် ၆၀၀ကျော်သာ အရောင်းအဝယ် ဖြစ်ခဲ့ရာမှ ဇွန်လ ၁ ရက်မှ ၇ ရက်အတွင်းမှာတော့ တန်ချိန် တစ်သောင်းကျော်အထိ တိုးတက်ခဲ့ပါသည်။ အရောင်းအဝယ် တိုးတက်သော်လည်း FOB ဈေး ယခင်တစ်ပတ်ကဲ့သို့ ပြောင်းလဲမှုမရှိ ကြောင်းသိရပါသည်။ ဇွန် ၈ ရက် ရန်ကုန် FOB မှာ ပဲလွန်းဖြူ FAQ တစ်တန် ကန်ဒေါ်လာ ၆၆၀-၆၈၀ နဲ့ SQ တစ်တန် ကန်ဒေါ်လာ ၇၉၀-၈၁၀ ရှိကြောင်းသိရပါ သည်။

ပဲစင်းငုံ ပြင်ပတင်ပို့မှု
ပင်လယ်ရေကြောင်းက ပဲစင်းငုံတင်ပို့မှုမှာ ယခင်တစ်ပတ်ထက် ပိုမိုတိုးတက် လာခဲ့ပါသည်။ ယခင်တစ်ပတ်က တန်ချိန် ၉၈၀၀ ကျော်တင်ပို့မှုရှိခဲ့ပြီး ယခုတစ်ပတ် (မေ၂၈ -ဇွန် ၁ ရက်)အတွင်းမှာ တန်ချိန် ၁၄၀၀၀ ခန့်အထိ တင်ပို့မှုရှိခဲ့ကြောင်းသိရ ပါသည်။ ၂၀၁၂ မေလအတွင်းမှာလည်း ပဲစင်းငုံတန်ချိန် ၃၅၀၀၀ ကျော် တင်ပို့နိုင်ခဲ့ပြီး ဧပြီလအတွင်း တန်ချိန် ၁၄၅၀၀ ခန့် တင်ပို့မှုရှိခဲ့ပါသည်။ ၂၀၁၁ မေလအတွင်းလည်း ပဲစင်းငုံတန်ချိန် ၁၉၀၀၀ကျော်သာ တင်ပို့မှုရှိခဲ့သဖြင့် ယခုနှစ်မေလမှာပိုမို တင်ပို့မှုရှိခဲ့ ပါသည်။
ယခုဘဏ္ဍာနှစ် ၂၀၁၂-၂၀၁၃၏ ဇွန် ၁ ရက်အထိ ပဲစင်းငုံစုစုပေါင်း တင်ပို့ ပြီးစီးမှု တန်ချိန် ၅၃၀၀၀ ခန့်ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူ တန်ချိန် ၂၈၀၀၀ ခန့်ရှိခဲ့သဖြင့် ယခုနှစ်ကာလတူထက် ၁ ဆခန့်ပိုမိုတင်ပို့နိုင်ကြောင်း သိရပါသည်။ လက်ရှိအရောင်းအဝယ် အခြေအနေအရ လာမယ့်သီတင်းပတ်တွင်ဆက်လက်တင်ပို့မှု ကောင်းနိုင်မည်ဟု ခန့်မှန်းကြပါသည်။

မေလ မတ်ပဲတင်ပို့မှု
ယခုနှစ် မေလအတွင်း မတ်ပဲတင်ပို့မှုမှာ စံချိန်သစ်တင် တိုးတက်ခဲ့ပါသည်။ ဧပြီလတစ်လလုံးတွင် မတ်ပဲတန်ချိန် ၄၂၀၀၀ ကျော်တင်ပို့ခဲ့ပြီး၊ မေလတစ်လလုံးတွင် တန်ချိန် ၉၀၀၀၀ ကျော်အထိ တင်ပို့မှုမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ယခင်နှစ် မေလအတွင်းမှာလည်း မတ်ပဲတင်ပို့မှု တန်ချိန် ၈၅၀၀၀ နီးပါးထိ မြင့်တက်ခဲ့သော်လည်း ယခုနှစ် စံချိန်သစ်တင် တိုးတက်တင်ပို့နိုင်ခဲ့ခြင်း ဖြစ်ပါသည်။
အပတ်စဉ် တင်ပို့မှုအနေနှင့် ယခင်သီတင်းပတ်တွင် တန်ချိန် ၁၉၀၀၀ ကျော် တင်ပို့မှုရှိခဲ့ရာမှ မေ ၂၈ ရက်မှ ဇွန် ၁ ရက်အထိ တစ်ပတ်အတွင်း တန်ချိန် ၁၈၀၀၀ နီးပါး တင်ပို့ခဲ့ကြောင်း သိရပါသည်။ လက်ရှိဘဏ္ဍာနှစ် ဇွန်လ ၁ ရက် အထိ စုစုပေါင်း မတ်ပဲတင်ပို့ပြီးစီးမှုအနေနှင့် တန်ချိန် ၁၃၅၀၀၀ ကျော်ရှိပြီး ဝင်ငွမှာ ကန်ဒေါ် လာ ၇၃ သန်းကျော်ရရှိခဲ့သဖြင့် ယခင်နှစ် ကာလတူတင်ပို့ခဲ့သော တန်ချိန် ၁၁၆၀၀၀ ကျော် တင်ပို့ခြင်းမှ ရရှိသည့်ဝင်ငွေ ကန်ဒေါ်လာ ၁၀၈ သန်းခန့်နှင့်ယှဉ်လျှင် တင်ပို့မှုပမာဏ မှာ ယခုနှစ်တန်နှစ်သောင်းခန့် ပိုမိုရရှိသည့်ဝင်ငွေ ကန်ဒေါ်လာသန်း ၃၀ ကျော် လျော့နည်းကြောင်းတွေ့ရပါသည်။ လာမည့်အပတ်တွင် ပုံမှန်တင်ပို့နိုင်မည်ဟု ခန့်မှန်း ရပါသည်။

Pages

Subscribe to ပြည်တွင်းဈေးကွက်သတင်းများ