တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် ထိုင်းနိုင်ငံ ၊ တရုတ်နိုင်ငံများနှင့် ကုန်သွယ်မှုလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ၂၀၂၄ ခုနှစ် (ဇန်နဝါရီလ၂ရက်ထိ) ပို့ကုန်ကန်ဒေါ်လာ (၀.၁၇၉) သန်း၊ သွင်းကုန် ကန်ဒေါ်လာ (၀.၀၃၈) သန်း၊ ကုန်သွယ်မှုပမာဏကန်ဒေါ်လာ(၀.၂၁၇) သန်းဆောင်ရွက်နိုင်ခဲ့ပါသည်။ (၂-၁-၂၀၂၄)ရက်တွင် ပို့ကုန်တင်ပို့မှုအနေဖြင့် ထောပတ်သီး (၁၀၂) တန်၊ တန်ဖိုး (၀.၀၅၅) ဒေါ်လာသန်း၊ကြက်သွန်ဖြူ(၁၅) တန်၊ တန်ဖိုး (၀.၀၅၃) ဒေါ်လာသန်း၊ငရုတ်သီးခြောက် (၃၀) တန် တန်ဖိုး (၀.၀၄၆) ဒေါ်လာသန်း နှင့် ကြက်သွန်နီ(၃၂) တန်၊ တန်ဖိုး(၀.၀၂၅)ဒေါ်လာသန်း၊ စုစုပေါင်း(၀.၁၇၉) ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပါသည်။ထိုင်းနိုင်ငံသုံးဘတ်ငွေလဲနှုန်းအနေဖြင့် (၂-၁-၂၀၂၄) ရက်နေ့တွင် ကျပ်(၁) သိန်းလျှင် (၁၀၂၅) ဘတ် ဖြစ်ပေါ်ခဲ့ပါသည်။

       တာချီလိတ်ကုန်သွယ်ရေးစခန်းမှ စက်သုံးဆီ၊ဘိလပ်မြေနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများအဓိကတင်သွင်းလျက်ရှိပြီး(၂-၁-၂၀၂၄) ရက်တွင်ဘိလပ်မြေ(၀.၀၁၁)ဒေါ်လာသန်း၊ ကွန်ကရစ်အမိုးပြား(၀.၀၀၆) ဒေါ်လာသန်း၊ မျက်နှာကျက်ပြား (၀.၀၀၅) ဒေါ်လာသန်း၊မီးခံအုတ် (၀.၀၀၉) ဒေါ်လာသန်း၊ ​ကြွေပြား(၀.၀၀၂) ဒေါ်လာသန်း၊ ပလပ်စတစ်ဘူးခွံ (၀.၀၀၀၃)ဒေါ်လာသန်းအပါအဝင် (၀.၀၃၈) ဒေါ်လာသန်းတင်သွင်းခဲ့ပါသည်။

               မြဝတီကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံနှင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက် လျှက်ရှိရာ (၂9-၁၂-၂၀၂၃) ရက်နေ့မှ (1-၁-၂၀၂4) ရက်နေ့ထိ ပို့ကုန်တင်ပို့မှုအနေဖြင့် လယ်ယာထွက် ကုန်ပစ္စည်းများဖြစ်သည့် ငရုတ်၊  ကြက်သွန်နီ ၊ ပြောင်းကြိတ်ဖတ် နှင့် ရေထွက်ပစ္စည်းများ တင်ပို့ခဲ့ ပါသည်။ 

              (၂9-၁၂-၂၀၂၃) ရက်နေ့မှ (1-၁-၂၀၂4)  ရက်နေ့ထိ အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်း များမှာ ငရုတ်၊ ကြက်သွန်နီ၊ပြောင်းကြိတ်ဖတ် နှင့် ရေထွက်ပစ္စည်းများ ဖြစ်ပါသည်။

              ယခုအခါ ထိုင်းနိုင်ငံမှ စားသောက်ကုန်လုပ်ငန်းများ တွင်ကျယ်စွာ ဆောင်ရွက်လာမှုနှင့်အတူ အသုံးပြုရန်လိုအပ်ချက်ကြောင့် စားသောက်ကုန်ပစ္စည်းကုန်ကြမ်းဝယ်လိုအား မြင့်တက်နေ၍ လတ်တလော ကာလများတွင် ပိုမိုတင်ပို့နိုင်ခဲ့ပါသ ည်။

              ပုပ်သိုးပျက်စီးလွယ်သည့် ရေထွက်ကုန်ပစ္စည်းများ၊ ကုန်စိမ်း ပို့ကုန်များဖြစ်သည့် ကြက်သွန်နီ နှင့် ငရုတ်များကို လွယ်ကူလျင်မြန်စွာတင်ပို့နိုင်ရေးအတွက် ကုန်ပစ္စည်းစစ်ဆေးမှုများတွင် ဦးစားပေး ဆောင်ရွက်ပေးလျက်ရှိပါသည်။

              (၂၃-၁၂-၂၀၂၃ မှ 1-၁-၂၀၂4) ရက်နေ့ထိ အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်း များမှာ ချည်ထည်များ (၀.၅၇၀) ဒေါ်လာသန်း၊ ဆေးဝါးပစ္စည်းများ (၀.၆၅၀) ဒေါ်လာသန်း၊ တာယာနှင့် ကျွတ်များ(၀.၁၈၈)ဒေါ်လာသန်း၊ မော်တော်ဆိုင်ကယ်အပိုပစ္စည်းများ (၀.၁၈၁)ဒေါ်လာသန်း၊ သွားတိုက်ဆေး (၀.၁၅၇) ဒေါ်လာသန်း၊ လေအေးစက်များ (၀.၁၄၈)ဒေါ်လာသန်း၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ (၁.၀၄၅) ဒေါ်လာသန်း၊ ရေနံထွက်ပစ္စည်း(၀.၂၄၅) ဒေါ်လာသန်း၊ စက်နှင့်စက်ပစ္စည်းများ (၀.၃၂၆) ဒေါ်လာသန်း၊ မော်တော်ယာဉ်နှင့် မော်တော်ယာဉ်ပစ္စည်းများ (၀.၂၄၂) ဒေါ်လာသန်းတို့ ဖြစ်ပါသည်။

              ပြင်ပငွေလဲနှုန်းအနေဖြင့် ယခင်အပတ်က တစ်ဘတ်လျှင် (၉၈.၀၃)ကျပ်ရှိပြီး ယခုအပတ် တွင် (၉၈.၅၂) ကျပ် ဖြစ်ပါသဖြင့်  ဘတ်စျေးမှာ အနည်းငယ်မြင့်တက်ရှိပါသည်။

              (၂၃-၁၂-၂၀၂၃ မှ 1-၁-၂၀၂4) ရက်နေ့ထိ အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ငရုတ် (ခြောက်)  (၁) တန်လျှင် (၁၅၃၉.၂၉၁) ဒေါ်လာဖြင့် (၄၄၆.၉၅၉) တန်၊ (၀.၆၈၈) ဒေါ်လာသန်း၊ ကြက်သွန်နီ ၁တန်လျှင် (၆၃၄.၆၆၅) ‌ဒေါ်လာဖြင့် (၁၆၈၉.၀၈၀) တန် (၀.၀၇၂) ဒေါ်လာသန်း၊ ကော်ဖီစေ့ ၁တန်လျှင် (၄၂၈၃.၃၃၃) ဒေါ်လာဖြင့် (၁၈၀) တန်လျှင် (၀.၇၇၁)ဒေါ်လာသန်း၊ ‌ပြောင်းကြိတ်ဖတ် (၁) တန်လျှင် (၂၇၇.၆၂၆) ဒေါ်လာဖြင့် (၅၄၇.၅)တန် (၀.၁၅၂)ဒေါ်လာသန်း၊ ငရုတ်သီး(စိမ်း)(အစို) (၁) တန်လျှင် (၃၄၁.၅၆၃) ဒေါ်လာ ဖြင့် (၂၆၉.၉၃၅) တန် (၀.၀၉၂) ဒေါ်လာသန်း၊ သတ္ထုနှင့်သတ္ထုရိုင်းများ (၁) တန်လျှင် (၂၀၉၃.၇၅) ဒေါ်လာဖြင့် (၆၄) တန် (၀.၁၃၄) ဒေါ်လာသန်း၊ ကွမ်းသီး (၁) တန်လျှင် (၁၅၂၀.၈၃၃) ဒေါ်လာဖြင့် (၄၈) တန် (၀.၀၇၃) ဒေါ်လာသန်း၊ အခြားရေထွက်ပစ္စည်း (၁)တန်လျှင် (၃၂၃၆.၇၉၇)ဒေါ်လာဖြင့် (၅.၈၇၀)တန် (၀.၀၁၉) ဒေါ်လာသန်း၊ MACADIMIA (၁)တန်လျှင် (၂၆၆.၆၆၇) ဒေါ်လာဖြင့် (၃၀)တန် (၀.၀၀၈) ဒေါ်လာသန်း နှင့် ငါးမျိုးစုံ (၁)တန်လျှင် (၉၂၉.၆၁၅) ဒေါ်လာဖြင့် (၇.၅၃၀)တန် (၀.၀၀၇)ဒေါ်လာသန်း တို့ ဖြစ်ပါသည်။

              မြဝတီကုန်သွယ်ရေးဇုန်အနေဖြင့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့မှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့ထိ အမှန်ဆောင်ရွက်နိုင်မှုမှာ ပို့ကုန် (၇.၄၇၁) ကန်ဒေါ်လာသန်း၊ သွင်းကုန် (၁၈.၃၉၅) ကန် ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၂၅.၈၆၆) ကန်ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။

               ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလကုန်သွယ်မှုလျာထားချက်မှာပို့ကုန်(၁၇.၀၀၀) ဒေါ်လာသန်းနှင့် သွင်းကုန် (၂.၅၀၀) ဒေါ်လာသန်းဖြင့် စုစုပေါင်း (၁၉.၅၀၀) ဒေါ်လာသန်းဖြစ်ပါသည်။

              ဇန်နဝါရီလ (၂) ရက်နေ့အထိအမှန်ကုန်သွယ်မှုမှာပို့ကုန် (၂.၃၈၅) ဒေါ်လာသန်း၊ သွင်းကုန်(၀.၁၁၈)ဒေါ်လာသန်း၊စုစုပေါင်း (၂.၅၀၄) ဒေါ်လာသန်းဖြစ်သဖြင့် ကုန်သွယ်မှုလျာထားချက်အပေါ် (၁၂.၈၃၆%)ဆောင်ရွက်နိုင်ခဲ့ပါသည်။

              ဇန်နဝါရီလ (၂)ရက်အတွင်းပို့ကုန်အမယ်များအနေဖြင့် တစ်သျှူးငှက်ပျော၊ ဖရဲသီး၊ ရွှေဖရုံသီး၊သခွါးမွှေး၊ Marble Stone ၊ ရော်ဘာ၊ ငရုတ်သီး၊ ရှောက်ကောပါကောနှင့် ဧည့်မထဆန်တို့ တင်ပို့နိုင်ခဲ့ပြီး၊ သွင်းကုန်အမယ်များအနေဖြင့် ရင်းနှီးမြှုပ်နှံမှုပစ္စည်းများ၊လုပ်ငန်းသုံးပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်အဝတ်အထည်များနှင့် သစ်သီးများတင်သွင်းနိုင်ခဲ့ပါသည်။

              ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ဇန်နဝါရီလ(၂)ရက်နေ့အထိပို့ကုန်ပိုင်းတွင် အဓိကပို့ကုန်ဖြစ်သည့် တစ်သျှူးငှက်ပျောတင်ပို့မှုအနေဖြင့် ဈေးနှုန်းတစ်တန်လျှင် (၂၅၃၀) ယွမ်/ (၃၄၅)ဒေါ်လာတို့ဖြင့် တန်ချိန် (၆၈၂၅) တန်၊ တန်ဖိုး(၂.၃၇၂) ဒေါ်လာသန်း၊ဖရဲသီးတင်ပို့မှုအနေဖြင့် တန်ချိန် (၇၅) တန်၊ တန်ဖိုး(၀.၀၁၁)ဒေါ်လာသန်းနှင့်ရွှေဖရုံသီးတန်ချိန်(၂၀)တန်၊ တန်ဖိုး (၀.၀၀၂) ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပါသည်။

              အများဆုံးသွင်းကုန်ပစ္စည်းများမှာ Iron Sheet ၊ Iron Pipe၊ Artificial Grass ၊ ပန်းသီး ၊ လိမ္မော်သီး၊ Ceramic Tile နှင့် လူသုံးကုန်ပစ္စည်းများဖြစ်ပြီးရင်းနှီးပစ္စည်းတန်ချိန် (၂၅) တန်၊ တန်ဖိုး(၀.၀၂၄)ဒေါ်လာသန်း ၊ လုပ်ငန်းသုံးပစ္စည်းတန်ချိန် (၆၆) တန်၊ တန်ဖိုး (၀.၀၅၁)ဒေါ်လာသန်း၊ လူသုံးပစ္စည်းတန်ချိန် (၆၉) တန်၊ တန်ဖိုး (၀.၄၃) ဒေါ်လာသန်းတို့ တင်သွင်းနိုင်ခဲ့ပါသည်။

     ကံပိုင်တည်ကုန်သွယ်ရေးစခန်း၌ အတက်အဆင်းကုန်များအတွက် အငှားယာဉ်ဖြင့် တင်ဆောင်ခြင်းမဟုတ်ဘဲငှက်ပျောတင်ယာဉ်နှင့်သွင်းကုန်ပစ္စည်းများအတွက် ကုန်ပစ္စည်းတင်ယာဉ်များသည်သက်ဆိုင်ရာကုမ္ပဏီပိုင် ယာဉ်များဖြင့်သာတင်ပို့တင်သွင်းခြင်းဖြစ်ပါသည်။

              ကံပိုင်တည်-ဝိုင်းမော်-မြစ်ကြီးနားကုန်သွယ်မှုလမ်းကြောင်း၌ တောင်ပြိုခြင်း၊ လမ်းပိတ်ဆို့ ခြင်းများမရှိဘဲကုန်တင်ယာဉ်များပုံမှန်သွားလာလျက်ရှိပါသည်။

လွယ်ဂျယ်ကုန်သွယ်ရေးစခန်းအနေဖြင့် (၁-၁-၂၀၂၄) မှ (၂-၁-၂၀၂၄) ရက်နေ့အတွင်း ကုန်သွယ်မှုဆောင်ရွက်ရာ၌ ပို့ကုန်ပိုင်းတွင် ဆန် (၄၃၄.၅၀) တန်၊ တန်ဖိုး (၀.၂၄၅) ဒေါ်လာသန်း၊ ဆန်ကွဲ (၂၁၂.၅၀) တန်၊ တန်ဖိုး (၀.၀၉၂) ဒေါ်လာသန်း၊ ပြောင်း (၂၅၉.၅၀)တန်၊ တန်ဖိုး (၀.၀၆၆) ဒေါ်လာသန်း၊ တစ်သျှူးငှက်ပျော (၁၃၉၂.၀၀) တန်၊ တန်ဖိုး (၀.၅၀၇) ဒေါ်လာသန်း၊ ဖရဲသီး (၉၆၂.၀၀) တန်၊ တန်ဖိုး (၀.၁၄၀) ဒေါ်လာသန်း၊ သခွားမွှေး (၃၁၁.၅၀) တန်၊ တန်ဖိုး (၀.၀၆၆) ဒေါ်လာသန်း၊ ကြံ (၃၆၀.၀၀) တန်၊ တန်ဖိုး (၀.၀၁၄) ဒေါ်လာသန်း၊ ရှောက်ကောသီး (၁၂.၈၉၀) တန်၊ တန်ဖိုး (၀.၀၁၁) ဒေါ်လာသန်း၊ ပဲတီစိမ်း (၁၄၅.၈၅) တန်၊ တန်ဖိုး (၀.၀၉၀) ဒေါ်လာသန်း၊ ထောပတ်ပဲ (၂၅.၀၀) တန်၊ တန်ဖိုး (၀.၀၂၈) ဒေါ်လာသန်း၊ စွန်တာနီ (၂.၀၀) တန်၊ တန်ဖိုး (၀.၀၀၁) ဒေါ်လာသန်း၊ သီဟိုစေ့ (၁၅.၂၀) တန်၊ တန်ဖိုး (၀.၀၇၆) ဒေါ်လာသန်း၊ ငရုတ်သီးခြောက် (၁၆.၀၀) တန်၊ တန်ဖိုး (၀.၀၂၄) ဒေါ်လာသန်း၊ မြေပဲဆံ (၆၅.၅၀) တန်၊ တန်ဖိုး (၀.၀၇၂) ဒေါ်လာသန်း၊ ဆီးစေ့ခွဲခြမ်း (၂၅.၀၀) တန်၊ တန်ဖိုး (၀.၀၁၃) ဒေါ်လာသန်း၊ နှမ်း (၉၇.၅၀) တန်၊ တန်ဖိုး (၀.၁၃၅) ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပါသည်။

              ပို့ကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့်ဆန် တစ်တန်လျှင် (၅၆၀) ဒေါ်လာ၊ ဆန်ကွဲ တစ်တန်လျှင် (၄၅၀)ဒေါ်လာ၊ ပြောင်းတစ်တန်လျှင်(၃၁၀) ဒေါ်လာ၊ ဖရဲသီးတစ်တန်လျှင် (၁၅၀)ဒေါ်လာ၊ တစ်သျှူးငှက်ပျော တစ်တန်လျှင် (၃၈၀) ဒေါ်လာ၊ ပဲတီစိမ်း တစ်တန်လျှင် (၆၅၀) ဒေါ်လာရှိ၍ သယ်ယူပို့ဆောင်ခမှာ ဗန်းမော်မှလွယ်ဂျယ်သို့ ပို့ကုန်တစ်ပိဿာလျှင် (၁၅၀)ကျပ်ရှိကြောင်းသိရှိရပါသည်။

              ယခုအပတ်အတွင်း သွင်းကုန်ပိုင်းတွင် ဆေးဝါးပစ္စည်း (၃၆၄၈၉၀) U ၊တန်ဖိုး (၀.၀၄၅) ဒေါ်လာသန်း၊ ကော်စေ့ (၁၂.၅၀) တန်၊ တန်ဖိုး (၀.၀၁၃) ဒေါ်လာသန်း၊ ဂျပ်ဖာ (၈၇.၅၀) တန်၊ တန်ဖိုး (၀.၀၃၃) ဒေါ်လာသန်း၊ တစ်သျှူးလိပ် (၁၉.၀၀) တန်၊ တန်ဖိုး (၀.၀၁၀) ဒေါ်လာသန်း၊ စောင် (၁၇.၀၀) တန်၊ တန်ဖိုး (၀.၀၀၆) ဒေါ်လာသန်း၊ သံပိုက်/သံချောင်း (၆၅.၅၀) တန်၊ တန်ဖိုး (၀.၀၆၈) ဒေါ်လာသန်း၊ ကုန်စုံ (၃၁၅.၆၆) တန်၊ (၂၉၉၇၈) U၊ (၃၉၂၀) PR၊ တန်ဖိုး (၀.၃၂၂) ဒေါ်လာသန်း တင်သွင်းနိုင်ခဲ့ပါသည်။

              သွင်းကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့်စက္ကူလိပ် တစ်တန်လျှင် (၃၅၀) ဒေါ်လာ၊ ပီနံအိတ် တစ်တန်လျှင် (၈၀၀) ဒေါ်လာ၊ ပိတ်လိပ် တစ်တန်လျှင် (၅၇၀)ဒေါ်လာ၊ ဂျပ်ဖာ တစ်တန်လျှင် (၃၉၀) ဒေါ်လာ၊ ချည်ခင် တစ်တန်လျှင် (၆၆၇)ဒေါ်လာရှိ၍ လွယ်ဂျယ်မှဗန်းမော်သို့သယ်ယူပို့ဆောင်ခမှာ (၁၂)ဘီးယာဉ်(၁)စီးလျှင် ကုန်ကျစ် (၁၂၀၀၀၀၀)ကျပ်၊ ကုန်ပွ(၈၀၀၀၀၀) ကျပ်နှင့် ကုန်စုံတစ်စီးလျှင် (၁၀၀၀၀၀၀) ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရပါသည်။

              ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် ရွှေဘို၊ စစ်ကိုင်းနှင့် မန္တလေးဒေသထွက် ပို့ကုန်ပစ္စည်း များအား မန္တလေး - လက်ပံလှ - ဗန်းမော် - မိုးမောက် (ကျောက်စခန်း) - စိန်လုံ - လွယ်ဂျယ် လမ်းကြောင်း၊ ဗန်းမော်ဒေသထွက်ပို့ကုန်ပစ္စည်းများအားဗန်းမော် - မိုးမောက် (ကျောက်စခန်း) - စိန်လုံ - လွယ်ဂျယ် လမ်းကြောင်းအတိုင်း တင်ပို့လျက်ရှိပြီး သွင်းကုန်ပစ္စည်းများအား လွယ်ဂျယ်- စိန်လုံ-မိုးမောက် (ကျောက်စခန်း)-ဗန်းမော်လမ်းကြောင်းအတိုင်းကုန်သွယ်မှုပြုလုပ်လျက်ရှိပါသည်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့

မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ( ၂၇ ) ရက်နေ့မှ ( ၃၁ ) ရက်နေ့ အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၂၁၀၂) သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန် ဒေါ်လာ (၀.၀၃၉၈) သန်း၊ စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၀.၂၅)သန်းကုန်သွယ်မှုဆောင်ရွက် နိုင်ခဲ့ပါသည်။

             မောတောင်ကုန်သွယ်ရေးစခန်းမှ ဒီဇင်ဘာလ ( ၂၇ ) ရက်နေ့မှ ( ၃၁ ) ရက်နေ့ အထိ အဓိက တင်ပို့ခဲ့သော ကုန်ပစ္စည်းများမှာ ငါးမျိုးစုံ (၉၅.၈၅) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၁၀၁၉)သန်း၊ ဂျင်းခရု (အရှင်) (၅.၈) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၈၈)သန်း၊ ရွှံ့ဂဏန်း (အရှင်) (၂.၉) တန်၊ တန်ဖိုး ကန် ဒေါ်လာ(၀.၀၁၁)သန်း၊ ဂဏန်း (အသေ) (၆.၁)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၇၃)သန်း၊ ရေခူဆားနယ်  (၁)တန်၊ တန်ဖိုးကန်ဒေါ်လာ(၀.၀၀၁၉)သန်း၊ ရေချိုပုစွန် (၀.၈)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၃၇)သန်း၊ ကျောက်ပုဇွန်(အရှင်)(၀.၅၄)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၁၁၄)သန်း၊ ကင်းမွန်ပြုတ်ခြောက် (၀.၄)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၁၈)သန်း၊ ငှက်ပျောသီး (၄၅)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၁၃၈)သန်း၊ ငရုတ်သီးစိမ်း (၅၂.၃၅၂)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၄၁၃)သန်း၊ တံမြက်စည်း (၃၆၀၀၀)U၊  တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၇၃)သန်း တင်ပို့နိုင်ခဲ့ပြီး အဓိကတင်သွင်းခဲ့သော ကုန်ပစ္စည်းများမှာ သစ်သီး (၃၈.၅) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၂၂)သန်း၊ ငါးအစာ (၆၀)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၂၀၇)သန်း၊ ပလတ်စတစ်ခွက် (၂)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၀၆)သန်း၊ ငါးသေတ္တာဘူးခွံ (၅)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၃၃)သန်း၊ ကြွေပြားကပ်ကော်မှုန့် (၁၅)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၁၁)သန်း၊ ကြွေပြား (၈၀၀)M2 ၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၁၉)သန်း ဖြစ်ပါသည်။

             မောတောင်ကုန်သွယ်ရေးစခန်း အဓိကတင်ပို့လျက်ရှိသည့်      ပို့ကုန်ပစ္စည်းများ၏ (၁) တန်ဈေးနှုန်း မှာ - ငါးမျိုးစုံ (၁၀၆၃.၁၂) ဒေါ်လာနှုန်း၊ (၉၅.၈၅) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၁၀၁၉)သန်း၊ ဂျင်းခရု (အရှင်) (၁၅၁၇.၂၄) ဒေါ်လာနှုန်း၊ (၅.၈) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၈၈) သန်း၊ ရွှံ့ဂဏန်း (အရှင်) (၃၇၉၃.၁) ဒေါ်လာနှုန်း၊ (၂.၉) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၁) သန်း၊ ဂဏန်း (အသေ) (၁၁၉၆.၇၂) ဒေါ်လာနှုန်း၊ (၆.၁) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၇၃) သန်း၊ ရေခူဆားနယ် (၁၉၀၀) ဒေါ်လာနှုန်း၊ (၁) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၁၉) သန်း၊ ရေချိုပုစွန် (၄၆၂၅) ဒေါ်လာနှုန်း၊ (၀.၈) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၃၇) သန်း၊ ကျောက်ပုစွန် (အရှင်) (၂၁၁၁၁.၁၁) ဒေါ်လာနှုန်း၊ (၀.၅၄) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၁၄) သန်း၊ ကင်းမွန်ပြုတ်ခြောက် (၄၅၀၀) ဒေါ်လာနှုန်း၊ (၀.၄) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၁၈) သန်း၊ ငှက်ပျောသီး (၃၀၆.၆၇) ဒေါ်လာနှုန်း၊ (၄၅) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၃၈)သန်း၊ ငရုတ်သီးစိမ်း (၇၈၈.၈၉) ဒေါ်လာနှုန်း၊ (၅၂.၃၅၂) တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၄၁၃) သန်း၊ တံမြက်စည်း(၁)ချောင်းလျှင် (၀.၂၀၃) ဒေါ်လာနှုန်း၊ (၃၆၀၀၀) U၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၇၃) သန်း ဖြစ်သည်။

             မောတောင်ကုန်သွယ်ရေးစခန်းအဓိကတင်သွင်းလျက်ရှိသည့် သွင်းကုန်ပစ္စည်းများ၏(၁)တန် ဈေးနှုန်းမှာ - သစ်သီး (၃၁၆.၈၈) ဒေါ်လာနှုန်း၊ (၃၈.၅)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၁၂၂)သန်း၊ ငါးအစာ (၃၄၅) ဒေါ်လာနှုန်း၊ (၆၀)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၂၀၇)သန်း၊ ပလတ်စတစ်ခွက် (၃၀၀) ဒေါ်လာနှုန်း၊ (၂)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၀၆)သန်း၊ ငါးသေတ္တာဘူးခွံ (၆၆၀) ဒေါ်လာနှုန်း၊ (၅)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၃၃)သန်း၊ ကြွေပြားကပ်ကော်မှုန့် (၇၃.၃၃) ဒေါ်လာနှုန်း၊ (၁၅)တန်၊ တန်ဖိုးကန် ဒေါ်လာ (၀.၀၀၁၁)သန်း၊ ကြွေပြား (၁)M2 လျှင် (၂.၃၇၅) ဒေါ်လာနှုန်း၊ (၈၀၀) M2၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၁၉)သန်း ဖြစ်ပါသည်။

          မြိတ်မှ မောတောင်သို့ ကုန်စည်သယ်ယူစရိတ်အနေဖြင့် ယာဉ် (၁) စီးလျှင် ကုန်ကျစ် (၇၀၀,၀၀၀) ကျပ်နှင့် ကုန်ပွ (၇၀၀,၀၀၀) ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရသည်။ လက်ရှိတွင် မြိတ် - တနင်္သာရီ - မောတောင် ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်လျက်ရှိပါသည်။

Pages