Meeting & Activities

အင်္ဂါနေ့ ၂ ဧပြီလ  ၂၀၁၃ 10 :48  AM

ကန်ပိုက်တီး ကူးသန်း ရောင်းဝယ်ရေး နယ်စခန်း ၏ ၃/၂ဝ၁၃ ကြိမ်မြောက် ကုန်သွယ်မှု မြှင့်တင်ရေး အစည်း အဝေးကို ၂ဝ၁၃ ခုနှစ် မတ်လ ၂၂ ရက်နေ့ ၁၃းဝဝ ချိန်၌ ကန်ပိုက်တီး ကူးသန်း ရောင်းဝယ်ရေး နယ်စခန်း အစည်း အဝေး ခန်းမ၌ ကျင်းပ ခဲ့ရာ အဆိုပါ အစည်း အဝေး သို့ ကန်ပိုက်တီး ကူးသန်း ရောင်းဝယ်ရေး နယ်စခန်း မှ OSS ဌာန ဆိုင်ရာ အသီးသီးမှ တာဝန် ရှိသူများ၊ နယ်မြေခံ (၁ဝဝ၃) နယ်ခြား စောင့်တပ် မှ တာဝန် ရှိသူ များ၊ မြို့နယ်ခွဲ အထွေထွေ အုပ်ခုျပ်ရေး ဦးစီး ဌာနမှူး နှင့် ဆက်စပ် ဌာန ဆိုင်ရာ များ၊  ကန်ပိုက်တီး ကူးသန်း ရောင်းဝယ်ရေး ကုန်သည်ကြီးများ အသင်း ဥက္ကဌ နှင့် ကုန်သည် လုပ်ငန်းရှင်များ တက်ရောက် ကြပြီး အစည်း အဝေး၌ ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာနှစ် အတွင်း ပို့ကုန်၊ သွင်းကုန် ကုန်သွယ်မှု ပမာဏ လျာထား ချက်များ အပေါ် အကောင် အထည်ဖော် ဆောင်ရွက် ပြီးစီးမှု အခြေ အနေ များ၊ ပို့ကုန် သွင်းကုန် လုပ်ငန်းများ ဆောင်ရွက် ရာတွင် ကုန်သွယ်မှု လျင်မြန်စွာ ချောမွေ့ စေရေး၊ နိုင်ငံတော်မှ ပြောင်းလဲ ဆောင်ရွက် လျက်ရှိ သည့် ပို့ကုန် သွင်းကုန် လုပ်ငန်း များတွင် လိုင်စင် ပြုလုပ်ရန် မလိုဘဲ တင်ပို့ တင်သွင်း ခွင့်ပြု လျက် ရှိသည့် အခြေ အနေများ၊ တစ်ဦးတည်းပိုင် ပို့ကုန် သွင်းကုန် လက်မှတ် ထုတ်ပေး ဆောင်ရွက် မည့် အခြေ အနေ များ၊ ကုန်သည် လုပ်ငန်းရှင်များ လုပ်သာ ကိုင်သာ ရှိစေရေး နိုင်ငံတော် မှ ဖြေလျော့ ပေးမှု အခြေ အနေများ အပေါ် ကုန်သည် လုပ်ငန်းရှင် များမှ သိရ ှိနားလည်ပြီး နိုင်ငံတော် အပေါ် သစ္စာ ရှိရှိ အလုပ် အကျွေး ပြုရန် နဲ့ မှန်ကန်တဲ့ ကုန်သွယ်မှု လမ်းကြောင်း ပေါ်၌သာ လျှောက်လှမ်း ဆောင်ရွက် ရမည့် ကိစ္စ ရပ်များ၊ ကုန်သွယ်မှု လမ်းကြောင်း တစ်လျှောက်ရှိ တရား မဝင် ငွေကြေး ကောက်ခံ နေသည့် ကိစ္စများ အပါ အဝင် ကုန်သွယ်မှု ဆိုင်ရာ ကိစ္စ များအား ဆွေးနွေး ညှိနှိုင်း ခဲ့ကြောင်း သတင်း ရရှိ ပါတယ်။

ကသရ (ကပတ)

ကြာသပတေးနေ့  ၁၄ မတ်လ  ၂၀၁၃ 12 း 46 PM

ပို့ကုန်သွင်းကုန် လုပ်ထုံးလုပ်နည်း ရက်တိုသင်တန်း ၁/၂ဝ၁၃ ကို တာချီလိတ်မြို့ နယ်စပ် ကုန်သည်ကြီး များ အသင်းရုံးမှာ မတ်လ ၄ ရက်မှ ၁၃ ရက်နေ့ထိ ဖွင့်လှစ်လျက်ရှိပါတယ်။  .........ဆက်လက်ဖတ်ရှုပါရန် ခေါင်းစဉ်ကိုနှိပ်ပါ

 

သင်တန်းဖွင့်ပွဲ အခမ်းအနား ကို မတ်လ ၄ ရက်နေ့က တာချီလိတ် နယ်စပ်ကုန်သည် အသင်းရုံးမှာ ကျင်းပခဲ့ပြီး ဖွင့်ပွဲ အခမ်းအနားသို့ တာချီလိတ် ခရိုင်အုပ်ခုျပ်ရေးမှူး၊ ဌာနဆိုင်ရာများ၊ တာချီလိတ် ကုန်သည် အသင်း ဥက္ကဌနှင့် အလုပ်အမှုဆောင်များ၊ သင်တန်းသားများ တက်ရောက် ခဲ့ကြတယ်လို့ သိရပါတယ်။ သင်တန်း ကာလမှာ ၁ဝ ရက် ကြာမြင့်မှာ ဖြစ်ပြီး သင်တန်းသား ၄၉ ဦး တက်ရောက် ခဲ့ကြပါတယ်။ သင်တန်း ဖွင့်ပွဲမှာ တာချီလိတ် နယ်စပ်ကုန်သွယ်ရေး စခန်း တာဝန်ခံ ဦးမောင်မောင်ထွန်းမှ အဖွင့် အမှာစကားမြွက် ကြားခဲ့တယ်လို့ သိရပါတယ်။ သင်တန်းမှာ ကုန်သွယ်မှု မူဝါဒနဲ့ လုပ်ထုံးလုပ်နည်းများ၊ ပို့ကုန်သွင်းကုန်ဆိုင်ရာ မူဝါဒနှင့် လုပ်ထုံးလုပ်နည်း များ၊ လိုင်စင် လျှောက်ထားပုံ အဆင့်ဆင့်၊ ပို့ကုန် လိုင်စင် လျှောက်ထား ရာမှာ Sale Contract/ Invoice တို့မှာပါဝင်ရမဲ့ အချက်များ၊ လိုင်စင် ထုတ်ပေးပုံ အဆင့်ဆင့်၊ သင်တန်း သားများနဲ့ အပြန် အလှန် ဆွေးနွေးခြင်း၊ သစ်တောထွက် ပစ္စည်းများ ကာကွယ် ထိန်းသိမ်းခြင်းနဲ့ အရေးယူခြင်း၊ CITES ပါမစ် ထုတ်ပေးခြင်း၊ Transit Trade Incoterms ပင်ရင်းဒေသ စည်းမျဉ်းနဲ့ ပင်ရင်းဒေသ သက်သေခံ လက်မှတ် ထုတ်ပေးခြင်း၊ ထုတ်ကုန် သွင်းကုန်မှတ်ပုံ တင်ခြင်းနှင့် သက်တမ်းတိုးခြင်း၊ စားသုံးသူ အကာအကွယ် ပေးရေး၊ အကောက်ခွန် ဆိုင်ရာ လုပ်ထုံးလုပ်နည်းများနဲ့ အကောက်ခွန်ဥပဒေများ၊ Single Window System နဲ့ ဆိပ်ကမ်း များမှ တင်ပို့ တင်သွင်းမှု စနစ်များ၊ ကုမ္ပဏီ မှတ်ပုံတင်ခြင်းနဲ့ သက်တမ်းတိုးခြင်း၊ အခွန် ကောက်ခံမှု ဆိုင်ရာ မူဝါဒနဲ့ လုပ်ထုံးလုပ်နည်းများ၊ UMFCCI ဖွဲ့စည်းပုံနှင့် နိုင်ငံတကာ ဆက်သွယ် ဆောင်ရွက်မှုများ၊ သစ်သီးဝလံ အသင်း ဆောင်ရွက်မှုနှင့် ဘုရင့်နောင် ကုန်စည်ဒိုင်ရဲ့ လုပ်ငန်းဆောင်ရွက်မှုများ၊ အထူးပြု ကုမ္ပဏီများနဲ့ ကုန်စည်ဒိုင်များ အကြောင်း၊ FDA ထောက်ခံချက် အရ စားသောက်ကုန်နဲ့ ဆေးဝါးများ စစ်ဆေးခြင်း ဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ ဘဏ်လုပ်ငန်း အကြောင်းနဲ့ LC/TT စနစ် အကြောင်း သိကောင်းစရာများ၊ အပင်ပိုးမွှားနဲ့ ပတ်သက်ပြီး ပြဌာန်းထားတဲ့ ဥပဒေများနဲ့ ဓာတ်မြေသြဇာ စစ်ဆေးမှု လုပ်ငန်းများနဲ့ စပ်လျဉ်းပြီး စနေ၊ တနင်္ဂနွေ အပါ သင်တန်းကာလ (၁ဝ) ရက်တာအတွင်းမှာ ပို့ချပေးသွား မှာဖြစ်ပါတယ်။

ဒီသင်တန်းနဲ့ စပ်လျဉ်းပြီး အကောက်ခွန် ဦးစီးဌာန၊ မြို့နယ် ဦးစီးမှူး ဦးဝင်းနိုင်က ယခုဖွင့်လှစ်တဲ့ လုပ်ထုံးလုပ်နည်း ရက်တို သင်တန်းမိုျးကို မိမိတို့ အကောက်ခွန် ဦးစီးဌာနမှာ တစ်နှစ်လျှင် တစ်ကြိမ်သာ ဖွင့်လှစ် နိုင်ကြောင်း၊ လွန်စွာ တန်ဖိုးရှိတဲ့ သင်တန်းဖြစ်တဲ့ အတွက် အခွင့်အရေး ရရှိတုန်းမှာ ကုမ္ပဏီပိုင်ရှင်များပါမကျန် ဗဟုသုတရရှိရန် တက်ရောက်ကြခြင်းဖြင့် ကုမ္ပဏီကိစ္စ၊ ထုတ်ကုန် သွင်းကုန် မှတ်ပုံတင် ကိစ္စ၊ လိုင်စင် ကိစ္စများ နားလည်ပြီး ကြိုတင် ချိန်ဆပြီး လုပ်ငန်း လုပ်ဆောင်နိုင်မဲ့ အကိုျး ကျေးဇူးများ ရရှိနိုင် စေမယ်လို့ ပြောကြားခဲ့တယ်လို့ သိရပါတယ်။

လူဝင်မှု ကြီးကြပ်ရေးနဲ့ အမိုျးသား မှတ်ပုံတင်ရေး ဦးစီးဌာနမှ ဒုတိယခရိုင်မှူး ဦးကျော်စွာလွင် ကလည်း ဒေသနေ ပြည်သူများ အနေနဲ့ စီးပွားရေး ဗဟုသုတ မရှိလျှင် အခြားလူ- နောက်လူများက ကျော်တက် သွားမည် ဖြစ်ကြောင်း၊ မိမိ ဒေသ မိမိနေရာမှာ စီးပွားရေး လုပ်ငန်းတစ်ခု နေရာတစ်ခု ရယူထားရန် လိုအပ်မဲ့ အပြင် ဗဟုသုတ အနေနဲ့ နိုင်ငံတကာ ကုန်သွယ်မှု စနစ်များကို သိရှိ နားလည် ထားဖို့ လိုအပ်ကြောင်း၊ ယခု ဖွင့်လှစ်မဲ့ ပို့ကုန် သွင်းကုန် လုပ်ထုံးလုပ်နည်း ရက်တို သင်တန်း မှာလည်း သင်ကြား ပို့ချ သွားမည်ဖြစ်ရာ နိုင်ငံတော်မှ စီးပွားရေး တိုးတက်လာ စေရန် တွဲခေါ် နေချိန်မှာ ဒေသခံ ပြည်သူများ နေရာ တစ်နေရာ ယူမထားလျှင် နောက်ကျကျန် သွားမည် ဖြစ်ကြောင်း၊ ယခုအခါ Arrival Visa နဲ့ နိုင်ငံ ခြားသားများ ဝင်ရောက်ခွင့် ရတော့မည် ဖြစ်ရာ နောင်စီးပွားရေး လုပ်ငန်းများ ခဲျ့ထွင် ရာမှာ လက်ဦးမှု ရရှိစေရေး စောစော နေရာ ယူထားကြရန် လိုအပ်ကြောင်းနဲ့ ယခုဖွင့်လှစ်မဲ့ ပို့ကုန် သွင်းကုန် လုပ်ထုံးလုပ်နည်း သင်တန်းဟာ လွန်စွာ အဖိုးတန်ကြောင်း၊ လူတိုင်း တက်ထား သင့်ကြောင်း ပြောကြား ခဲ့တယ်လို့ သိရပါတယ်။

Source နကသ (သင်တန်း) တခလ MIRT

ဗုဒ္ဓဟူးနေ့  ၁၃ မတ်လ  ၂၀၁၃ 02 း 38 PM

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး ဆိုင်ရာ အောက်ခြေအဆင့် အရာရှိများ ပူးတွဲ လုပ်ငန်းအဖွဲ့ အစည်းအဝေး အတွက် အကြိုညှိနှိုင်း အစည်းအဝေးကို သီးခြား ခေါ်ယူရန် လိုအပ်ကြောင်း၊ တစ်ဖက် နိုင်ငံတွင် အစည်းအဝေး မတက်ရောက်မီ မိမိတို့ဖက်ခြမ်း၌ တက်ရောက်မည့် ဌာနဆိုင်ရာများ၊ ကုန်သည်များ အကြိုညှိနှိုင်း အစည်းအဝေးကို မဖြစ်မနေ ကျင်းပရန် လိုအပ်ကြောင်း၊ ယင်းအစည်းအဝေးတွင် ဆွေးနွေးလိုသည့် အချက်များကို တင်ပြကြမည် ဖြစ်ကြောင်းကို မောင်တောကုန်သည်များအသင်းဥက္ကဌမှ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ မောင်တောမြို့ ဒေဝါနဒီ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်တဲ့ မောင်တော နယ်စပ်ကုန်သွယ်ရေး စခန်း၏ ကုန်သွယ်မှု မြှင့်တင်ရေး အစည်းအဝေးမှာ ပြောကြား ခဲ့တယ်လို့ သိရပါတယ်။ ဆက်လက်ပြီး ကုန်သည်များအနေဖြင့် ကုန်သွယ်မှုအပိုင်းတွင် မိမိတို့ဖက်မှ လိုအပ်ချက်များကို ထိထိ ရောက်ရောက် ဆွေးနွေးဖို့လိုပါကြောင်း၊ လိုအပ်သည့် အခွင့်အရေး ကိုလည်း ထိထိရောက်ရောက် တောင်းခံဖို့ လိုပါကြောင်း၊ မိမိတို့ဖက်မှ ပို့ကုန်တင်ပို့မှုအပိုင်းတွင် တစ်ဖက်နိုင်ငံမှ ကန့်သတ်မှုများအပေါ် ဖြေလျော့ ပေးစေလိုသည့် အချက်များ ရှိပါကလည်း တရားဝင်တောင်းဆိုနိုင်ပါကြောင်း၊ သို့မှသာနှစ်နိုင်ငံကုန်သွယ်မှုတွင် မိမိတို့ကုန်သည်များ နစ်နာဆုံးရှုံးမှုများမှ ကင်းဝေးမည်ဖြစ်ပါကြောင်း ကိုမောင်တောခရိုင် အုပ်ချုပ်ရေးမှူးမှ ပြောကြားခဲ့တယ်လို့ သိရပါတယ်။

Source နကသ (မောင်တော)                                                                                                        ခင်မိုးသူ

အင်္ဂါနေ့  ၁၂ မတ်လ  ၂၀၁၃  03 း 38 PM

နယ်စပ် ကုန်သွယ်ရေး ဦးစီးဌာန၊ တမူးရဲ့ ဖေဖော်ဝါရီလအတွက် ကုန်သွယ်မှု မြှင့်တင်ရေး ဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နံနက် ၁ဝးဝဝ နာရီမှာ အဆိုပါရုံးရှိ အစည်း အဝေးခန်းမမှာ ကျင်းပရာ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ကုမ္ပဏီ လုပ်ငန်းရှင်များ၊ ITC လုပ်ငန်း ရှင်များနှင့် ကားဂိတ် တာဝန်ရှိသူများ တက်ရောက် ဆွေးနွေးခဲ့ ကြတယ်လို့ သတင်းရရှိပါတယ်။ .......... (ဆက်လက်ဖတ်ရှုရန် ခေါင်းစဉ်ကို နှိပ်ပါ)

ဆွေးနွေးပွဲမှာ တမူး နယ်စပ် ကုန်သွယ်ရေး ညွှန်ကြားရေးမှူး ဦးဝင်းတင့်မှ ကုန်သည် လုပ်ငန်းရှင်များရဲ့ အခက် အခဲ များကို သိရှိလိုကြောင်း၊ ကုန်သွယ်မှု အခက်အခဲ များရှိပါက ပွင့်ပွင့် လင်းလင်း ဆွေးနွေးရန် လိုကြောင်း၊ ဌာန အနေဖြင့် လိုင်စင် လာလျှောက် တဲ့အခါ ချက်ချင်း ရနိုင်သည် အထိ လျော့ချ ပေးခဲ့ကြောင်း၊ ဒါ့အပြင် ကုမ္ပဏီ မထောင်နိုင်သော ကုန်သည် အသေးစား များအတွက် တစ်ဦးတည်းပိုင် ထုတ်ကုန်/ သွင်းကုန် လုပ်ငန်းရှင် မှတ်ပုံတင် ကတ် (Individual Trading Card - ITC) များ ပြုလုပ်ပေး၍ တရားမဝင် ကုန်သွယ်မှု ပပျောက်ရေး၊ နိုင်ငံတော် အတွက် ထိုက်သင့်တဲ့ အခွန်အခများ ရရှိရေး၊ ကုန်သည် အကြီးအသေး မခွဲခြားဘဲ နိုင်သည့်ဝန်ဖြင့် လွတ်လပ်စွာ ကုန်သွယ်မှု ပြုနိုင်ရေး ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ယခင်က ကုမ္ပဏီ လုပ်ငန်းရှင်များသာ ကုန်သွယ်မှု ပြုရာမှာ ယခုအခါ ITC လုပ်ငန်းရှင်များပါ ကုန်သွယ်မှု ပြုလာသဖြင့် ကုန်သွယ်မှုမှာ ယခင်ထက် တိုးတက်ရမှာ ဖြစ်ကြောင်း၊ တိုးတက် အောင်လည်း ပူးပေါင်း ဆောင်ရွက် စေလိုပါကြောင်း၊ တရားမဝင် ကွမ်းစား ဆေးနဲ့ ပတ်သက်၍ ဆွေးနွေး တင်ပြလိုကြောင်း၊ ကွမ်းစားဆေး Signal 350 ကဲ့သို့ သွင်းကုန် ပစ္စည်းများမှာ  Tobacco Kill ဟု စာတမ်းဖြင့် ထုတ်လုပ် ထားပြီး ပြည်သူများမှ စားသုံးရန် မသင့်သော်လည်း အချို့ကုန်သည် လုပ်ငန်းရှင်များမှ တရားမဝင် တင်သွင်းခြင်း၊ ရောင်းချခြင်းများ ရှိနေသည်ကို တွေ့ရှိရပါကြောင်း၊ FDA မှလည်း ပြည်သူများ စားသုံးရန် မသင့်ကြောင်း ကြေငြာ ထားပြီး ဖြစ်ကြောင်း၊ ထို့ကြောင့် ကုန်သွယ်မှု ပြုရာတွင် မိမိအကျိုး၊ နိုင်ငံတော် အကျိုး၊ ပြည်သူများ အကျိုးကို ကြည့်၍ ကုန်သွယ်မှု ပြုသင့်ကြောင်း ထည့်သွင်း ဆွေးနွေး ခဲ့ပါ တယ်။

တမူးနယ်စပ် ကုန်သွယ်ရေးအသင်း ဒုတိယဥက္ကဌ ဦးဝင်းတင်မှလည်း ကုန်သည်အသင်း အနေဖြင့် ITC ကတ်ဖြင့် ဆောင်ရွက် နေတဲ့ လုပ်ငန်းရှင် ငယ်များရဲ့ အခက်အခဲကို တင်ပြလိုပါကြောင်း၊ ITC မှတ်ပုံတင်ကတ် ကို (၆၅) ဦး လုပ်ထား သော်လည်း ယခုလ (၄ဝ) ဦးသာ ဆောင်ရွက် နိုင်ပြီး ကျန် ၂၅ ဦး ဆောင်ရွက် နိုင်ခြင်း မရှိသေးကြောင်း၊ လေ့လာ ကြည့်ရာမှာ တော့ စားသောက်ကုန် တင်သွင်းမဲ့ လုပ်ငန်းရှင်များ ဖြစ်နေကြောင်း၊ ITC အခက် အခဲကြောင့် လောလောဆယ် ကုန်သွယ်မှု မဆောင် ရွက်နိုင်သေးတာ တွေ့ရှိ ရပါကြောင်း၊ ITC ရုံးခွဲများ တမူးမှာ လာရောက် ဖွင့်လှစ်နိုင်ပါက စားသောက် ကုန်နဲ့ ပတ်သက် တဲ့ အခက် အခဲများ ဖြေရှင်း နိုင်မည် ဖြစ်ပြီး ကုန်သွယ်မှုပါ မြင့်တက် လာမှာဖြစ်ကြောင်း ဆွေးနွေးခဲ့ တယ်လို့ သိရပါတယ်။

 

လှမင်းထွန်း (တမူး)

တနင်္လာနေ့  ၁၁ မတ်လ  ၂၀၁၃  01 း 30 PM

ထိုင်းနိုင်ငံ အခြေစိုက် ကမ္ဘာ့ ကုလ သမဂ္ဂ၊ အာရှနှင့် ပစိဖိတ် ဆိုင်ရာ စီးပွားရေးနှင့် လူမှုရေး ကော်မရှင် UNESAP နဲ့ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်မှု သင်တန်း ကျောင်းတို့ ပူးပေါင်းပြီး ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နံှမှု ဆိုင်ရာ စွမ်းရည် မြင့်တင်ရေး အလုပ်ရုံ ဆွေးနွေးပွဲကို ရန်ကုန်တိုင်း ဒေသကြီးရုံး စတုတ္တထပ် ကုန်သွယ်မှု သင်တန်းကျောင်းမှာ ၂ဝ၁၃ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့နဲ့ ၂၆ ရက်နေ့များမှာ ကျင်းပခဲ့ပါတယ်။ အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲသို့ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန၊ ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီးဌာန တို့မှ အရာထမ်းများ၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းမှ သက်ဆိုင်ရာ ပုဂ္ဂိုလ်များ တက်ရောက် ခဲ့ကြပြီး ပုဂ္ဂလိက ကဏ္ဍရှိ စွမ်းရည် မြင့်တင်ရေး အတွက် လိုအပ်ချက် များကို ဆွေးနွေး ခဲ့ကြပါတယ်။ .......... (ဆက်လက်ဖတ်ရှုရန် ခေါင်းစဉ်ကို နှိပ်ပါ) 

အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲသို့ UNESCAP Trade and Investment Division မှ Mr.Marc Proksch ၊ Mr.Rajan Sudesh Ratna နဲ့ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ Centre for WTO Studies မှ ပါမောက္ခ Shashank Priya တို့ တက်ရောက် ခဲ့ကြပြီး ကုန်သွယ်မှု မူဝါဒ ချမှတ်ခြင်းနှင့် စိန်ခေါ်မှုများ၊ ရင်းနှီးမြှုပ်နံှမှု မူဝါဒချမှတ်ခြင်းနှင့် စိန်ခေါ်မှုများ၊ မြန်မာ နိုင်ငံတွင် စွမ်းရည် မြင့်တင်ရေး အတွက် လိုအပ်တဲ့ နယ်ပယ်များနဲ့ စပ်လျဉ်းပြီး တက်ရောက် လာကြတဲ့ ပညာရှင်များ၊ အရာ ထမ်းများ လုပ်ငန်းရှင်များ နဲ့တွေ့ဆုံ ဆွေးနွေး ခဲ့ကြပါတယ်။

ဆွေးနွေးပွဲရဲ့ ရလာဒ် အနေနဲ့ UNESCAP မှ ၂ဝ၁၃ ခုနှစ် မေလမှ စတင်ပြီး စွမ်းရည်မြင့် တင်ရေး ဆိုင်ရာ သင်တန်းများ၊ အလုပ်ရုံ ဆွေးနွေးပွဲများကို ပုဂ္ဂလိက ကဏ္ဍ မြင့်တင်ရေး အတွက် စတင် ဆောင်ရွက်ပေး သွားမယ်လို့ သိရှိရပါတယ်။

 

DR. H Lynn

Pages