၂၀၂၃ ခုနှစ်၊ မေလ၁၀ရက်နေ့

              ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ မေလ ပထမပတ် အတွင်း ပို့ကုန် (၀.၂၄၈) ဒေါ်လာသန်း၊ သွင်းကုန် (၀.၀၀၁) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၀.၂၄၉) ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပြီးရေထွက်ပစ္စည်းမှ ငါးစုံလေးခြောက်၊ ငါးမြစ်ချင်း၊ ငါးသလောက်၊ ငါးခေါင်းပွ၊ ပုဇွန်ခြောက်တို့တင်ပို့နိုင်ခဲ့ပြီး စုစုပေါင်း တန်ချိန် (၁၃၁.၇) တန်၊ တန်ဖိုး (၀.၁၅၇) ဒေါ်လာသန်း တင်ပို့ခဲ့ပါကြောင်းနှင့် တင်ပို့ခဲ့သည့် ရေထွက်ပစ္စည်းများ အနက် တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ငါးမြစ်ချင်းမှာ ဈေးကွက်အတွင်း ဝယ်လိုအားကောင်းလျက်ရှိသည်။

    မြန်မာနိုင်ငံ ရခိုင်ပြည်နယ် ၊ စစ်တွေမြို့တွင်တည်ရှိသော ကုလားတန်ဘက်စုံသယ်ယူပို့ ဆောင်ရေး စီမံကိန်းတွင်ပါဝင်သည့် စစ်တွေဆိပ်ကမ်းအား ၂၀၂၃ခုနှစ်၊ မေလ (၉)ရက်နေ့ နံနက် (၁၀) နာရီအချိန်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း နှင့်အိန္ဒိယသမ္မတနိုင်ငံ ဆိပ်ကမ်းများ၊ ကုန်စည်သယ်ယူပို့ဆောင်ရေးနှင့် ရေကြောင်းပို့ဆောင်ရေး ဝန်ကြီး ဌာနဝန်ကြီး H.E. Shri SarbanandaSonowalတို့သည် အတူတကွပူးတွဲဖွင့်လှစ်ခဲ့ကြ သည်။ အဆိုပါအခမ်းအနားသို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ရန်ကုန်မြို့ရှိ အိန္ဒိယနိုင်ငံဆိုင်ရာသံအမတ်ကြီးနှင့်အဖွဲ့၊ အိန္ဒိယနိုင်ငံမှ လိုက်ပါလာသော စက်မှုကုန်သည်လုပ်ငန်းရှင်များလည်း တက်ရောက်ခဲ့ကြသည်။

   ဆက်လက်၍ နေ့လယ် (၁၂: ၃၀) အချိန်၌ နှစ်နိုင်ငံဝန်ကြီးများဦးဆောင်၍ ကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များ တွေ့ဆုံပွဲအခမ်းအနားကိုရခိုင်ပြည်နယ် စစ်တွေဟိုတယ်၌ ကျင်းပ ပြုလုပ်ခဲ့ပါသည် ။ အဆိုပါတွေ့ဆုံပွဲသို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့်တကွ အစိုးရအဖွဲ့ဝင်များ ၊ ပြည်ထောင်စုဝန်ကြီးဌာနအသီးသီးမှ တာဝန်ရှိသူများ ၊မြန်မာနိုင်ငံရှိ အိန္ဒိယသံရုံးမှ သံအမတ်ကြီးနှင့်တကွ ကောင်စစ်ဝန်များ ၊ အိန္ဒိယနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင် များနှင့် ရခိုင်ပြည်နယ် မှ စီးပွားရေးလုပ်ငန်းရှင် များတက်ရောက်ခဲ့ကြသည်။

   အဆိုပါတွေ့ဆုံပွဲအခမ်းအနား၌ နှစ်နိုင်ငံအကြား ကုန်သွယ်မှုအတွက် ငွေကြေးပေးချေမှုများနှင့် နိုင်ငံခြားငွေသုံးစွဲမှု အဆင်ပြေစေရေး ၊ စစ်တွေဆိပ်ကမ်းကို အခြေပြုတင်ပို့သော မြန်မာ့ ပို့ကုန်များအတွက် အခွန်အကောက် လျှော့ပေါ့သက်သာခွင့်ရရှိရေးနှင့် စစ်တွေ-ကလကတ္တား ပုံမှန်ပြေးဆွဲပေးနိုင်မည့် သင်္ဘောလိုင်း သတ်မှတ်ထားရှိပေးရေးကိစ္စတို့ကို ရခိုင် ကုန်သည် /စက်မှု အသင်းRSCCIမှ တင်ပြဆွေးနွေးခဲ့ပြီး ၊ ရခိုင်ပြည်နယ် ကမ်းရိုးတမ်းသင်္ဘောပိုင်ရှင်များ အသင်းမှ လည်း စစ်တွေ ဆိပ်ကမ်းသစ်၌ ဆိပ်ကမ်းအသုံးပြုခများကို မြန်မာကျပ်ငွေစနစ်ဖြင့် ဆောင်ရွက်ခွင့်ရရှိရေး ၊ ပြည်တွင်းရေကြောင်းသယ်ယူပို့ဆောင်ရေး လုပ်ငန်းများ (စစ်တွေ- ပလက်ဝမြစ်ကြောင်းသယ်ယူပို့ဆောင်ရေးနှင့် စစ်တွေ-ရန်ကုန် ကမ်းရိုးတမ်းသွား ပို့ဆောင်ရေး )တွင် ပါဝင်ခွင့်ရရှိရေးနှင့် ဒေသခံ လုပ်ငန်းရှင်များ၏ သင်္ဘောများပါဝင်ပြေးဆွဲခွင့် ဖော်ဆောင် ရေးတို့အတွက် တင်ပြဆွေးနွေးခဲ့ကြသည်။ ရခိုင်ဒေသ MSME ထုတ်ကုန်များ တိုးမြှင့်ထုတ် လုပ်နိုင်ရေးအတွက်  အိန္ဒိယနိုင်ငံ လုပ်ငန်းရှင်များ နှင့် ရခိုင်ဒေသတွင်းလုပ်ငန်းရှင်များ ဖက်စပ် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများဆောင်ရွက်ရန် ကိစ္စရပ်တို့ကို ဆွေးနွေးခဲ့ကြသည် ။

   မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်အနေဖြင့် (၇-၅-၂၀၂၃) ရက်နေ့တွင် ပို့ကုန်တန်ဖိုးကန် ဒေါ်လာ(၀.၉၁၀)သန်း၊ သွင်းကုန်တန်ဖိုးကန်ဒေါ်လာ (၂.၅၁၂) သန်း၊ ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ (၃.၄၂၂) သန်း ဆောင်ရွက်နိုင်ခဲ့သည်။

   အများဆုံး အမှန်တင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ငရုတ်သီးခြောက် (၁၁၄.၉၆၂) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၁၆၃) သန်း၊ သရက်သီး (၃၄၂.၁၀၀) တန်၊ တန်ဖိုးကန်ဒေါ်လာ(၀.၁၄၃) သန်း၊ ကြက်သွန်နီ (၃၃၉.၀၀၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၁၁၀) သန်း၊ ငါးရှဉ့် (၂၆.၁၆၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၉၄) သန်း၊ ကဏန်း (၁၇.၉၇၅) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၇၆) သန်း၊ ခဲသတ္တု (၁၇၀.၀၀၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၅၆) သန်း၊ မြေပဲ (၃၃.၀၀၀) တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၅၁) သန်း၊ ငါးမှုန့် (၆၉.၀၀၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၄၁) သန်း၊ ဝါဂွမ်း (၁၆.၅၄၀) တန်၊ တန်ဖိုး (၀.၀၃၂) ဒေါ်လာသန်း၊ မိကျောင်းကွမ်းဖတ်စေ့ (၂၉.၈၂၀) တန်၊ တန်ဖိုး (၀.၀၂၉) ဒေါ်လာသန်း တို့ဖြစ်သည်။

   အများဆုံး အမှန်တင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ ယာဉ်နှင့် ယာဉ်ယန္တရားများ တန်ဖိုး ကန်ဒေါ်လာ (၀.၂၁၂) သန်း၊ ဘက္ထရီ တန်ဖိုးကန်ဒေါ်လာ (၀.၁၁၇) သန်း၊ ကြွေပန်းကန်ပြား/ ကြွေဇလုံ တန်ဖိုး ကန်ဒေါ်လာ (၀.၀၈၆) သန်း၊ ဖိနပ်မျိုးစုံ တန်ဖိုး ကန်ဒေါ်လာ (၀.၀၇၉) သန်း၊ စတီးပြား တန်ဖိုး ကန်ဒေါ်လာ (၀.၀၆၈) သန်း၊ ဒီဇယ်မီးစက် တန်ဖိုးကန်ဒေါ်လာ (၀.၀၄၇) သန်း၊ သွပ်လိပ် တန်ဖိုး ကန်ဒေါ်လာ (၀.၀၄၅) သန်း၊ စာရေးစက္ကူ တန်ဖိုး ကန်ဒေါ်လာ (၀.၀၄၃) သန်း၊ အစားအစာထုပ်ပိုးသည့် ရွှေရောင်/ငွေရောင်စက္ကူ တန်ဖိုး ကန်ဒေါ်လာ(၀.၀၃၅)သန်း၊ အလူမီနီယံသံဘောင် တန်ဖိုး ကန်ဒေါ်လာ (၀.၀၂၉) သန်းတို့ ဖြစ်သည်။

   ၂၀၂၃ ခုနှစ်၊ မေလ (၁) ရက်နေ့မှ (၇) ရက်နေ့ထိ ပို့ကုန်တန်ဖိုး ကန်ဒေါ်လာ (၈.၁၉၅) သန်း၊ သွင်းကုန်တန်ဖိုး ကန်ဒေါ်လာ (၂၀.၉၆၈) သန်း၊ ကုန်သွယ်မှုတန်ဖိုး ကန်ဒေါ်လာ (၁၉.၁၆၃) သန်း ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်သည်။ MACCS စနစ်အရ ငွေလဲနှုန်းတစ်ယွမ်လျှင် (၃၀၃.၉၁၈) ကျပ်ဖြင့် တွက်ချက်ထားရှိခြင်းဖြစ်ပြီး လက်ရှိတွင် ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်လျက်ရှိကြောင်း သိရှိရ သည်။

          ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ ဧပြီလအတွက် ကုန်သွယ်မှုလျာထားချက်မှာ ပို့ကုန် (၁၄.၀၀၀) ဒေါ်လာသန်း၊ သွင်းကုန် (၁၁.၀၀၀) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၂၅.၀၀၀) ဒေါ်လာသန်းဖြစ်ပြီး ပို့ကုန် (၁၀.၅၇၀) ဒေါ်လာသန်း၊ သွင်းကုန်(၃၈.၁၈၅) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၄၈.၇၅၅) ဒေါ်လာသန်း ကုန်သွယ်မှုဆောင်ရွက်နိုင်ခဲ့သဖြင့် ကုန်သွယ်မှုလျာထားချက်အပေါ် (၁၉၅.၀၂၀%) ဆောင်ရွက်နိုင်ခဲ့သည်။

          ယခင်ဘဏ္ဍာနှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ပို့ကုန်ပိုင်းတွင် (၅.၉၉၅) ဒေါ်လာသန်းပိုမိုခဲ့ပြီး သွင်းကုန်ပိုင်းတွင်(၃၁.၇၇၃) ဒေါ်လာသန်း ပိုမိုခဲ့သောကြောင့် ကုန်သွယ်မှုပမာဏအနေဖြင့် (၃၇.၇၆၈) ဒေါ်လာသန်း ပိုမိုဆောင်ရွက်နိုင်ခဲ့သည်။

          ကာလတူနှင့်နှိုင်းယှဉ်ပါကဆန်ကွဲ၊ ပြောင်း၊ ပဲလွန်းဖြူ၊ ပဲတီစိမ်း၊ မြေထောက်ပဲ၊ မြေပဲဆံ၊ ထောပတ်ပဲ၊ နိုင်လွန်ပဲ၊ နှမ်းနက်၊ လက်ဖက်ခြောက်၊ နှံစားပြောင်း၊ ဇီးဖြူသီးခြောက်၊ ဂျင်း(စို)၊ ရာဘာကြမ်း၊ ငရုတ်သီး(အစို)၊ ဝဥ (ခြောက်)၊ ဝါ၊ ကြက်သွန်နီ၊ ရှမ်းနှမ်းစေ့၊ ကြက်ဆူဆီ၊ သတ္တုနှင့်သတ္တုရိုင်း၊ ETHYL ALCOHOL 96% 1 DRUM၊ MYANMAR BEER BOTTLEတို့ တင်ပို့မှုပိုမိုခဲ့သဖြင့် ပို့ကုန်တင်ပို့မှုပိုမိုရခြင်းဖြစ်သည်။

          ကာလတူနှင့်သွင်းကုန်တင်သွင်းမှုနှိုင်းယှဉ်သုံးသပ်ရာ၌ သွင်းကုန်ပိုင်းတွင်ပိုမိုခဲ့ခြင်းမှာရင်းနှီးမြှုပ်နှံမှုအုပ်စု၊ လုပ်ငန်းသုံးအုပ်စုနှင့် လူသုံးအုပ်စုတို့ ပိုမိုခဲ့ခြင်းကြောင့် တင်သွင်းမှုပိုခဲ့ခြင်းဖြစ်သည်။

          တစ်ဖက်နိုင်ငံ ချင်းရွှေဟော်တွင် ကိုဗစ်-၁၉ ရောဂါပိုးရှိသူ တွေ့ရှိသဖြင့် နှစ်နိုင်ငံနယ်စပ်ဂိတ် ချင်းရွှေဟော်(နမ့်ဖာဟော်) ဂိတ်တံတားကို(၂၄-၂-၂၀၂၂) ရက်နေ့မှစ၍ တရုတ်နိုင်ငံဘက်မှ ပိတ်ထားခဲ့ရာမှ ၂၂-၃-၂၀၂၂ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ဆောင်ရွက်နိုင်ခဲ့ပြီး ၂၀၂၂ -၂၀၂၃ ဘဏ္ဍာနှစ် ဧပြီလမှစ၍  ကုန်သွယ်မှုလုပ်ငန်းများ ပြန်လည်ဆောင်ရွက်လာနိုင်ခဲ့သည်။ဒုတိယ(၆)လပတ်ကာလ အောက်တိုဘာလမှ စ၍ ပို့ကုန်သွင်းကုန်လုပ်ငန်းများ  ပိုမိုဆောင်ရွက်နိုင်ခဲ့သဖြင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုလုပ်ငန်းများ ပြန်လည်တိုးတက်လာခဲ့ကြောင်း သိရသည်။

                                                                                                                                           

         

                                                                                                  ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း

    မောတောင်ကုန်သွယ်ရေးစခန်းသည် ထိုင်းနိုင်ငံဘက်သို့ သွင်းကုန်ထက် ပို့ကုန်တင်ပို့မှု ပိုမိုလျက် ရှိသော ကုန်သွယ်ရေးစခန်းတစ်ခုဖြစ်သည်။

   မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၃ ခုနှစ်၊ မေလ( ၁ )ရက်နေ့မှ( ၇ ) ရက်နေ့ အထိ ပထမအပတ်ကာလအတွင်း ပို့ကုန် တန်ဖိုး အမေရိကန်ဒေါ်လာ(၀.၁၇၂) ဒေါ်လာသန်း၊ သွင်းကုန် တန်ဖိုး အမေရိကန်ဒေါ်လာ(၀.၀၁၇)ဒေါ်လာသန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ(၀.၁၈၉) ဒေါ်လာ သန်း ကုန်သွယ်မှုဆောင်ရွက်နိုင်ခဲ့သည်။

   မောတောင်ကုန်သွယ်ရေးစခန်းမှ အဓိကတင်ပို့နေသောကုန်ပစ္စည်းများမှာ ငါးမျိုးစုံ၊ ပုဇွန်၊ ကဏန်း၊ ဓနိဖက်နှင့် တံမြက်စည်း တို့ဖြစ်ပြီး အဓိက တင်သွင်းနေသော ကုန်ပစ္စည်းများမှာ အသီးမျိုးစုံ၊ ငါးသေတ္တာဗူးခွံ နှင့် ပုဇွန်သားပေါက်တို့ဖြစ်သည်။

Pages