Meeting & Activities

   အိန္ဒိယ - မြန်မာ နယ်စပ်ကုန်သွယ်ရေးကော်မတီ ပထမကြိမ် အစည်းအဝေးအား အိန္ဒိယ နိုင်ငံ၊ မဏိပူရ်မြို့တွင် ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့၌ ကျင်းပခဲ့ပါသည်။ အဆိုပါ အစည်းအဝေးသို့ မြန်မာဘက် နယ်စပ်ကုန်သွယ်ရေးကော်မတီဝင်များဖြစ်သော နယ်စပ်ကုန် သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးခုျပ် ဦးခင်မောင်လေး (ပူးတွဲဥက္ကဌ) ဦးဆောင်သော အရာထမ်းများ၊ အကောက်ခွန်ဦးစီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမိုျးသားမှတ်ပုံတင်ရေးဦးစီးဌာနတို့မှ ကော်မတီဝင်များ တက်ရောက်ခဲ့ကြပြီး အိန္ဒိယ နိုင်ငံ ဘက်မှ စီးပွားရေးနှင့် စက်မှုဝန်ကြီးဌာန၊ ကူးသန်းရောင်းဝယ်ရေးဌာနခွဲမှ Mr. Siddharth, Joint Secretary ဦးဆောင်သော သက်ဆိုင်ရာဌာနများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါ သည်။

    အဆိုပါအစည်းအဝေးတွင် ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့တွင် ကျင်းပခဲ့သော စတုတ္ထအကြိမ် အိန္ဒိယ - မြန်မာ ပူးတွဲကုန်သွယ်ရေး ကော်မတီအစည်းအဝေးမှ ဆွေးနွေးချက်များ အား ပြန်လည်သုံးသပ်ခဲ့ကြပြီး အိန္ဒိယ - မြန်မာ နယ်စပ်ကုန်သွယ်ရေး လက်ရှိအခြေအနေ၊ နယ်စပ်ကုန်သွယ်ရေး ချောမွေ့စွာ ဆောင်ရွက်နိုင်ရေးတွင် ကြုံတွေ့နေရသော ပြဿာနာများ၊ အဟန့်အတားများနှင့် အထွေထွေကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။

မြန်မာ - အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးတွင် လက်ရှိကုန်သွယ်မှုပြုလျက်ရှိသည့် အမယ်များအပြင် ကုန်ပစ္စည်းအမယ်များ ထပ်မံတိုးခဲျ့ရန်၊ အစားအစာနှင့် ဆေးဝါးကွပ်ကဲမှု ဆိုင်ရာ အသိအမှတ်ပြုလက်မှတ်များဖြင့် ကုန်သွယ်မှုဆောင်ရွက်ရန်၊ နယ်စပ်ကုန်သွယ်ရေး ဆိုင်ရာ ဒေသအဆင့် ဆပ်ကော်မတီခွဲငယ် တည်ထောင်ရန်နှင့် အိန္ဒိယ - မြန်မာ နယ်စပ် ကုန်သွယ်ရေး ကော်မတီအစည်းအဝေးအား တစ်နှစ်လျှင် တစ်ကြိမ် ကျင်းပသွားရန် စသည့် အချက်များအား အသေးစိတ်ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။

အဆိုပါအစည်းအဝေးသည် အိန္ဒိယ နိုင်ငံ ဝန်ကြီးခုျပ် ဒေါက်တာမန်မိုဟန်ဆင်း၏ ချစ်ကြည်ရေးခရီး လာရောက်လည်ပတ်မှုအတွင်း သဘောတူညီခဲ့သော တမူး - မိုရေးနှင့် ရိဒ် - ဇော်ခိုရ်သာမှ နယ်စပ်ကုန်သွယ်ရေးအရာရှိများနှင့် စီးပွားရေးလုပ်ငန်းရှင်များအကြား အစည်း အဝေးများ ကျင်းပနိုင်ရေးအား ရည်ရွယ်၍ နယ်စပ်ကုန်သွယ်ရေးကော်မတီတစ်ခု တည်ထောင် ရေး ဆုံးဖြတ်ချက်မှ ထွက်ပေါ်လာသော ရလဒ်ကောင်းတစ်ခုဖြစ်ပါသည်။

မလေးရှားနည်းပညာပူးပေါင်းဆောင်ရွက်ရေးအစီအစဉ် (Malaysian Technical Cooperation Programme-MTCP) နှင့် မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာန သံတမန်ရေးရာနဲ့ နိုင်ငံခြား ဆက်ဆံရေး သိပ္ပံ (Institute of Diplomacy and Foreign Releations-IDFR) မှာ မြန်မာနိုင်ငံရှိ ဝန်ကြီးဌာနများမှ အရာထမ်းအမှုထမ်း ၅ဝ အတွက် မြန်မာနိုင်ငံမှ ၂ဝ၁၄ ခုနှစ်တွင် အာဆီယံဥက္ကဌ တာဝန်ယူတဲ့အခါ အရည်အချင်း တိုးတက်မြင့်မားစေရန်နဲ့ လိုအပ်တဲ့ အသိပညာဗဟုသုတများ ရရှိစေရန် ရည်ရွယ်ပြီး သံတမန်ရေးရာ ဆွေးနွေးပွဲကို ကျင်းပပေးခဲ့ တယ်လို့ သတင်းရရှိ ပါတယ်။ ဆွေးနွေးပွဲ ကာလကတော့ နိုဝင်ဘာလ ၂၂ ရက်မှ ဒီဇင်ဘာလ ၁၂ ရက်ထိ ဖြစ်ပါတယ်။

မလေးရှားနဲ့ မြန်မာနိုင်ငံတို့ဟာ ၁၉၅၇ ခုနှစ်ကတည်းကပင် တရားဝင်သံတမန်ဆက်ဆံရေး ထူထောင်ခဲ့ပြီး ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နံှရေး၊ ကျွမ်းကျင်မှုတည်ဆောက်ရေး၊ နည်းပညာပူးပေါင်းဆောင်ရွက်ရေး၊ ဘဏ်လုပ်ငန်းနဲ့ ဘဏ္ဍာရေး၊ ရေအားလျှပ်စစ် ပူးတွဲထုတ်လုပ်ရေး၊ ကာကွယ်ရေး၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း၊ စိုက်ပျိုးရေးနဲ့ အားကစားလုပ်ငန်းများမှာ နွေးထွေးချစ်ကြည်စွာ နှစ်ဖက် ပူးပေါင်း ဆောင်ရွက်လျက်ရှိပါတယ်။

ဆွေးနွေးပွဲ ကာလအတွင်းမှာ အင်္ဂလိပ်စာပိုမိုကျွမ်းကျင်ရန် အတွက် သီးခြားပို့ချပေးခဲ့ပြီး ASEAN Chairmanship တာဝန် ယူတဲ့အခါမှာ အသုံးပြုနိုင်မဲ့ သံတမန်ရေးရာ စာအရေးအသား၊ Presentation တင်ပြရာတွင် ပါဝင်ရမဲ့ အချက်အလက်များ၊ ထိရောက်သော ဆက်သွယ်မှုနှင့် တင်ပြမှု၊ သတင်းကဏ္ဍ၊ သံတမန်ရေးရာနဲ့ Liaisons တို့ရဲ့တာဝန်၊ အစည်းအဝေး ကျင်းပနိုင်ရေး ဘဏ္ဍာရေး တွက်ချက် ရာတွင် ထည့်သွင်းရမဲ့အချက်များ၊ တည်းခိုနေထိုင် သွားလာခြင်းနဲ့ အမှတ်တရ အထိမ်းအမှတ်လက်ဆောင်များ အစီအစဉ်၊ ကျန်းမာရေး စောင့်ရှောက်မှု၊ စာရွက်စာတမ်း အထောက်အထား လိုအပ်ချက်၊ ထမင်းစားပွဲနှင့် ယဉ်ကျေးမှု ဖျော်ဖြေရေး အစီအစဉ်၊ လုံခြုံရေး အစီအစဉ် များကို သက်ဆိုင်ရာဘာသာရပ် ကျွမ်းကျင်သူများနဲ့ လက်တွေ့လုပ်ဆောင်ဖူးသူ မလေးရှား နိုင်ငံခြားရေး ဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာ ဌာနများမှ တာဝန်ရှိသူများက အတွေ့အကြုံများကို မျှဝေပေးခဲ့ပါတယ်။

သင်တန်းတက်ရောက်ခြင်းဖြင့် အာဆီယံရဲ့အခန်းကဏ္ဍ၊ လုပ်ငန်းဆောင်ရွက်မှုများနဲ့ ထိတွေ့မှုရှိလာပြီး အာဆီယံ ထိပ်သီး အစည်းအဝေးများနဲ့ ဝန်ကြီးအဆင့်နှင့် အခြားအဆင့် အစည်းအဝေးများ ကျင်းပရေး ဘက်စုံ ပြင်ဆင်မှုများ အတွက် စာတွေ့ လက်တွေ့ အတွေ့အကြုံများ ရရှိစေခဲ့ပါတယ်။

မိမိတို့နိုင်ငံ အနေနဲ့ အာဆီယံဥက္ကဌ ရာထူးတာဝန်ကို ပထမဆုံး အကြိမ်လက်ခံကျင်းပ ရတော့မည်ဖြစ်ရာ မိမိတို့နိုင်ငံရဲ့ Image ကိုတက်စေပြီး ကမ္ဘာနဲ့အဝှမ်း စိတ်ဝင်စားမှုရှိနေတဲ့ အစိုးရသစ်လက်ထက် လုပ်ဆောင်မှု အဝဝကို Showcase အဖြစ် ပြသနိုင်မဲ့ အခွင့်အလမ်းကောင်း တစ်ခုလည်းဖြစ်ပါတယ်။ ကျန်အာဆီယံနိုင်ငံများမှာ ကျင်းပခဲ့တဲ့ အဆင့်များထက် မနိမ့်ဘဲ ထည်ထည်ဝါဝါ အောင်အောင်မြင်မြင် ကျင်းပနိုင်ရေး အတွက် ယခုကတည်း ကပင် နိုင်ငံတော်အဆင့်မှာ ပြင်ဆင်နေပြီဖြစ်ရာ မိမိတို့ပြည်သူများ အနေနဲ့လည်း နိုင်ငံကြီးသား ပီသအောင် ပြုမူနေထိုင်သွားကြစို့လို့ တိုက်တွန်းနှိုးဆော်လိုက်ရ ပါတယ်။ ဆိုက်ရောက်ချိန်မှ ပြန်လည်ထွက်ခွာချိန်ထိ မြန်မာကိုယ်စားလှယ်အဖွဲ့ကို အုပ်ခုျပ်မှုပိုင်းဆိုင်ရာနဲ့ လိုအပ်သည်များကို ဂရုတစိုက်စောင့်ရှောက်ပေးခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံရုံးမှ သံအမတ်ကြီးဦးတင်လတ်နဲ့ သံရုံးအမှုထမ်း မိသားစုများကိုလည်း ကျေးဇူးတင်ရှိကြောင်း ဒီဆောင်းပါးကတဆင့် ဖော်ပြပေးလိုက်ပါရစေ။

Pancherry

မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးတွင် ကုန်ပစ္စည်းအမယ် (၂၂)မျိုး ထပ်မံတိုးခဲျ့ ကုန်သွယ် ခွင့်ပြုလိုက်ကြောင်း အိန္ဒိယနိုင်င်ငံ၊ နိုင်ငံခြားကုန်သွယ်မှုဌာနက ၂၀၁၂ခုနှစ်၊ နိုဝင်ဘာလ ၊ ၁၆ ရက်နေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။ မြန်မာ - အိန္ဒိယ နှစ်နိုင်ငံအကျိုးဖြစ်ထွန်းရန် ရည်ရွယ်၍ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးတွင် ကုန်ပစ္စည်း အမယ်များတိုးမြှင့်ကုန်သွယ် ဆောင်ရွက်ရန် စတုတ္ထကြိမ်မြောက် ကုန်သွယ်ရေးပူးတွဲ ကော်မတီအစည်းအဝေးတွင် နှစ်ဘက်ဆွေးနွေး ညှိနှိုင်း သဘောတူ ခဲ့ကြတယ်လို့သိရပါတယ်။

၁၉၉၄ ခုနှစ်၊ ဇန်နဝါရီလ၊ ၂၁ ရက်နေ့ ကချုပ်ဆိုခဲ့သည့် မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေး သဘောတူစာချုပ်တွင် ကုန်သွယ် ခွင့်ပြုတဲ့ ကုန်ပစ္စည်း (၂၂) မျိုးပါဝင်ပါတယ်။ ထို့နောက် တတိယအကြိမ် မြန်မာ - အိန္ဒိယ နှစ်နိုင်ငံ ကုန်သွယ်ရေး ပူးတွဲကော်မတီ အစည်းအဝေး သဘောတူညှိနှိုင်းချက်အရ ကုန်ပစ္စည်း (၁၈) မျိုးကို တိုးခဲျ့ကုန်သွယ်ခွင့်ပြုခဲ့ပါတယ်။ သို့ဖြစ်၍ ယခုနောက်ထပ် ခွင့်ပြု ကုန်ပစ္စည်း (၂၂)မျိုးအပါအဝင် မြန်မာ-အိန္ဒိယနယ်စပ်တွင် ကုန်ပစ္စည်း စုစုပေါင်း (၆၂)မျိုး ကုန်သွယ်ဆောင်ရွက်နိုင်ပြီ ဖြစ်တယ်လို့ သိရပါတယ်။ ထပ်မံတိုးခဲျ့ ဆောင်ရွက်ခွင့်ပြုတဲ့ ကုန်ပစ္စည်း (၂၂)မျိုးကို စာဖတ်ပရိသတ်များ သိရှိနိုင်ရန် ဖော်ပြ လိုက်ပါတယ်-

(၁) စိုက်ပိုျးရေးလုပ်ငန်းသုံးစက်ကိရိယာများ/ အသုံးအဆောင်များ/ တန်ဆာပလာများ

(၂) စက်ဘီး

(၃) ဆပ်ပြာမှုန့်

(၄) ကျောက်မီးသွေး

(၅) စားဆီ

(၆) လျှပ်စစ်ပစ္စည်းများ

(၇) စတီးပစ္စည်းများ

(၈) အဝတ်အထည်များ

(၉) ယက်ကန်းထည်နှင့်လက်မှုပစ္စည်းများ

(၁၀) ကုန်မာ/အသေးစားအိမ်ဆောက်ပစ္စည်းများနှင့်လျှပ်စစ်တပ်ဆင်ပစ္စည်းများ

(၁၁) သံပုရာသီး

(၁၂) ဆေးဝါးများ

(၁၃) နို့မှုန့်၊ လက်ဖက်ရည်နှင့် ဖျော်ရည်မိုျးစုံ

(၁၄) မော်တော်ဆိုင်ကယ်နှင့် အပိုးပစ္စည်းများ

(၁၅) လျှပ်စစ်ပစ္စည်းများ၊ဂီတတူရိယာများ၊စာရေးကိရိယာများ၊လက်နှိပ်ဓါတ်မီးစသည့်ပစ္စည်းများ

(၁၆) ရေတိုင်ဂီ၊ရေပုံး၊ကုလားထိုင်၊ပလပ်စတစ်ပိုက်နှင့်ခရီးဆောင်အိတ်အသေး စသည့်ပလပ် စတစ်ပစ္စည်းများ

(၁၇) ဆန်၊ ဂျုံ၊ ပြောင်း၊ နံှစားပြောင်းနှင့်ကွေကာ

(၁၈) အနံ့ပြင်ထားသောဆေးရွက်ကြီး

(၁၉) တန်ဖိုးနည်းကျောက်မျက်ရတနာ

(၂၀) အပ်ချုပ်စက်

(၂၁) အထည်အလိပ်

(၂၂) ၁၀၀ စီစီ အောက်ကား/(၃)ဘီးတပ်ယာဉ်

မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နဲ့ ဒိန်းမတ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန ဝန်ကြီး H.E Madam Pia Olsen Dyhr ဦးဆောင်ပြီး ထိုင်း၊ မြန်မာနှင့် ကမ္ဘောဒီးယား သံအမတ် Mikael Hemmiti Wintter နှင့်တကွ ဒိန်းမတ်စီးပွားရေးကုမ္ပဏီ ၁၅ ခုပါဝင်တဲ့ မစ်ရှင်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့ နေ့လည် ၁ နာရီအချိန်တွင် ရန်ကုန်မြို့နတ်မောက်လမ်းရှိ Chatrium Hotel မှာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါတယ်။

အဲဒီတွေ့ဆုံပွဲအခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ပွင့်ဆန်း၊ UMFCCI ဥက္ကဌ ဦးဝင်းအောင်နဲ့ တာဝန်ရှိသူများ၊ ကုမ္ပဏီစီးပွားရေးလုပ်ငန်းရှင်များ ၇၀ ဦးခန့်တက်ရောက်ကြပါတယ်။ ပထမဦးစွာ ဒိန်းမတ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး H.E Madam Pia Olsen Dyhr က အဖွင့်မိန့်ခွန်း ပြောကြား ရာတွင် မြန်မာနိုင်ငံဟာ စီးပွားရေးလုပ်ငန်းများအတွက် ပွင့်လင်းလာပြီဖြစ်၍ ဒိန်းမတ်နိုင်ငံအနေနဲ့လည်း လုပ်ကိုင်နိုင်စွမ်းရှိသည့် ကုမ္ပဏီများကိုရွေးချယ်ပြီး ယခုလိုလာရောက်ခြင်းဖြစ်ကြောင်း၊ ယခုလိုလာရောက်ခြင်းသည် ကနဦးအစသာ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်းများအဆင်ပြေစွာ တည်ထောင်ခြင်းများဆက်လက် လုပ်ဆောင်သွား မှာဖြစ်ကြောင်း၊ နှစ်နိုင်ငံ အကျိုးရှိမယ့် ဒိန်းမတ်အစိုးရအနေဖြင့်လျည်း မြန်မာနိုင်ငံမှာဆောင်ရွက်မယ့် ဒိန်းမတ် လုပ်ငန်းရှင်များကို အထောက်အပံ့ပြုသွား မှာဖြစ်ကြောင်း ပြောကြားပါတယ်။ ဆက်လက်ပြီး ဒိန်းမတ်စီးပွားရေး ကုမ္ပဏီမစ်ရှင်အဖွဲ့မှာပါဝင်တဲ့ နို့ထွက်ကုန်ပစ္စည်းကုမ္ပဏီ၊ ဆောက်လုပ်ရေးသုံး ဘိလပ်မြေ၊ ရေနှင့်ရေအသုံးချရေး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ လူသုံးကုန်၊ စားသောက်ကုန်၊ ဆေး နှင့်ဆေးပစ္စည်း စားသောက်ကုန်ပြုပြင် ထုတ်လုပ်မှုနဲ့ သိုလှောင်မှုလုပ်ငန်းများတွင်အသုံးပြုသည့် နည်းပညာများ၊ ချေးငွေနှင့် အာမခံအေဂျင်စီ၊ ကူးစက်ရောဂါထိန်းချုပ်ရေးလုပ်ငန်း စသည့်လုပ်ငန်းများရဲ့ တာဝန်ရှိသူကိုယ်စားလှယ်အသီးသီးမှ သက်ဆိုင်ရာ ကဏ္ဍအလိုက် ကုန်ပစ္စည်းများအကြောင်းကို ရှင်းလင်းတင်ပြဆွေးနွေးခဲ့ကြပါတယ်။ ဒါ့အပြင် ဒိန်းမတ်စီးပွားရေး ကိုယ်စားလှယ်အဖွဲ့နဲ့ မြန်မာနိုင်ငံစီးပွားရေးလုပ်ငန်းရှင်တို့က နှစ်နိုင်ငံစီးပွားရေးကုန်သွယ်မှုလုပ်ငန်းများတိုးမြှင့် ဆောင်ရွက် နိုင်ရန်နဲ့ ရင်းနှီးမြှုပ်နှံရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သတင်း ရရှိပါတယ်။

MIRT (DOBT)

မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့သည် နှစ်နိုင်ငံကုန်သွယ်ရေးပူးတွဲကော်မရှင်ကို ၂၀၀၃ ခုနှစ်တွင် စတင်ဖွဲ့စည်းကာ နှစ်နိုင်ငံအကြား ကုန်သွယ်မှုတိုးမြှင့်ရေးနှင့် ကုန်သွယ်မှု ဆက်ဆံရေးလုပ်ငန်းစဉ်များကို ညှိနှိုင်းဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် နှစ်နိုင်ငံ ဝန်ကြီးအဆင့် ကုန်သွယ်ရေး ပူးတွဲကော်မရှင် အစည်းအဝေးများကို အပြန်အလှန် တစ်လှည့်စီ အိမ်ရှင်အဖြစ် လက်ခံကျင်းပကာ ညှိနှိုင်းဆွေးနွေးမှုများကို ၂၀၁၁ ခုနှစ်အထိ ပဉ္စမ အကြိမ်တိုင် အစည်းအဝေးများ ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။ ယခုဆဌမအကြိမ် မြန်မာ - ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေးပူးတွဲကော်မရှင် အစည်းအဝေးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြိ့ုတွင် ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့မှ ၁၂ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာပွင့်ဆန်း သည် မြန်မာကိုယ်စားလှယ် အဖွဲ့ဝင်များနှင့်အတူ ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့ နံနက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသို့ သွားရောက်၍ ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ ဝန်ကြီး H.E. Mr. Ghulam Muhammed Quader အား ဂါရဝပြု တွေ့ဆုံကာ နှစ်နိုင်ငံကုန်သွယ်မှုဆိုင်ရာကိစ္စများကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြပါသည်။

(က) နှစ်နိုင်ငံကုန်သွယ်မှုပမာဏကို တစ်နှစ်လျှင် အမေရိကန်ဒေါ်လာသန်း(၅၀၀) ပြည့်မီရေး ရည်မှန်းဆောင်ရွက်လျှက်ရှိရာ ဖြစ်နိုင်မည့်နည်းလမ်းများကို ရှာဖွေ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊

(ခ) နယ်စပ်ကုန်သွယ်ရေးနှင့်ပတ်သက်၍ နှစ်နိုင်ငံနယ်စပ်များတွင် လက်ကားဈေး များကို နယ်မြေအေးချမ်းချိန်နှင့် နှစ်ဘက်အဆင်ပြေမည့် အချိန်များတွင် ဖွင့်လှစ်ဆောင်ရွက်ရန်ဖြစ်ကြောင်း၊

(ဂ) နှစ်ဘက်ကုန်စည်ပြပွဲများတွင် ပါဝင်ပြသကြရန်၊ ကုန်သွယ်မှု လွယ်ကူချောမွေ့ စေရေးအတွက် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေး အရာရှိများအကြား(၂)လ တစ်ကြိမ်အစည်းအဝေး ကျင်းပပြုလုပ်ရန်နှင့် ကုန်သွယ်ရေးကိုယ်စားလှယ်အဖွဲ့များ အပြန်အလှန်စေလွှတ်ရန်ဖြစ်ကြောင်း၊

(ဃ) မြန်မာနိုင်ငံမှ တစ်နှစ်လျှင် ဆားတန်ချိန် (၅၀၀၀၀)တင်ပို့လိုကြောင်းနှင့် ဆား တင်သွင်းမှုအပေါ်တွင် ကောက်ခံသည့် အခွန်နှုန်းထားများကို လျော့ချပေးရန် မေတ္တာရပ်ခံကြောင်း၊

(င) ဘင်္ဂလားဒေ့ရှ်အလုပ်သမားများကို အသုံးပြု၍ မြန်မာနိုင်ငံ၏မြေတွင် စိုက်ပိုျး ထုတ်လုပ်ပြီး၊ ထွက်ရှိလာသည့် သီးနံှများကို ဘင်္ဂလားဒေ့ရု်နိုင်ငံသို့ ပြန်လည် ဝယ်ယူတင်ပို့လိုပါကြောင်း ဘင်္ဂလားဒေ့ရု်ဖက်မှ တင်ပြချက်အပေါ် မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နံှမှု ဥပဒေအရ ကျွမ်းကျင်သူနှင့် ပညာရှင်များကို နိုင်ငံခြားရင်းနှီးမြှုပ်နံှမှုလုပ်ငန်းများတွင် ခန့်အပ်ဆောင်ရွက်ရန် ခွင့်ပြုထားကြောင်း၊ သို့သော် ပြည်ပအလုပ်သမားများ မြန်မာနိုင်ငံသို့ လာရောက်လုပ်ကိုင် ခြင်းကို ခွင့်ပြုခြင်းမရှိကြောင်း၊ ဘင်္ဂလားဒေ့ရှ်အနေဖြင့် ရင်းနှီးမြှုပ်နံှမှုဥပဒေ နှင့်အညီ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရင်းနှီးမြှုပ်နံှသူများသည် မြန်မာနိုင်ငံတွင် Contract Firming ကို လာရောက် ဆောင်ရွက်နိုင်ပါကြောင်း၊

(စ) ဘဂင်0x081လားဒေ့ရှ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံမှဆန်များကို အစိုးရနှင့် ပုဂလိက တို့အကြား ဝယ်ယူ ဆောင်ရွက်လိုပါက နားလည်မှုစာချွန်လွှာ (မူကြမ်း)ကို ပြန်လည်ပြင်ဆင်ရေးဆွဲ၍ ပေးပို့ပေးရန်လိုအပ်ကြောင်း၊ အဆိုပါကိစ္စနှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်ဘက်မှ သက်ဆိုင်ရာအဖွဲ့အစည်းနှင့် ညှိနှိုင်းဆောင် ရွက်မည်ဖြစ်ပါကြောင်း၊

(ဆ) မွေးမြူရေးနှင့် ရေလုပ်ငန်းတွင် ပူးပေါင်း ဆောင်ရွက်ရေးအတွက် နားလည်မှုစာချွန်လွှာ(မူကြမ်း)ကို ဘင်္ဂလားဒေ့ရှ်ဘက်မှ ပေးပို့ထားခြင်းအပေါ် ယင်းမှာ အတွေ့အကြုံအသစ်ဖြစ်နေသဖြင့် လေ့လာသုံးသပ်ရန် အချိန်လိုအပ် ကြောင်း၊

(ဇ) မြန်မာ့ငါးများ ဘင်္ဂလားဒေ့ရှ်သို့ တင်ပို့ရာတွင် အရည်အသွေးထိန်းသိမ်း၍တင် ပို့သော်လည်း ဘင်္ဂလားဒေ့ရှ်ဖက်၌ ကုန်ပစ္စည်းချယူမှုနှင့် သယ်ယူပို့ဆောင်မှုတို့ တွင်နှောင့်နှေးနေသဖြင့် အရည်အသွေး ကျဆင်းရကြောင်း၊ သို့ပါ၍ စစ်တကောင်းဆိပ်ကမ်းတွင် ကုန်ချခွင့်ပြုပါရန် မေတ္တာရပ်ခံကြောင်း မြန်မာဘက်မှ တင်ပြချက်အပေါ် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့အကြား ကမ်းရိုးတန်းနှင့် ပင်လယ်ရေကြောင်း သင်္ဘောများ ပြေးဆွဲရေးဆိုင်ရာ စံလုပ်ထုံးလုပ်နည်းကို လက်မှတ်ရေးထိုးပြီးပါက မြန်မာနိုင်ငံမှ ကုန်များကို ပိုမို လက်ခံဆောင်ရွက်ပေး နိုင်မည်ဖြစ်ပါကြောင်း၊

(ဈ) ဘင်္ဂလားဒေ့ရှ်-မြန်မာနှစ်နိုင်ငံ လေကြောင်းပံျသန်းရေးဆိုင်ရာ သဘောတူညီချက် (မူကြမ်း)အတွက် နှစ်ဘက်ပြည်တွင်း လုပ်ထုံးလုပ်နည်းများပြီးစီးပြီ ဖြစ်သဖြင့် လက်မှတ်ရေးထိုးနိုင်ရေးဆောင်ရွက်ရန်လိုအပ်ကြောင်း၊

(ည) “ပင်လယ်ရေကြောင်းနှင့် ကမ်းရိုးတန်းသွား သင်္ဘောများဆိုင်ရာ စံလုပ်ထုံး လုပ်နည်း (SOP)(မူကြမ်း)”ကို လက်မှတ်မရေးထိုးမီ ဆိပ်ကမ်းများ စစ်ဆေး ခြင်းကို ဆောင်ရွက်ရန်လိုအပ်သဖြင့် မြန်မာ ကိုယ်စားလှယ်အဖွဲ့အား လာမည့် နှစ် ဇန်နဝါရီလတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လာရောက်ရန် ဖိတ်ခေါ် ထားပါကြောင်း၊

(ဋ) အာရှငွေစာရင်း ရှင်းလင်းရေး သမ္မဂ၏ ယန္တတရား လုပ်ငန်းစဉ်(ACU mechanism) ကို နှစ်ဘက်လုပ်ငန်းရှင်များ အသုံးပြုရေး တွန်းအားပေး လှုံ့ဆော်သွားရန် လိုအပ်ကြောင်း၊

(ဌ) ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံမှ ရေအားလျှပ်စစ်ဝယ်ယူတင်သွင်း လိုခြင်းကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းတွင် လျှပ်စစ် ဓါတ်အား လိုအပ်ချက် မြင့်မားမှုကြောင့် လက်ရှိအခြေအနေတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ လျှပ်စစ်ဓါတ်အားတင်ပို့နိုင်သည့် အခြေအနေမရှိသေးကြောင်း၊

(ဍ) ဘင်္ဂလားဒေ့ရှ်ဘက်မှ ရေနံနှင့် သဘာဝဓါတ်ငွေ့တွင် ပူးပေါင်း ဆောင်ရွက်လိုပါကြောင်း၊

(ဎ) နယ်စပ်ဒေသ၌ အအေးခန်းနှင့် အထောက်အကူပြုပစ္စည်းများ တည်ထောင်ရေး နှင့် ပတ်သက်၍ ရှေ့ဆက်လက် ဆောင်ရွက်ရေးကို တွန်းအားပေးသွားရန် လိုအပ်ကြောင်း၊

(ဏ) မြန်မာ့ပို့ကုန်များအတွက် ဆိပ်ကမ်းများအသုံးပြုခွင့်ပြုရန်၊ မြန်မာလှေများ ကုန်တင်/ကုန်ချ လုပ်ငန်းများ ဆောင်ရွက်နေချိန်အတွင်း လိုအပ်သောအစား အသောက်၊ လောင်စာဆီနှင့် သောက်ရေသန့်များ ဝယ်ယူခွင့်ပြုရန်နှင့် မြန်မာ သင်္ဘောသားများ၏ လုံခြုံ ရေးကိုတာဝန်ယူ ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ ထို့အပြင်ဘင်္ဂလားဒေ့ရှ် အလုပ်သမားများ အနေဖြင့် ကုန်ပစ္စည်းများ လက်ခံချယူရာတွင် ကောင်းမွန်စွာ ကိုင်တွယ်ဆောင်ရွက်ရေး ကူညီပေးရန် လိုအပ်ကြောင်း၊

(တ) ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ သွင်းကုန်လုပ်ငန်းရှင်တစ်ဦးအနေဖြင့် အခွန်အခများ မြင့်မားမှုကို အကြောင်းပြ၍ မြန်မာနိုင်ငံမှ ပို့ကုန်လုပ်ငန်းရှင်နှင့် ခုျပ်ဆိုထားသော စာခုျပ်အပေါ် လေးစားလိုက်နာရန် ပျက်ကွက်နေခြင်းအပေါ် ဘင်္ဂလားဒေ့ရှ်ဘက်မှ ကြားဝင်ဖြန်ဖြေပေးရန်လိုအပ်ကြောင်း၊ ထို့အပြင် နှစ်နိုင်ငံမှ အဖွဲ့အစည်းများအကြား အငြင်းပွားမှုများကို ဖြေရှင်းရန် ခုံသမာဓိဖြင့် ဆုံးဖြတ်သောစနစ်တစ်ခု ဖြစ်ပေါ်လာစေရေး ဖြစ်နိုင်ခြေအလား အလာများ စူးစမ်းရှာဖွေရန်လိုအပ်ကြောင်း၊

(ထ) မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံရင်းနှီးမြှုပ်နံှမှု သဘောတူညီချက် ရေးထိုးနိုင်ရေး ဖြစ်နိုင်ချေ အလားအလာများ စူးစမ်းရှာဖွေဆောင်ရွက်သင့်ကြောင်း စသည်ဖြင့် ဆွေးနွေးခဲ့ကြပါသည်။

မြန်မာ - ဘင်္ဂလားဒေ့ရှ် သတ္တမအကြိမ် ကုန်သွယ်ရေးပူးတွဲကော်မရှင် အစည်းအဝေးကို မြန်မာနိုင်ငံ၊ နေပြည်တော်တွင် ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလအတွင်း နှစ်ဖက်ညှိနှိုင်း ကျင်းပရန် သဘောတူညီ ခဲ့ပါသည်။

Pages