ပဲမျိုးစုံတင်ပို့မှု

မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ

မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အားစိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှုသည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့်တစ်နိုင်ငံလုံး၏ လယ်ယာ ထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%) စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%)ခန့်သည် ပဲမျိုးစုံ စိုက်ပျိုး နေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂ %) သည်မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြပါသည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့် ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်းအဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။

မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၂၀-၂၀၂၁ဘဏ္ဍာ နှစ်စာရင်းများအရ ပင်လယ် ရေကြောင်းမှ (၁၂၄၂၇၇၅.၂၃၁)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၉၆၆.၄၀၇) သန်း၊ နယ်စပ်မှ (၇၈၆၉၂၀.၆၅၁)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၆၀၄.၃၀၀)သန်း၊ စုစုပေါင်း (၂၀၂၉၆၉၅.၈၈၂) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၅၇၀.၇၀၇)သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၂-၂၀၂၃) ဘဏ္ဍာနှစ် (၁-၄-၂၀၂၂မှ ၂-၁၂-၂၀၂၂ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၉၄၂၉၂၆.၇၇၃)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၇၅၆.၄၅၇) သန်း၊ နယ်စပ်မှ (၁၅၅၄၅၀.၈၃၀) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၁၀၆.၇၈၀) သန်း၊ စုစုပေါင်း (၁၀၉၈၃၇၇.၆၀၃) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၈၆၃.၂၃၇) သန်း တင်ပို့ နိုင်ခဲ့ပါသည်။

၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ် (၁-၄-၂၀၂၂ မှ ၂-၁၂-၂၀၂၂ ရက်နေ့ထိ)ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -

          အမေရိကန်ဒေါ်လာသန်း
ကီလို-ထောင်ပေါင်း
စဉ် အကြောင်းအရာ ရေတွက်
ပုံ
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်
(၂-၁၂-၂၀၂၂) ထိ
ပင်လယ်
ရေကြောင်း
နယ်စပ် ‌​​ပေါင်း
  မတ်ပဲ US$ ၃၅၈.၃၁၅ ၇.၈၁၆ ၃၆၆.၁၃၁
ကီလို ၄၂၇၇၅၁.၉၂၄ ၈၁၆၂.၀၁၀ ၄၃၅၉၁၃.၉၃၄
  ပဲတီစိမ်း US$ ၂၁၉.၈၉၀ ၆၉.၄၁၅ ၂၈၉.၃၀၅
ကီလို ၂၈၅၆၇၉.၈၇၆ ၉၉၇၁၉.၁၈၇ ၃၈၅၃၉၉.၀၆၃
  ပဲတီစိမ်းလုံးခြမ်း US$      
ကီလို      
  ပဲစဉ်းငုံ US$ ၇၅.၀၀၃ ၀.၂၀၅ ၇၅.၂၀၈
ကီလို ၉၂၉၂၀.၁၁၇ ၂၉၆.၅၀၀ ၉၃၂၁၆.၆၁၇
  ကုလားပဲ US$ ၁၂.၆၄၉ ၀.၀၂၆ ၁၂.၆၇၅
ကီလို ၁၈၀၉၄.၅၂၆ ၄၃.၀၀၀ ၁၈၁၃၇.၅၂၆
  ပဲလွန်းဖြူ US$ ၁၇.၄၃၄ ၁.၇၁၆ ၁၉.၁၅၀
ကီလို ၂၄၀၆၈.၅၅၈ ၃၈၇၆.၂၅၃ ၂၇၉၄၄.၈၁၁
  မြေထောက်ပဲ US$ ၂၅.၀၂၄ ၈.၁၄၁ ၃၃.၁၆၅
ကီလို ၃၁၆၃၁.၈၇၄ ၁၂၈၁၂.၄၆၁ ၄၄၄၄၄.၃၃၅
  ထောပတ်ပဲ US$ ၁၇.၁၀၁ ၃.၁၀၇ ၂၀.၂၀၈
ကီလို ၂၀၀၆၀.၈၃၂ ၅၇၀၀.၃၅၇ ၂၅၇၆၁.၁၈၉
   ပဲယင်း US$ ၁၄.၇၄၃ ၃.၉၅၇ ၁၈.၇၀၀
ကီလို ၂၀၁၆၀.၀၂၉ ၈၂၂၁.၈၀၀ ၂၈၃၈၁.၈၂၉
  ၁၀ ပဲကြီး US$ ၃.၁၅၉ ၁.၂၅၇ ၄.၄၁၆
ကီလို ၄၄၀၆.၄၅၁ ၂၃၀၀.၄၂၀ ၆၇၀၆.၈၇၁
  ၁၁ ပဲကတ္တီပါ(စွန်တာနီ) US$ ၂.၄၆၅   ၂.၄၆၅
ကီလို ၃၇၅၅.၁၃၅   ၃၇၅၅.၁၃၅
  ၁၂ စွန်တာပြာ US$ ၀.၆၀၂ ၀.၀၀၀ ၀.၆၀၂
ကီလို ၉၂၅.၇၀၀ ၀.၀၀၀ ၉၂၅.၇၀၀
  ၁၃ ပဲကတ္တီပါ(စွန်တာနီ/ပြာ) US$   ၁.၁၇၆ ၁.၁၇၆
ကီလို   ၂၀၆၄.၅၃၀ ၂၀၆၄.၅၃၀
  ၁၄ ပဲဖြူလေး US$ ၀.၁၈၂ ၀.၀၀၀ ၀.၁၈၂
ကီလို ၂၅၆.၆၈၅ ၀.၀၀၀ ၂၅၆.၆၈၅
  ၁၅ ဘိုကိတ်ပဲ US$ ၇.၆၆၃ ၀.၀၀၀ ၇.၆၆၃
ကီလို ၁၀၄၄၈.၂၁၀ ၀.၀၀၀ ၁၀၄၄၈.၂၁၀
  ၁၆ ပဲပုတ်စေ့ US$ ၀.၀၆၅ ၀.၀၀၀ ၀.၀၆၅
ကီလို ၆၉.၅၁၀ ၀.၀၀၀ ၆၉.၅၁၀
  ၁၇ ပဲနီကြား US$   ၁.၈၈၃ ၁.၈၈၃
ကီလို   ၄၇၆၄.၂၅၀ ၄၇၆၄.၂၅၀
  ၁၈ နိုင်လွန်ပဲ US$   ၀.၄၉၀ ၀.၄၉၀
ကီလို   ၆၄၀.၆၀၀ ၆၄၀.၆၀၀
  ၁၉ မြေပဲ(အခွံပါ) US$      
ကီလို      
  ၂၀ မြေပဲဆံ US$ ၁.၆၀၄ ၇.၅၉၁ ၉.၁၉၅
ကီလို ၁၇၃၄.၆၀၀ ၆၈၄၉.၄၆၂ ၈၅၈၄.၀၆၂
  ၂၁ အခြားပဲ US$ ၀.၅၅၈ ၀.၀၀၀ ၀.၅၅၈
ကီလို ၉၆၂.၇၄၆ ၀.၀၀၀ ၉၆၂.၇၄၆
    ပဲတင်ပို့မှုစုစုပေါင်း US$ ၇၅၆.၄၅၇ ၁၀၆.၇၈၀ ၈၆၃.၂၃၇
ကီလို ၉၄၂၉၂၆.၇၇၃ ၁၅၅၄၅၀.၈၃၀ ၁၀၉၈၃၇၇.၆၀၃

Pages