Meeting & Activities

တနင်္ဂနွေနေ့ ။ ၀၆ ဇန်နဝါရီလ ၂၀၁၃ 21:20 PM

နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှု ကဏ္ဍ မြင့်မား တိုးတက်စေရန်နဲ့ ကုန်သွယ်မှု လုပ်ငန်းများ ဆောင်ရွက်ရာမှာ တွေ့ကြုံရတဲ့ အခက်အခဲ အတား အဆီးများကို ဌာန ဆိုင်ရာများ၊ ကုမ္ပဏီ လုပ်ငန်းရှင်များ ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေး နိုင်ရန် ရည်ရွယ်ပြီး ပြည်နယ် အစိုးရ အနေနဲ့ ကုန်သွယ်မှု မြှင့်တင်ရေး အစည်းအဝေးများကို အလေးအနက်ထား တက်ရောက် ကြီးကြပ် ညှိနှိုင်း ပေးရခြင်း ဖြစ်တယ်လို့ ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ စီမံကိန်းနဲ့ စီးပွားရေး ဝန်ကြီး ဦးမြအောင်က ဒီဇင်ဘာလ ၂၉ ရက်နေ့က ရခိုင် ပြည်နယ် ကုန်သည်များနဲ့ စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်း အစည်းအဝေး ခန်းမမှာ ကျင်းပ ပြုလုပ်တဲ့ စစ်တွေ နယ်စပ် ကုန်သွယ်မှု မြှင့်တင်ရေး အစည်းအဝေးမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဝန်ကြီးမှ ပြည်သူ ဗဟိုပြု အစိုးရ အဖွဲ့ အနေနဲ့ အားလုံးကို ထဲထဲ ဝင်ဝင် လုပ်ဆောင်ပေးမှာ ဖြစ်ကြောင်း၊ ဌာန ဆိုင်ရာ အပိုင်းများမှ လုပ်ပေး နေသလို ကုန်သည်များ အပိုင်းမှလည်း ပို့ကုန် သွင်းကုန် ကုန်သွယ်မှု ပမာဏ လျာထားချက် ပြည့်မီအောင် ကြိုးစား ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ ကုန်သည်များ အနေနဲ့ တရားဝင် လုပ်နေတဲ့ သူများ ဖြစ်ကြောင်း၊ တရားမဝင် ကုန်သွယ်မှု တားဆီးရေးနဲ့ စားသုံးသူ အကာအကွယ် ပေးရေး လုပ်ဆောင်ချက် အရ တရားမဝင် ကုန်သွယ်မှု ဆောင်ရွက်လာလျှင် Mobile Team အဖွဲ့ဖြင့် တားဆီးရမှာ ဖြစ်ကြောင်း အစည်းအဝေး အဖွင့် အမှာစကား ပြောကြားရာမှာ နိဂုံးချုပ် ထည့်သွင်း ပြောကြား ခဲ့တယ်လို့ သတင်း ရရှိပါတယ်။

ရခိုင် ပြည်နယ်မှာ နယ်စပ် ကုန်သွယ်ရေး စခန်း (၂)ခု ဖွင့်လှစ်ထားရာမှာ မောင်တော နယ်စပ် ကုန်သွယ်ရေး စခန်းကို ၁၉၉၅ ခုနှစ် စက်တင်ဘာ လနဲ့ စစ်တွေ နယ်စပ် ကုန်သွယ်ရေး စခန်းကို ၁၉၉၇ ခုနှစ် နိုဝင်ဘာ လတို့မှာ ဖွင့်လှစ် ထားခဲ့ပြီး ဖြစ်ပါတယ်။ တစ်ဖက် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ပုစွန်၊ ရေချိုငါး၊ ငါးမျိုးစုံ၊ ငါးခြောက်၊ ကုန်စုံ၊ ဝါးနဲ့ ဆားတို့ တင်ပို့ လျက်ရှိပြီး သွင်းကုန် အနေနဲ့ ဖိနပ်၊ စွပ်ကျယ်ပိတ်၊ ဒါန်ရေတကောင်းတို့ တင်သွင်း လျက်ရှိပါတယ်။

Source: နကသ (စစ်တွေ) စစ်တွေမောင်

ကြာသပတေးနေ့ ၀၃ ဇန်နဝါရီလ ၂၀၁၃ 12:20PM

စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်း

# ကုန်သွယ်မှုမြှင့်တင်ရေး အစည်းအဝေးတွင် ကျင်းပနေပုံ

စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်း

#

ကုန်သွယ်မှုမြှင့်တင်ရေး အစည်းအဝေးကျင်းပနေပုံ

စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်း

# ကုန်သွယ်မှုမြှင့်တင်ရေး အစည်းအဝေးတွင် ဒု-ညွှန်ကြားရေးမှူး ဦးရန်နိုင်မြင့်မှ ဆွေးနွေးပြောကြားနေပုံ

စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်း

#

ကုန်သွယ်မှုမြှင့်တင်ရေး အစည်းအဝေးကျင်းပနေပုံ

စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းအနေဖြင့် ကုန်သွယ်မှုတိုးတက်စေရန်နှင့် ကုန်သွယ်မှုလုပ်ငန်းများ မှန်ကန်မြန်ဆန်စေရန် ရည်ရွယ်၍ ၂၀၁၂ ခုနှစ် ၊ ဒီဇင်ဘာ လ(၂၉) ရက် ၊ (၁၃:၀၀) နာရီအချိန် ၊ ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းအစည်းအဝေးခန်းမ၌ ၂၀၁၂ခုနှစ်၊ ဒီဇင်ဘာလအတွက် အစည်း အဝေး ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် စီမံကိန်းနှင့်စီးပွားရေးဝန်ကြီးဌာန ပြည်နယ်ဝန်ကြီး ၊ ပြည်နယ်စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူး ၊ ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဌ ၊ ဌာနဆိုင်ရာ အရာထမ်းများ ၊ ကုန်သည်လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပါပြီး စစ်တွေနယ်စပ်မှ ပို့ကုန်၊သွင်းကုန် လုပ်ငန်းများ အဆင်ပြေချောမွေ့စေရန်နှင့် လုပ်ငန်းရှင်များ လုပ်သာကိုင်သာရှိစေရန် အချက်များအား ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။

Source: စစ်တွေ(နကသ)

ဗုဒ္ဓဟူးနေ့၊ ၀၂ ဇန်နဝါရီလ ၂၀၁၃ 17:10 PM

တာချီလိတ် နယ်စပ်ကုန်သွယ်ရေး စခန်း၏ ၂ဝ၁၂ ခုနှစ်၊ ဒီဇင်ဘာလ အတွက် ကုန်သွယ်မှု မြှင့်တင်ရေး အစည်းအဝေးကို ၂၈-၁၂-၂ဝ၁၂ ရက်နေ့ ၁၃းဝဝ ချိန်တွင် တာချီလိတ် မြို့နယ်အကောက်ခွန် ဦးစီးဌာန အစည်းအဝေး ခန်းမမှာ ကျင်းပပြုလုပ်ခဲ့ ပါသည်။ အဆိုပါ အစည်းအဝေးတွင် တာချီလိတ် ခရိုင် အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေးမှ ကုန်သွယ်မှု တိုးတက်အောင် တရားမဝင်မှောင်ခိုလျော့နည်း ပပျောက်အောင်၊ ကုန်သည်များ၊ လုပ်ငန်းရှင်များ တစ်ဖက်နိုင်ငံနှင့် ကုန်သွယ်မှုပြုလုပ်ရာမှာ အသာစီး ရရှိအောင် ဆောင်ရွက်ကြရန် ပြောကြားခဲ့ ပါသည်။

တာချီလိတ် နယ်စပ်ကုန်သွယ်ရေး စခန်း၊ ညွှန်ကြားရေးမှူး ဦးမောင်မောင်ထွန်းမှလည်း ဒီဇင်ဘာလ အတွင်း ကုန်သွယ်မှု အခြေအနေများကို တင်ပြခဲ့ရာတွင် ဒီဇင်ဘာလ ၂၇ ရက်နေ့ထိ ကုန်သွယ်မှုပမာဏ တန်ဖိုး  အမေရိကန်တန်ဖိုးဒေါ်လာ ၅ ဒသမ ၃ဝ၃ သန်း ရရှိနေပြီဖြစ်သောကြောင့် လျာထားချက် ၅ ဒသမ ၁၈၈ ဒေါ်လာသန်းကို ပြည့်မီ ကျော်လွန်အောင် ဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်ကြောင်း ပြောကြားခဲ့ ပါသည်။ တရားမဝင် ကုန်သွယ်မှုများ ထိန်းချုပ် တားဆီးနိုင်ရန် အတွက် စခန်း ထုတ်နုတ် အင်အားနှင့် Mobile Team ကို ဇန်နဝါရီလ ၁ ရက်နေ့က စတင်ပြီး အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ ပါသည်။

ထို့နောက် တက်ရောက်လာကြသော ကုန်သည် လုပ်ငန်းရှင်များ၏ တင်ပြချက်များနှင့် သိရှိလို၍   မေးမြန်းချက်များ အပေါ် တာဝန် ရှိသူများမှ ပြန်လည် ရှင်းလင်း ဖြေကြားခဲ့သည်ဟု သတင်းရရှိပါသည်။

အေးအေးဝင်း (နကသ၊ တာချီလိတ်)

အင်္ဂါနေ့၊ ၀၁ ဇန်နဝါရီလ ၂၀၁၃ 19:10PM

တရားမဝင်ကုန်သွယ်မှုများ အနေဖြင့် နိုင်ငံတော်၏ စီၤးပွားရေးဖွံ့ဖြိုးတိုးတက်မှု အပေါ် ကြီးမားသည့် ထိုးနှက်ချက်ဖြစ်သည့် အပြင် အရည်အသွေး မပြည့်ဝသော ကုန်ပစ္စည်းများကြောင့် စားသုံးသူ ပြည်သူများ အတွက် ထိခိုက် အန္တရာယ် ဖြစ်ပွားမှုများကိုလည်း ကြုံတွေ့လျက် ရှိသည်ကို တွေ့မြင်ကြရမည် ဖြစ်ကြောင်း၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး ဌာန အနေဖြင့် နိုင်ငံတော်၏ ရည်မှန်းချက် ဖြစ်သည့် ကုန်သွယ်မှု ဖွံ့ဖြိုး တိုးတက်ပြီး နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု အရှိန်အဟုန်တို့ကို တိုးမြှင့် သွားနိုင်ရန် ကုန်သွယ်မှု မြှင့်တင်ရေး ဆိုင်ရာ မဟာဗျူဟာ ရည်မှန်းချက်များ ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်းဖြင့် တရားမဝင် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီ ဥက္ကဌ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းမြင့် က ယနေ့ မွန်းလွဲ ၁ နာရီတွင် ဝန်ကြီးဌာန စုပေါင်း ခန်းမ၌ ကျင်းပသည့် တရားမဝင် ကုန်သွယ်မှု တားဆီး ထိန်းသိမ်းရေး ဗဟိုကော်မတီ ပထမ အကြိမ် လုပ်ငန်း ညှိနှိုင်း အစည်းအဝေးတွင် ပြောကြားသည်။

ဆက်လက်ပြီး ပြည်ထောင်စု ဝန်ကြီးက နယ်စပ်ကုန်သွယ်ရေး စခန်းများ၊ နယ်စပ် လမ်းကြောင်းများတွင် သာမက အမိန့် ကြော်ငြာစာတွင် ပါသည့် သင်္ဘော ဆိပ်များ၊ လေဆိပ်များနှင့် အခြား ကုန်သွယ်မှု ပြုလုပ်သည့် နေရာဒေသများ၌ တရားမဝင် ကုန်သွယ်မှုများကို တားဆီး ထိန်းချုပ်နိုင်ရေး ကြီးကြပ် ဆောင်ရွက်ခြင်း၊ တည်ဆဲ ဥပဒေများ၊ အမိန့်များနှင့် အညီ ကြီးကြပ် ဆောင်ရွက်ခြင်း၊ တရားမဝင် ကုန်သွယ်မှု ပြုလုပ်ခြင်း မရှိစေရန် အသိပညာပေး လုပ်ငန်းများကို သက်ဆိုင်ရာ ဌာနများ၊ အသင်းအဖွဲ့များ နှင့် ပူးပေါင်း ဆောင်ရွက်ခြင်း၊ စားသုံးသူ ပြည်သူများ အကျိုးစီးပွား နစ်နာလာ နိုင်သည့် ကိစ္စရပ်များကို ကာကွယ်ခြင်း၊ နိုင်ငံတော် အတွက် အခွန်ကောက်ခံ ရရှိမှု အပါအဝင် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရ အဖွဲ့များ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသများနှင့် ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက် သွားရမည်ဖြစ်ပြီး တိုင်းဒေသကြီး၊ ပြည်နယ် အလိုက် တရားမဝင် ကုန်သွယ်မှု တားဆီး ထိန်းချုပ်ရေး လုပ်ငန်း ကော်မတီများ၊ ဖွဲ့စည်း ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ တရားမဝင် ကုန်သွယ်မှု တားဆီး ထိန်းချုပ်နိုင်ရေး ဗဟို အဆင့်တွင် ရှောင်တခင် စစ်ဆေးရေး အသွင်ဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ လုပ်ငန်း ဆောင်ရွက်ရာတွင် ပွင့်လင်း မြင်သာမှု ရှိစေရန်၊ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် အတွက် သတင်း ထုတ်ပြန်ရေး လုပ်ငန်း ကော်မတီကို ဖွဲ့စည်း ဆောင်ရွက်သွား မည်ဖြစ်ပြီး တရားမဝင် ကုန်သွယ်မှုများကို တားဆီး ထိန်းချုပ်ခြင်း သာမက စားသုံးသူ ထိခိုက်စေမည့် ကုန်ပစ္စည်းများ တင်သွင်းမှု အပေါ် တားဆီး အရေးယူမှုများ ဆောင်ရွက် သွားမည်ဖြစ်ပြီး လုပ်ငန်း အဆင့်တိုင်းတွင် ညှိနှိုင်း ပေါင်းစပ် ဆောင်ရွက် သွားကြရန်နှင့် ယခု စတင် ဆောင်ရွက်နေသည့် အစီအစဉ်များကိုလည်း ထိရောက်သည့် ဆောင်ရွက်မှုများ ဖြစ်စေရန် ပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ်ကြောင်းဖြင့်လည်း ဆွေးနွေးမှာကြား သည်။

အကြံပြုဆွေးနွေး

ထို့နောက် တရားမဝင် ကုန်သွယ်မှု တားဆီး ထိန်ချုပ်ရေး ဗဟိုကော်မတီ ဒုတိယ ဥက္ကဌများ၊ အတွင်းရေးမှူး၊ တိုင်းဒေသကြီး၊ ပြည်နယ် အသီးသီးမှ စီးပွားရေး ဝန်ကြီးများ၊ တက်ရောက် လာကြသည့် ဌာနဆိုင်ရာများက တရားမဝင် ကုန်သွယ်မှုများနှင့် ပတ်သက်ပြီး ဆက်လက် ဆောင်ရွက်သင့်သည့် ကိစ္စရပ်များကို အကြံပြု ဆွေးနွေးခဲ့ကြောင်း သတင်း ရရှိပါသည်။

ကမရ(နကသ)

ဆဌမအကြိမ် မြန်မာ- ထိုင်း ကုန်သွယ်ရေးပူးတွဲကော်မရှင် အစည်းအဝေး (6th Joint Trade Committee) ကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြိ့ုမှာ ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာ လ ၁ ရက်နေ့မှ ၂ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပါတယ်။ မြန်မာနိုင်ငံဘက်မှ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့် ဦးဆောင်တဲ့ ဌာနဆိုင်ရာ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပြီး ထိုင်းနိုင်ငံဘက်မှ Commerce Minister Boonsong Teriyapirom ဦးဆောင်တဲ့ အဖွဲ့တက်ရောက်ခဲ့ပါတယ်။

နှစ်နိုင်ငံ ကုန်သွယ်မှုမြှင့်တင်ဖို့ အကောက်ခွန်နှင့် အခြားအတားအဆီးများကို ဖယ်ရှားသွားဖို့ နှစ်ဘက် သဘောတူညီခဲ့ပြီး နယ်စပ်ကုန်သွယ်ရေး ဆိုင်ရာနယ်စပ် စခန်းသစ်များဖွင့်လှစ်သွားနိုင်ရေးကို အဓိကထားပြီး မြန်မာ - ထိုင်းနှစ်နိုင်ငံ ကုန်သွယ်မှု တိုးမြှင့်ရေး ဆိုင်ရာ ကိစ္စရပ် များကို ဆွေးနွေးခဲ့ပါတယ်။ ထို့အပြင် မြန်မာ - ထိုင်း နယ်စပ် တစ်လျှောက် ကုန်စည်ပြပွဲများကျင်းပသွားနိုင်ရေး ၊ နှစ်နိုင်ငံရင်းနှီးမြှပ်နံှမှု လုပ်ငန်းရှင်များကို အားပေးကူညီရေး နှင့် နှစ်ဘက်အစိုးရ အရာရှိများ အပြန်အလှန် အလုပ်သဘော လည်ပတ်စေလွှတ်ခြင်းတို့ ဆောင်ရွက်သွားရေး၊ စက်မှုဇုန် နှင့် စီးပွားရေးဇုန်များ ပေါ်ပေါက်လာစေရေး ဘဏ်လုပ်ငန်းဆိုင်ရာနှင့် ထားဝယ်ရေနက် ဆိပ်ကမ်းစီမံကိန်း လုပ်ငန်းမှာ ထိုင်း လုပ်ငန်း ရှင်တွေကို ရင်းနှီးမြှုပ်နှံခွင့်များ ရရှိစေဖို့ အကူအညီပေးရေး ကိုလည်း တောင်းဆိုဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံဟာ အာဆီယံနိုင်ငံတွေမှာ ထိုင်းနိုင်ငံရဲ့ ဆဌမအကြီးဆုံး ကုန်သွယ်ဘက်ဖြစ်ပြီး နှစ်နိုင်ငံ ကုန်သွယ်မှု တစ်နှစ်ထက် တစ်နှစ် တိုးတက်လာခဲ့ရာ ယမန်နှစ်က ၆.၁ ဘီလီယံဒေါ်လာ တန်ဘိုးရှိခဲ့တဲ့ အနက် ၈၅% ဟာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ ဖြစ်တယ်လို့ ထိုင်းစီးပွားကူးသန်းဝန်ကြီးက ပြောကြားခဲ့ပါတယ်။

Pages