Slogan here ... As you work in your image, you specify colors using one of the color models.

www.tradetraininginstitute.com

Trip
Thursday, May 11, 2023

၁။      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊ ကုန်သွယ်ရေးဦးစီးဌာန၊ ကုန်သွယ်မှု သင်တန်းကျောင်း (ရန်ကုန်) တွင် ၂၀၂၃ ခုနှစ် ၊ ဧပြီလ (၁) ရက်မှစ၍ ဖွင့်လှစ်သင်ကြားလျက်ရှိသော အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုအခြေခံသင်တန်း(စနေ၊တနင်္ဂနွေ)အမှတ်စဉ်-၇ မှ သင်တန်းသား/သူ (၇၀)ဦး၊ ကုန်သွယ်မှုသင်တန်းကျောင်းမှ အုပ်ချုပ်သူ (၂) ဦး၊ စုစုပေါင်း (၇၂) ဦးတို့သည် ၂၀၂၃ ခုနှစ် မေလ ၁၀ ရက်နေ့ (ဗုဒ္ဓဟူးနေ့) တွင် သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီနှင့် မြန်မာ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်း (သီလဝါ) တို့သို့ လေ့လာရေးခရီး သွားရောက်ခဲ့ကြပါသည်။

၂။       သီလဝါအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီသို့ နံနက် (၀၉:၃၀) နာရီအချိန်တွင် စတင်ရောက်ရှိခဲ့ရာ သီလဝါအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ဦးရန်နိုင်ထွန်းက အထူး စီးပွားရေးဇုန်အကြောင်း အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး OSS မှ တာဝန်ရှိသူများက သင်တန်း သား၊ သင်တန်းသူများ၏ သိလိုသည်များကို ရှင်းလင်းဖြေကြားခဲ့ပါသည်။

၃။       ထို့နောက် အထူးစီးပွားရေးဇုန်အတွင်းရှိ RK Yangon Steel Co., Ltd. အား လှည့်လည် ကြည့်ရှုလေ့လာခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများ၏ သိလိုသည်များကို တာဝန်ခံများက ရှင်းလင်း ဖြေကြားခဲ့ပါသည်။

၄။       ဆက်လက်၍ Myanmar International Terminals Thilawa (MITT) အတွင်းရှိ Hutchison Logistics Myanmar Co., Ltd. အား လှည့်လည်ကြည့်ရှုလေ့လာခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများ၏ သိလိုသည်များကို တာဝန်ခံများက ရှင်းလင်း ဖြေကြားခဲ့ပါသည်။

၅။     ထို့နောက် မြန်မာအပြည်ပြည်ဆိုင်ရာဆိပ်ကမ်း (သီလဝါ) သို့ သွားရောက် လေ့လာခဲ့ပြီး ညနေ (၁၆:၃၀) အချိန်တွင် ရုံးချုပ်သို့ ပြန်လည်ရောက်ရှိခဲ့ပါသည်။

English