၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့

          တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ယခုအပတ် (၁၆-၉-၂၀၂၃ မှ ၂၂-၉-၂၀၂၃) ရက်နေ့ထိ ပို့ကုန် တင်ပို့မှုအနေဖြင့် ကြက်သွန်ဖြူ (၁၄၀.၅) တန်၊ တန်ဖိုး (၀.၃၀၈)ဒေါ်လာသန်း၊ ရာဘာစေး (၄၀) တန်၊ တန်ဖိုး (၀.၀၃၄) ဒေါ်လာသန်း၊ ကော်ဖီစေ့ (၁၇) တန်၊  တန်ဖိုး (၀.၀၄၃) ဒေါ်လာသန်း ၊ ခဲသတ္တု (Lead Sulphide)(၄၄၅) တန်၊ တန်ဖိုး (၀.၁၅၇) ဒေါ်လာသန်း အပါအဝင် ပို့ကုန်တန်ဖိုး (၀.၅၇၁) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။ ယခုအပတ် တင်ပို့မှုတွင်ပါဝင်သောသတ္တု(Lead Sulphide) (၄၄၅) တန် မှာ  တာချီလိတ်ကုန်သွယ်ရေးစခန်း၏ အဓိကပို့ကုန်များတွင် တစ်ခုအပါအဝင်ဖြစ်ပြီး သတ္တုဈေးနှုန်း ထောက်ခံချက်ရယူပြီးမှသာ လိုင်စင်လျှောက်ထားခြင်း၊ အကောက်ခွန် ကြေငြာလွှာ (ED) ဖွင့်လှစ်ခြင်းတို့ ဆောင်ရွက်၍ တစ်ဖက်ထိုင်းနိုင်ငံသို့ တင်ပို့ခြင်းဖြစ်ပါသည်။ တစ်ပတ်အတွင်းပျမ်းမျှငွေလဲနှုန်းအနေဖြင့် ကျပ်(၁) သိန်းလျှင် (၁၀၄၀) ဘတ်ဖြစ်ပေါ်ခဲ့သည်။

         တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် စက်သုံးဆီ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ အဓိကတင်သွင်းလျက်ရှိရာ ယခုအပတ်တွင် ဓာတ်ဆီ (၀.၃၄၄) ဒေါ်လာသန်း၊ ဒီဇယ် (၀.၃၄၇) ဒေါ်လာသန်း၊ ဘိလပ်မြေ (၀.၃၅၆) ဒေါ်လာသန်း၊တွင်းထွက်(သတ္တုမှအပ) ဆောက်လုပ်ရေး ပစ္စည်းများ (၀.၂၈၁) ဒေါ်လာသန်း ၊ သံနှင့်သံမဏိ ဆောက်လုပ်ရေးပစ္စည်းများ (၀.၀၁၅) ဒေါ်လာသန်း ၊ဖန်ဆောက်လုပ်ရေးပစ္စည်းများ (၀.၀၀၆) ဒေါ်လာသန်း၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ (၀.၀၄၇) ဒေါ်လာသန်း ၊ သုတ်ဆေး/ပေါလစ်များ (၀.၀၁၅) ဒေါ်လာသန်း၊ ဓါတုဗေဒပစ္စည်းများ (၀.၀၂၇) ဒေါ်လာသန်း အပါအဝင် သွင်းကုန်တန်ဖိုး (၁.၅၄၃) ဒေါ်လာသန်း တင်သွင်းခဲ့ပါသည်။ဈေးနှုန်းအနေဖြင့် ရိုးရိုးဒီဇယ်ဆီတစ်တန်လျှင် (၁၀၄၈)ဒေါ်လာ ၊ ပရီမီယမ်ဒီဇယ်ဆီ တစ်တန်လျှင် (၁၀၈၀) ဒေါ်လာ ၊ ဓါတ်ဆီ(92 Ron) တစ်တန်လျှင်(၁၀၄၇) ဒေါ်လာ၊ ဓါတ်ဆီ(95 Ron) တစ်တန်လျှင် (၁၀၉၈) ဒေါ်လာဖြစ်သည်။

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့

            မြဝတီကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံနှင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက်လျှက်ရှိရာ (၁၉-၉-၂၀၂၃) ရက်နေ့မှ (၂၂-၉-၂၀၂၃) ရက်နေ့ထိ ပို့ကုန်တင်ပို့မှုအနေဖြင့် လယ်ယာထွက်ကုန်ပစ္စည်းများ ဖြစ်သည့် ငရုတ်၊ ဂေါ်ဖီ၊ ကြက်သွန်န၊ ပြောင်း၊ မတ်ပဲ၊ မြေပဲ၊ ချင်း(ခြောက်)၊ ကော်ဖီစေ့၊ ရေထွက်ပစ္စည်း ဖြစ်သည့်  ငါးကြင်းဆီဖောင်း၊ ဂုံး၊ ပုစွန်၊ ငါးမြွေထိုး၊ ငါးခွေးလျှာ၊ ငါးပါးလျှပ်၊ ငါးကြင်း (Frozen) ၊ ဂဏန်းနှင့် CMP ပစ္စည်းများကို တင်ပို့ခဲ့ပါသည်။ 

     (၁၉-၉-၂၀၂၃) ရက်နေ့မှ (၂၂-၉-၂၀၂၃) ရက်နေ့ထိ အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ငရုတ်၊ ကြက်သွန်နီ၊ ရေထွက်ပစ္စည်းများနှင့် CMP ပစ္စည်းများဖြစ်ပါသည်။

    ယခုအခါ ထိုင်းနိုင်ငံမှ စားသောက်ကုန်လုပ်ငန်းများ တွင်ကျယ်စွာ ဆောင်ရွက်လာမှုနှင့်အတူ အသုံး ပြုရန် လိုအပ်ချက်ကြောင့် စားသောက်ကုန်ပစ္စည်းကုန်ကြမ်းဝယ်လိုအားမြှင့်တက်နေ၍ လတ်တလော ကာလများတွင် ပိုမိုတင်ပို့နိုင်ခဲ့ပါသည်။

   ပုပ်သိုးပျက်စီးလွယ်သည့် ရေထွက်ကုန်ပစ္စည်းများ၊ ကုန်စိမ်းပို့ကုန်များဖြစ်သည့် ကြက်သွန်နီနှင့် ငရုတ်များကို လွယ်ကူလျင်မြန်စွာ တင်ပို့နိုင်ရေးအတွက် လို်င်စင်ထုတ်ပေးခြင်း၊ ကုန်ပစ္စည်း စစ်ဆေးမှုများ တွင် ဦးစားပေး ဆောင်ရွက်ပေးလျက်ရှိပါသည်။

     (၁၉-၉-၂၀၂၃) ရက်နေ့မှ (၂၂-၉-၂၀၂၃) ရက်နေ့ထိ သွင်းကုန်ပစ္စည်းတင်သွင်းမှုအနေဖြင့် တိရစ္ဆာန်အစာ၊ စက်ဘီး၊ အဝတ်အထည်၊ စာရေးကိရိယာ၊ ကားအပိုပစ္စည်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများနှင့် ယာဉ်ယန္တရားများ၊ ဆိုင်ကယ်အပိုပစ္စည်း၊ စက်ဆီ/ချောဆီ၊ လျှပ်စစ်ပစ္စည်း၊ စားသောက်ကုန်၊ အလှကုန် ပစ္စည်း၊ CMP ၊ ဆေးဝါးများ၊ ဆေးဖက်ဆိုင်ရာသုံးပစ္စည်းကိရိယာများ၊ ဖိနပ်၊ သစ်သီးမျိုးစုံ၊ အိမ်သုံးပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ စက်ရုံသုံးပစ္စည်း၊ စက်နှင့် စက်ပစ္စည်းကိရိယာများ၊ ဓာတ်မြေဩဇာနှင့် ငါးဖမ်းပစ္စည်း တို့ကို တင်သွင်းခဲ့ပါသည်။

    (၁၉-၉-၂၀၂၃) ရက်နေ့မှ (၂၂-၉-၂၀၂၃)ရက်နေ့ထိ အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ  အဝတ်အထည်၊ CMP ၊ စားသောက်ကုန်ပစ္စည်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း၊ စက်နှင့်စက်အပို ပစ္စည်းများ၊ သစ်သီးမျိုးစုံနှင့် လူသုံးကုန်ပစ္စည်းတို့ ဖြစ်ပါသည်။

     ငွေစျေးနှုန်းအနေဖြင့် ယခင်အပတ်က တစ်ဘတ်လျှင် (၉၆.၆၂) ရှိပြီး ယခုအပတ်တွင် (၉၄.၇၈) ကျပ် ဖြစ်ပါသဖြင့်  ဘတ်စျေးအနည်းငယ် ကျဆင်းခဲ့ပါသည်။

     (၁၆-၉-၂၀၂၃ မှ ၂၂-၉-၂၀၂၃)ရက်နေ့ထိ အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ကြက်သွန်နီ (၁)တန်လျှင် (၆၆၆.၂၈၅) ဒေါ်လာဖြင့် (၁၃၆၂.၇၈၀)တန်  (၀.၉၀၈) ဒေါ်လာသန်း၊ ချုပ်ပြီးအထည် (၁၃၅၀၀၃) U၊ (၁၄.၁၅၃) တန် (၁.၂၅၀)‌ဒေါ်လာသန်း၊ ငရုတ်သီး(ခြောက်) (၁)တန်လျှင် (၁၆၆၈.၂၂၂) ဒေါ်လာဖြင့် (၂၂၁.၇၉၃)တန် (၀.၃၇၀)ဒေါ်လာသန်း၊ ငရုတ်သီး(စိမ်း)(အစို) (၁) တန်လျှင် (၄၁၀.၂၉၉) ဒေါ်လာဖြင့် (၄၁၉.၂၀၆)တန် (၀.၁၇၂)ဒေါ်လာသန်း၊ ကော်ဖီစေ့ (၁)တန်လျှင် (၄၃၀၅.၅၅၅) ‌ဒေါ်လာဖြင့် (၇၂)တန် (၀.၃၁၀) ဒေါ်လာသန်း၊ မတ်ပဲ (၁)တန်လျှင် (၁၁၀၆.၉၆၅) ‌ဒေါ်လာဖြင့် (၂၄၁.၂၀၀)တန် (၀.၂၆၇) ဒေါ်လာသန်း၊ မြေပဲဆံ (၁) တန်လျှင် (၉၅၆.၂၇၄) ဒေါ်လာဖြင့် (၄၁.၈၂၉) တန် (၀.၀၄၀) ဒေါ်လာသန်း၊ အခြားရေထွက်ပစ္စည်း (၁) တန်လျှင် (၁၂၆၅.၈၈၆) ဒေါ်လာဖြင့် (၆၀.၀၃၇) တန် (၀.၀၇၆) ဒေါ်လာသန်း၊ ဂေါ်ဖီထုပ် (၁)တန်လျှင် (၂၀၁.၃၈၈) ဒေါ်လာဖြင့် (၄၃၂) တန် (၀.၀၈၇) ဒေါ်လာသန်း နှင့် သတ္တုနှင့် သတ္တုရိုင်း များ (၁)တန်လျှင် (၁၄၀၀)‌ ဒေါ်လာဖြင့် (၁၀၀) တန် (၀.၁၄၀) ဒေါ်လာသန်း တို့ ဖြစ်ပါသည်။

      (၁၆-၉-၂၀၂၃ မှ ၂၂-၉-၂၀၂၃) ရက်နေ့ထိ အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်း (၁၀)မျိုးမှာ ပလတ်စတစ်ကုန်ကြမ်းပစ္စည်းများ (၂.၈၇၂) ဒေါ်လာသန်း၊ တွင်းထွက် (သတ္တုမှအပ) ဆောက်လုပ်ရေး ပစ္စည်းများ (၁.၈၄၈) ဒေါ်လာသန်း၊ စက်နှင့်စက်ပစ္စည်းများ (၀.၆၃၄) ဒေါ်လာသန်း၊ သံနှင့်သံမဏိ ဆောက်လုပ်ရေးပစ္စည်းများ (၀.၉၄၇) ဒေါ်လာသန်း၊ ဝါယာကြိုးများ (၀.၄၃၃) ဒေါ်လာသန်း၊ ဓါတုဗေဒ ပစ္စည်းများ (၀.၄၁၉)၊ တာယာနှင့် ကျွတ်များ (၀.၃၉၀) ဒေါ်လာသန်း၊ ဆေးဝါးပစ္စည်းများ (၁.၀၇၅) ဒေါ်လာ သန်း၊ ပုံနှိပ်စက္ကူများ (၀.၅၅၇) ဒေါ်လာသန်းနှင့် အခြားစက္ကူများ (၀.၆၈၀) ဒေါ်လာသန်းတို့ ဖြစ်ပါသည်။

    မြဝတီကုန်သွယ်ရေးဇုန်အနေဖြင့် ၂၀၂၃  ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့မှ ၂၂ ရက်နေ့အထိ အမှန် ဆောင်ရွက်နိုင်မှုမှာ ပို့ကုန် (၁၃.၆၄၁) ကန်ဒေါ်လာသန်း၊ သွင်းကုန် (၇၂.၈၂၉) ကန်ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၈၆.၄၇၀) ကန်ဒေါ်လာသန်း  ဆောင်ရွက်နိုင်ခဲ့ပါသည်။

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ လ ၂၅ ရက်နေ့

              ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း အနေဖြင့် ယခုအပတ် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၁၆) ရက် နေ့မှ စက်တင်ဘာလ(၂၂) ရက်နေ့အတွင်း လုပ်ငန်းဆောင်ရွက်မှုမှာ ပို့ကုန်(၅.၀၄၁) ဒေါ်လာသန်း နှင့် သွင်းကုန် (၁၄.၂၆၉) ဒေါ်လာသန်း ကုန်သွယ်မှုပမာဏအနေဖြင့် (၁၉.၃၁၀) ဒေါ်လာသန်း ဆောင်ရွက် နိုင်ခဲ့ပြီး ယာဉ်စီးရေအနေဖြင့် ပို့ကုန် (၃၅၆) စီး၊ သွင်းကုန် (၇၄၇) စီး ဆောင်ရွက်နိုင်ခဲ့သည်။

               ယခင်အပတ်  ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၉)ရက်နေ့မှ စက်တင်ဘာလ(၁၅) ရက်နေ့အတွင်း လုပ်ငန်းဆောင်ရွက်မှုမှာ ပို့ကုန်(၅.၀၆၄) ဒေါ်လာသန်း နှင့် သွင်းကုန် (၁၃.၅၇၈) ဒေါ်လာသန်း ကုန်သွယ်မှု ပမာဏအနေဖြင့် (၁၈.၆၄၂) ဒေါ်လာ သန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။ ယခုတစ်ပတ်နှင့် ယခင်တစ်ပတ် နှိုင်းယှဉ်ပါက ပို့ကုန်တန်ဖိုး (၀.၀၂၃) ဒေါ်လာသန်း လျော့နည်းခဲ့သော်လည်း သွင်းကုန်တန်ဖိုး (၀.၉၆၁) ဒေါ်လာသန်း ပိုမိုခဲ့ခြင်းကြောင့် ကုန်သွယ်မှုပမာဏ အနေဖြင့် (၀.၆၆၈) ဒေါ်လာ သန်း ​ပိုမိုခဲ့သည်။

              တင်ပို့သည့် ပို့ကုန်အမယ်များအနက် ဆန်ကွဲ၊ ပြောင်း၊ ပဲလွန်းဖြူ၊ ပဲတီစိမ်း၊ ထောပတ်ပဲ၊  စွန်တာနီ၊ မြေထောက်ပဲ၊  မြေပဲဆံ၊ ဘိုကိတ်ပဲ၊   ရော်ဘာကြမ်း၊ မီးရှို့စက္ကူ၊ အရက်ဆီ၊   တင်ပို့မှုလျော့နည်းခဲ့ ခြင်းကြောင့်  ယခင်တစ်ပတ်အောက်(၀.၀၂၃) ဒေါ် လာသန်း လျော့နည်းခဲ့ခြင်း ဖြစ်သည်။

              တင်သွင်းသည့် သွင်းကုန်အမယ်များအနက် ရင်းနှီးမြှုပ်နှံမှုပစ္စည်းများအုပ်စုမှ အခြားပစ္စည်းများ မော်တော်ယာဉ်နှင့် မော်တော်ယာဉ်ပစ္စည်းများ၊ တွင်းထွက်(သတ္တုမှအပ) ဆောက်လုပ်ရေးပစ္စည်းများ၊ အခြားပစ္စည်းများ၊ လျော့နည်းတင်းသွင်းခဲ့သော်လည်း ဝါယာကြိုးများ၊ လယ်ထွန်စက်အပိုပစ္စည်းများ ၊ စက်နှင့် စက်အပိုပစ္စည်းများ ၊ သတ္တုကုန်ချောဆောက်လုပ်ရေးပစ္စည်းများ၊ လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးနှင့် တပ်ဆင်ရေးပစ္စည်းများ၊ သံနှင့်သံမဏိဆောက်လုပ်ရေးပစ္စည်းများ၊ ပိုမိုတင်သွင်းခဲ့သဖြင့် ယခင်တစ်ပတ်ထက် (၁.၂၄၆) ဒေါ်လာသန်း ပိုမိုခဲ့သည်။

              လုပ်ငန်းသုံးကုန်ကြမ်းအုပ်စုတွင် ချည်ခင်များ ၊ ပလပ်စတစ် ကုန်ကြမ်းပစ္စည်းများ ၊ တာယာနှင့် ကျွတ်များ ပိုမိုတင်သွင်းခဲ့သော်လည်း ဓာတ်မြေသြဇာများ ၊သားရေတု ပြုလုပ်သောပစ္စည်းများ ၊ ကုန်ထုတ် စက္ကူများ ၊ ဓါတုဗေဒပစ္စည်းများ၊ အခြားပစ္စည်းများ လျော့နည်း တင်သွင်းခဲ့သဖြင့် ယခင် တစ်ပတ်အောက် (၀.၅၇၇) ဒေါ်လာသန်း လျော့နည်းခဲ့သည်။

              လူသုံးကုန်ပစ္စည်းအုပ်စုတွင် ဘထ္ထရီခြောက် ၊ ချည်ထည်များ၊ ဆေးဝါးများ ၊  အခြားပစ္စည်းများ ၊ လျော့နည်းတင်သွင်းခဲ့သော်လည်း အပ်ချည်ကြိုးများ ၊ ဇာနှင့်ဇာထိုးထားသောအထည်အလိပ်များ ၊  ချုပ်ပြီး အဝတ်အထည်များ ၊ မီးဖိုချောင်သုံးပစ္စည်းများ ပိုမိုတင်သွင်းခဲ့သဖြင့် ယခင်တစ်ပတ်ထက် (၀.၀၂၂) ဒေါ်လာ သန်း ပိုမိုခဲ့သည်။

              ယခုတစ်ပတ်တွင် အများဆုံးပို့ကုန်( ၁၀ )မျိုးမှာ ရော်ဘာ (၁၂၅၁.၁၀၀)တန်၊ (၁.၅၃၃) ဒေါ်လာ သန်း၊ ပဲယင်း ( ၁၄၀၇.၂၄၆ )တန်၊ ( ၁.၀၉၇ )ဒေါ်လာသန်း၊ ပဲတီစိမ်း (  ၆၁၂.၀၀၀ )တန်၊ ( ၀.၄၃၄) ဒေါ်လာ သန်း၊  ပဲနီကြား (၅၂၆.၀၃၄) တန်၊ (၀၂၉၁)ဒေါ်လာသန်း၊ CMP (၃၉၇၇၈) ခု ၊ (၀.၂၇၁) ဒေါ်လာသန်း၊ နှမ်းနက် (၁၃၅.၃၇၉) တန်၊ (၀.၂၁၈)ဒေါ်လာသန်း ၊ မြေထောက်ပဲ  (၁၃၆.၀၀၀) တန်၊ (၀.၂၁၆) ဒေါ်လာ သန်း၊ ပဲလွန်းဖြူ (၂၉၀.၅၀၀) တန်၊(၀.၁၇၈ )ဒေါ်လာသန်း၊  ဝဥခြောက် (၈၄.၅၀၀) တန်၊ (၀.၁၅၆) ဒေါ်လာ သန်း၊ ပဲကြီး (၁၃၆.၀၀၀) တန်၊ (၀.၁၃၆)ဒေါ်လာသန်း ဖြစ်သည်။

              ယခုတစ်ပတ်တွင် အများဆုံးသွင်းကုန်( ၁၀ ) မျိုးမှာ သံနှင့် သံမဏိဆောက်လုပ်ရေးပစ္စည်း (၃.၉၅၀  ) ဒေါ်လာသန်း၊ ဇာနှင့်ဇာထိုးထားသောအထည်အလိပ်များ (၃.၀၆၇) ဒေါ်လာသန်း၊ ချည်ထည်များ (၂.၉၈၀) ဒေါ်လာသန်း၊ လုပ်ငန်းသုံးအခြားပစ္စည်း(၁.၀၃၅)ဒေါ်လာသန်း၊ လူသုံးအခြားပစ္စည်း (၀.၆၂၃) ဒေါ်လာသန်း၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ(၀.၄၈၆)ဒေါ်လာသန်း၊ ချုပ်ပြီးအဝတ်အထည်များ (၀.၄၃၁) ဒေါ်လာသန်း၊ စက်နှင့်စက်ပစ္စည်းများ( ၀.၄၁၉ ) ဒေါ်လာသန်း၊ ဓါတုဗေဒချည်ခင်များ (၀.၂၀၃) ဒေါ်လာ သန်း၊  တွင်းထွက် (သတ္တုမှအပ) ဆောက်လုပ်ရေးပစ္စည်းများ(၀.၁၇၄) ဒေါ်လာသန်းဖြစ်သည်။

              ကုန်စည်သယ်ယူစရိတ်အနေဖြင့် မန္တလေးမှ ချင်းရွှေဟော်သို့ အတက်ကုန်ကားခ ပို့ကုန် တစ် ပိဿာ လျှင် (၇၉)ကျပ်ရှိကြောင်း သိရှိရသည်။ အဆင်း ကုန်ကျစ်ကားခ တစ်ပိဿာလျှင် (၁၇၀)ကျပ် ကုန်ပွ ကားခ တစ်ပိဿာလျှင် (၁၈၅)ကျပ် ရှိကြောင်းသိရှိရပါသည်။ လယ်ယာထွက်ကုန်များ၏(၁)တန် ဈေးနှုန်း မှာ  ဆန် (၃၂၀၀) ယွမ်နှုန်း၊ ဆန်ကွဲ (၃၁၀၀)ယွမ်နှုန်း၊ ပဲတီစိမ်း (၅၉၀၀) ယွမ်နှုန်း ၊ မြေထောက်ပဲ (၈၀၀၀) ယွမ်နှုန်း၊ ပဲလွန်းဖြူ (၄၇၀၀) ယွမ်နှုန်း၊ ပြောင်း (၂၃၀၀)ယွမ်နှုန်း ၊ နှမ်း (၁၂၀၀၀) ယွမ်နှုန်း ၊ ရော်ဘာ (၈၀၀၀) ယွမ်နှုန်း၊ ငရုတ်(အစို )(၅၀၀၀)ယွမ်နှုန်း၊ ငရုတ်(ခြောက်)(၉၀၀၀) နှုန်း ရှိကြောင်းသိရှိရသည်။

          မန္တလေး၊ လားရှိုး၊ သိန္နီ ၊ ကွမ်လုံ ၊ ချင်းရွှေဟော်ကုန်သွယ်ရေးလမ်းကြောင်း ကောင်းမွန်ပြီး ပို့ကုန်ယာဉ် ၊ သွင်းကုန်ယာဉ်များ လွယ်ကူချောမွေ့စွာသွားလာနိုင်ကြောင်း သိရှိရသည်။

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့

             

ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ်၊ စက်တင်ဘာလ (၁)ရက်မှ (၂၂)ရက်ထိကုန်သွယ်မှုအခြေအနေ

             ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလကုန်သွယ်မှုလျာထားချက်မှာ ပို့ကုန် (၃.၀၀၀) ဒေါ်လာသန်းနှင့် သွင်းကုန် (၁.၂၀၀) ဒေါ်လာသန်းဖြင့် စုစုပေါင်း (၄.၂၀၀) ဒေါ်လာသန်း ဖြစ်ပါသည်။

             စက်တင်ဘာလ (၂၂) ရက်နေ့အထိ အမှန်ကုန်သွယ်မှုမှာ ပို့ကုန် (၀.၉၆၃) ဒေါ်လာသန်း၊ သွင်းကုန် (၀.၇၅၆) ဒေါ်လာသန်း၊ စုစုပေါင်း (၁.၇၁၉) ဒေါ်လာသန်းဖြစ်သဖြင့် ကုန်သွယ်မှု လျာထား ချက်အပေါ် (၄၀.၉၃၀%) ဆောင်ရွက်ပြီးဖြစ်ပါသည်။

              စက်တင်ဘာလ (၂၂) ရက်အတွင်း ပို့ကုန်အမယ်များအနေဖြင့် တစ်သျှူးငှက်ပျော တင်ပို့နိုင် ခဲ့ပြီး၊ သွင်းကုန်အမယ်များအနေဖြင့် ရင်းနှီးမြှုပ်နှံမှုပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန် အဝတ် အထည်များနှင့် သစ်သီးများ၊ တင်သွင်းနိုင်ခဲ့ပါသည်။

ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၂၂) ရက်နေ့အထိပို့ကုန် ပိုင်းတွင် အဓိကပို့ကုန်ဖြစ်သည့် တစ်သျှူးငှက်ပျော တင်ပို့မှုအနေဖြင့် ဈေးနှုန်းတစ်တန်လျှင် (၂၄၉၃) ယွမ်/ (၃၄၅.၄၀)ဒေါ်လာတို့ဖြင့် တန်ချိန် (၂၇၉၂) တန်၊ တန်ဖိုး (၉၆၃၃၂၅) ဒေါ်လာတင်ပို့နိုင်ခဲ့သည်။

              အများဆုံးသွင်းကုန်ပစ္စည်းများအနေဖြင့် Iron Sheet In Coil ဈေးနှုန်းတစ်တန်လျှင် (၅၀၂၀) ဒေါ်လာဖြင့် တန်ချိန် (၁၈.၀၀၀) တန်၊ တန်ဖိုး (၁၂၅၉၂.၂၁) ဒေါ်လာ၊Iron Nail ဈေးနှုန်းတစ်တန်လျှင် (၆၆၀) ဒေါ်လာဖြင့် တန်ချိန် (၁၄.၇၀၀) တန်၊ တန်ဖိုး (၁၁၇၆၃.၆၅) ဒေါ်လာ၊ Iron Pipe ဈေးနှုန်း တစ်တန်လျှင် (၆၅၀) ဒေါ်လာဖြင့် တန်ချိန် (၄၀.၅၀၀) တန်၊ တန်ဖိုး (၂၆၉၁၈.၉၁၇) ဒေါ်လာ၊ Artificial Grass ဈေးနှုန်း တစ်တန်လျှင်(၆၅၀) ဒေါ်လာဖြင့် တန်ချိန် (၃၅.၅၀၀)တန်၊ တန်ဖိုး(၂၄၅၄၀.၇၂၀) ဒေါ်လာ၊ Apple တစ်တန်လျှင် (၄၂၃) ဒေါ်လာဖြင့်  တန်ချိန်(၂၆.၁၀၀)တန်၊တန်ဖိုး (၁၁၆၀၂.၃၉) ဒေါ်လာ၊ Orangeတစ်တန်လျှင် (၂၃၀)ဒေါ်လာဖြင့် တန်ချိန် (၅၈.၁၀)တန်၊ တန်ဖိုး (၁၈၅၈၃.၄၈) ဒေါ်လာ၊  Ceramic Tile Plain ဈေးနှုန်း(1 M2) လျှင် (၄.၁) ဒေါ်လာဖြင့် (၁၆၁၂၆) M2၊ တန်ဖိုး (၅၈၆၇၁.၂၆၃) ဒေါ်လာ၊ တင်သွင်းနိုင်ခဲ့ပြီး အခြားရင်းနှီးမြှုပ်နှံမှုပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများ (ပန်းသီး၊ လိမ္မော်သီးနှင့် အဝတ်အထည် များ)တင်သွင်းနိုင်လျက်ရှိသည်။

              ကံပိုင်တည်ကုန်သွယ်ရေးစခန်း၌ အတက်အဆင်းကုန်များအတွက် အငှားယာဉ်ဖြင့် တင်ဆောင် ခြင်းမဟုတ်ဘဲ ငှက်ပျောတင်ယာဉ်နှင့် သွင်းကုန်ပစ္စည်းများအတွက် ကုန်ပစ္စည်းတင်ယာဉ်များသည် သက်ဆိုင်ရာကုမ္ပဏီပိုင် ယာဉ်များဖြင့်သာ တင်ပို့တင်သွင်းခြင်းဖြစ်သည်။

              ကံပိုင်တည်-ဝိုင်းမော်-မြစ်ကြီးနား ကုန်သွယ်မှုလမ်းကြောင်း၌ တောင်ပြိုခြင်း၊ လမ်းပိတ်ဆို့ ခြင်းများမရှိဘဲ ကုန်တင်ယာဉ်များ ပုံမှန်သွားလာလျက်ရှိသည်။

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့

         လွယ်ဂျယ်ကုန်သွယ်ရေးစခန်းအနေဖြင့်(၂၀-၉-၂၀၂၃) မှ (၂၄-၉-၂၀၂၃) ရက်နေ့အတွင်း ကုန်သွယ်မှုဆောင်ရွက်ရာ၌ ပို့ကုန်ပိုင်းတွင် ဆန်ကွဲ(၂၁၂.၂၅) တန်၊ တန်ဖိုး (၀.၀၈၇) ဒေါ်လာ သန်း၊ ပြောင်း (၉၄၀.၀၀) တန်၊ တန်ဖိုး (၀.၂၁၄) ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပါသည်။

        ပို့ကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့်ဆန် တစ်တန်လျှင် (၄၆၉) ဒေါ်လာ၊ ဆန်ကွဲတစ်တန် လျှင်(၄၀၈)ဒေါ်လာ၊ပြောင်းတစ်တန်လျှင် (၃၁၀) ဒေါ်လာနှင့် ကြိမ်တစ်တန်လျှင် (၆၀၀) ဒေါ်လာ၊ ပဲတီစိမ်းတစ်တန်လျှင်(၆၆၀)ဒေါ်လာ၊ မြေထောက်ပဲတစ်တန်လျှင် (၁၄၈၄)ဒေါ်လာ၊ရော်ဘာတစ် တန်လျှင် (၁၃၀၀) ဒေါ်လာရှိ၍ သယ်ယူပို့ဆောင်ခမှာ ဗန်းမော်မှလွယ်ဂျယ်သို့ ပို့ကုန်တစ်ပိဿာ လျှင်(၁၅၀)ကျပ်ရှိကြောင်းသိရှိရပါသည်။

        ယခုအပတ်အတွင်း သွင်းကုန်ပိုင်းအနေဖြင့်တာယာ (၂၈၀) U ၊ တန်ဖိုး (၀.၀၂၈) ဒေါ်လာ သန်း၊ ပိတ်လိပ် (၁၀၄.၆၅) တန်၊ တန်ဖိုး (၀.၀၆၂) ဒေါ်လာသန်း၊ ပီနံအိတ် (၇၈.၀၀) တန်၊ တန်ဖိုး (၀.၀၆၂) ဒေါ်လာသန်း၊ ချည် (၃၃.၅၀) တန်၊ တန်ဖိုး (၀.၀၂၀) ဒေါ်လာသန်း၊ ပလပ်စတစ်လိပ် (၃၆.၀၀)တန်၊ တန်ဖိုး(၀.၀၂၅)ဒေါ်လာသန်း၊ ပတ္တာကြိုး (၁၄.၉၄)တန်၊တန်ဖိုး(၀.၀၁၈)ဒေါ်လာသန်း၊ ပိုက် (၇.၁၀)တန်၊တန်ဖိုး (၀.၀၀၉)ဒေါ်လာသန်း၊ကုန်စုံ (၁၆၃.၀၀) တန်၊ (၁၅၁၀၅) U၊ (၅၀၀) PR၊ တန်ဖိုး (၀.၁၁၆) ဒေါ်လာသန်း တင်သွင်းနိုင်ခဲ့ပါသည်။

        သွင်းကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့်ဓါတ်မြေဩဇာ (Organic Fertilizer) တစ်တန်လျှင် (၂၅၀) ဒေါ်လာ၊ဓါတ်မြေဩဇာ (Compound Fertilizer) တစ်တန်လျှင် (၃၉၈)ဒေါ်လာ၊စက္ကူလိပ် တစ်တန်လျှင် (၃၅၀) ဒေါ်လာ၊ ပီနံအိတ် တစ်တန်လျှင် (၈၀၀) ဒေါ်လာ၊ မြက်ခင်းတုတစ်တန် လျှင် (၆၃၀)ဒေါ်လာရှိ၍ လွယ်ဂျယ်မှဗန်းမော်သို့ သယ်ယူပို့ဆောင်ခမှာ (၁၂)ဘီးယာဉ် (၁)စီးလျှင် ကုန်ကျစ်(၁၂၀၀၀၀၀)ကျပ်၊ကုန်ပွ(၈၀၀၀၀၀)ကျပ်နှင့် ကုန်စုံတစ်စီးလျှင် (၁၀၀၀၀၀၀) ကျပ်ဝန်း ကျင်ရှိကြောင်း သိရှိရပါသည်။

        ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် ရွှေဘို၊ စစ်ကိုင်းနှင့် မန္တလေးဒေသထွက် ပို့ကုန်ပစ္စည်း များအားမန္တလေး-လက်ပံလှ - ဗန်းမော် - မိုးမောက် (ကျောက်စခန်း) - စိန်လုံ - လွယ်ဂျယ်လမ်း ကြောင်း၊ ဗန်းမော်ဒေသထွက်ပို့ကုန်ပစ္စည်းများအား ဗန်းမော် - မိုးမောက် (ကျောက်စခန်း) - စိန်လုံ-လွယ်ဂျယ်လမ်းကြောင်းအတိုင်း တင်ပို့လျက်ရှိပြီး သွင်းကုန် ပစ္စည်းများအား လွယ်ဂျယ်- စိန်လုံ-မိုးမောက်(ကျောက်စခန်း) ဗန်းမော်လမ်းကြောင်းအတိုင်း ကုန်သွယ်မှုပြုလုပ်လျက်ရှိပါသည်။

ငွေကြေးဈေးကွက်ပြောင်းလဲမှုအခြေအနေ

        လွယ်ဂျယ်နယ်စပ်ဒေသငွေကြေးဈေးကွက်အနေဖြင့် ၁၉-၉-၂၀၂၃ရက်နေ့မှာ (၁)ယွမ်လျှင် (၄၅၀)ကျပ်ဖြစ်ခဲ့ပြီး ၂၄-၉-၂၀၂၃ရက်နေ့မှာတော့ (၁)ယွမ်လျှင် (၄၆၀)ကျပ်ဖြစ်၍ မြန်မာကျပ်ငွေ ဈေးကျခဲ့ကြောင်း သိရှိရပါသည်။

Pages