ြမဝတီကုန်သွယ်ရေးဇုန်

မြဝတီကုန်သွယ်ရေးဇုန်၊ သမိုင်းအကျဉ်းချုပ်

 

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနသည် မြန်မာ နိုင်ငံ-ထိုင်းနိုင်ငံ နယ်စပ်ကုန်သွယ်ရေးအား ၁၉၉၁ ခုနှစ်၊ ဒီဇင်ဘာလတွင် မြန်မာ့ထုတ်ကုန်၊ သွင်းကုန် လုပ်ငန်းမှ စတင်တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။ ၁၉၉၆ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့တွင် တရားဝင် နယ်စပ်ကုန်သွယ်ရေးကို နှစ်နိုင်ငံဝန်ကြီးများလက်မှတ်ရေးထိုးဖွင့်လှစ်ခဲ့ပြီး မြဝတီနယ်စပ်ကုန်သွယ် ရေး၊ ညွှန်ကြားရေးမှူးရုံးကို ၁၉၉၆ ခုနှစ်၊ ဩဂုတ်လ ၄ ရက်နေ့တွင် တရားဝင်ဖွင့်လှစ်ခဲ့ပါသည်။

      ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ၏ ၂၀၀၅ ခုနှစ်၊ မတ်လ (၇)ရက်၊ အမိန်ကြော်ငြာစာ အမှတ်(၅/၂၀၀၅)ဖြင့် မြန်မာ-ထိုင်းနှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများကို ပိုမိုတိုးမြှင့် ဆောင်ရွက် နိုင်ရန် ရည်ရွယ်၍ ၂၀၀၆ ခုနှစ်၊ ဩဂုတ်လ (၁၅)ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည့် မြဝတီကုန်သွယ် ရေးဇုန် တည်ဆောင်ရေးလုပ်ငန်းကော်မတီကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဥက္ကဋ္ဌအဖြစ် ပါဝင်သောအဖွဲ့ ဖွဲ့စည်း၍ မြဝတီကုန်သွယ်ရေးဇုန်အား ၂၀၀၆ ခုနှစ်၊ အောက်တိုဘာလ (၁)ရက်နေ့မှစတင်၍ တည်ဆောက်ခဲ့ပါသည်။

      မြဝတီကုန်သွယ်ရေးဇုန်အား မြဝတီမြို့နယ်၊ ရွာသစ်ကျေးရွာနှင့် မဲကနယ် ကျေးရွာအကြား သင်္ကန်းညီနောင်ကျေးရွာမှ (၂)မိုင်အကွာနှင့် မြဝတီမြို့မှ (၆.၅)မိုင် အကွာ စံတုကုန်းဒေသတွင် စုစုပေါင်း မြေဧရိယာ (၄၆၆)ဧက ဖော်ထုတ်ရန် လျာထားသတ်မှတ်ခဲ့ပြီး ယင်းလျာထား ဧရိယာအတွင်းရှိ လျှိုမြောင်ချိုင့်ဝှမ်းများအား ချန်လှပ်၍ မြေဧက (၃၁၅.၀၈)ပေါ်တွင် လုပ်ကွက်များသတ်မှတ်ကာ တည်ဆောက်ရေး ကုမ္ပဏီ (၅)ခုမှ မြေကွက်များ ဖော်ထုတ်ရန်နှင့် (၁-၁၀-၂၀၀၆) ရက်နေ့မှစ၍ တည်ဆောက်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ပါသည်။

      ပွဲရုံဆိုင်ခန်းအဆောက်အဦများ ဆောက်လုပ်ခြင်းနှင့် ပွဲရုံမြေကွက်များ ဖော်ထုတ်ခြင်းလုပ်ငန်း များကို မက်စ်မြန်မာကုမ္ပဏီသည် ကုန်သွယ်ရေးဇုန်၏ လုပ်ကွက် (၁)အားလည်းကောင်း၊ ဧဒင်အုပ်စု ကုမ္ပဏီသည် လုပ်ကွက် (၂)အားလည်းကောင်း၊ အဲဗားဂရင်းကုမ္ပဏီသည် လုပ်ကွက် (၃)အားလည်း ကောင်း၊ ရွှေဝါမြေကုမ္ပဏီသည် လုပ်ကွက် (၄)အား လည်းကောင်း တာဝန်ယူဆောင်ရွက်လျက်ရှိပြီး၊ အေးရှားဝေါလ်ကုမ္ပဏီမှ လုပ်ကွက် (၅)အား ကုန်စစ်ဆေးရေးစခန်းနှင့် ယာဉ်ရပ်နားစခန်း တည် ဆောက်ရေးလုပ်ငန်းများကိုလည်းကောင်း၊ လုပ်ကွက် (၆)နှင့် (၇)တွင်ပွဲရုံမြေကွက်ဖော်ထုတ်ခြင်း လုပ်ငန်းများကိုလည်းကောင်း တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။

      မြဝတီကုန်သွယ်ရေးဇုန်တည်ဆောက်ရာတွင် နိုင်ငံတော်ဘဏ္ဍာငွေသုံးစွဲခြင်းမပြုဘဲ ကုန်သွယ် ရေးဇုန်ဧရိယာအတွင်း ပွဲရုံမြေကွက်များဖော်ထုတ်ခြင်းနှင့် ပွဲရုံဆိုင်ခန်းများ တည်ဆောက်ခြင်းမှ ရောင်းချရငွေများဖြင့် ကုန်သွယ်ရေးဇုန်လုပ်ငန်းမျာတွင် လိုအပ်သော ယာဉ်စစ်ကွင်းနှင့် ပင်မ အဆောက်အဦအပါအဝင် အခြားအဆောက်အဦများ၊ Online System တို့ကို တည်ဆောက်နိုင်ခဲ့ပါ သည်။

      မြဝတီကုန်သွယ်ရေးဇုန်၊ သွင်းကုန်ပင်မရုံးအား (၁၅-၈-၂၀၀၈)ရက်နေ့တွင် တည်ဆောက် ပြီးစီး၍ မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်း (ယာဉ်စစ်ကွင်းအဟောင်း)မှ မြဝတီကုန်သွယ်ရေးဇုန်သို့ (၁-၉-၂၀၀၈)ရက်နေ့တွင် ပြောင်းရွှေ့ပြီး ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ပါသည်။

      ပို့ကုန်ဘက်ခြမ်း ပင်မရုံးနှင့် ယာဉ်စစ်ကွင်းအား(၃၁-၅-၂၀၀၉)ရက်နေ့တွင် တည်ဆောက်ပြီးစီး ၍ (၁၆-၆-၂၀၀၉)ရက်နေ့တွင် ပို့ကုန်တင်ပို့မှုလုပ်ငန်းများကို ပို့ကုန်ဘက်ခြမ်းမှ စတင်လုပ်ငန်း ဆောင်ရွက်ခဲ့ပါသည်။