အမိန့်ကြော်ငြာစာများ

နိုင်ငံတော်လုံခြုံရေး၊ စားနပ်ရိက္ခာဖူလုံရေး၊ ပတ်ဝန်းကျင်ထိခိုက်မှုကို ကာကွယ်ရေးတို့ကို ရည်ရွယ်လျက် တိရစ္ဆာန်အရှင်၊ ရှားပါးငါးမျိုးစိတ်နှင့် တိရစ္ဆာန်ထွက်ပစ္စည်း ၊ ဆေးဖက်ဝင်အပင်၊ အမြစ်၊ သစ်တောထွက်ပစ္စည်း၊ သတ္တုတွင်းထွက်ကုန် ကြမ်းပစ္စည်း၊ ကန့်သတ်ဓာတုပစ္စည်း၊ ပေါက်ကွဲစေသောပစ္စည်းများ၊ ဓာတ်မြေဩဇာ၊ ရှေးဟောင်း ပစ္စည်းများအုပ်စုတွင်ပါဝင်သော HS Code 2017 Version အရ ကုန်စည်လိုင်း (၁၂၂၄) လိုင်းကို  ပို့ကုန်လိုင်စင် လျှောက်ထားရန်လိုသောကုန်စည်စာရင်းအဖြစ် သတ်မှတ်ထုတ်ပြန်ခြင်း

မြန်မာနိုင်ငံ၏ ပို့ကုန်သွင်းကုန်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများ (၂၀၁၅) ပါ အပိုဒ် ၇၄ တွင် "သွင်းကုန်လိုင်စင်ရယူတင်သွင်းရမည့်ပစ္စည်းများအတွက် ခွင့်ပြုချက်မရမီ ဆိပ်ကမ်းသို့ ကုန်ပစ္စည်းများ ကြိုတင်ရောက်ရှိခြင်းမရှိစေရ" ဟု သတ်မှတ်ထားခြင်းကို အကောက်ခွန်ကုန်လှောင်ရုံဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် လိုက်လျောညီထွေဖြစ်စေရန်အတွက် အဆိုပါသတ်မှတ်ချက်အား "သွင်းကုန်လိုင်စင်ရယူတင်သွင်းရမည့် ကုန်ပစ္စည်းများအတွက် အကောက်ခွန်ကုန်လှောင်ရုံသို့ ထည့်သွင်းရန် တင်သွင်းလာသည့် ကုန်စည်များမှအပ ကျန်ကုန်စည်များအား ခွင့်ပြုချက်မရမီ ဆိပ်ကမ်းသို့ ကြိုတင်ရောက်ရှိခြင်းမရှိစေရ"ဟု ပြင်ဆင်သတ်မှတ်ခြင်း

ပို့ကုန်သွင်းကုန်လိုင်စင်များကို စျေးနှုန်းစိစစ်ခြင်းမပြုပဲ ကုမ္ပဏီများက တင်ပြသည့် စျေးနှုန်းနှင့်တန်ဖိုးအတိုင်း ခွင့်ပြုခဲ့သော်လည်း ကုမ္ပဏီများက အခွန်ရှောင်ရန်ရည်ရွယ်၍ မမှန်မကန်ဆောင်ရွက်ကြောင်း တွေ့ရှိရသဖြင့် တင်ပို့တင်သွင်းခဲ့သော စျေးနှုန်းများ ပြန်လည်စိစစ်မည့် လုပ်ထုံးလုပ်နည်းများကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် (၃၈/၂၀၁၇) ဖြင့် ထုတ်ပြန်ခဲ့ရာမှ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် (၁၀/၂၀၁၇) အရ လုပ်ငန်းရှင်များ လုပ်ထုံးလုပ်နည်းများကို လိုက်နာဆောင်ရွက်ရာတွင် ဝန်ထုတ်ဝန်ပိုးမဖြစ်စေရန်နှင့် လုပ်ငန်းစဉ်များ ရောထွေးမှု မဖြစ်ပေါ် စေရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် (၃၈/၂၀၁၇) ကို လွှမ်းမိုးပယ်ဖျက်သည့် အမိန့်ကြော်ငြာစာ

 

အမိန့်ကြော်ငြာစာအမှတ် ၃၅/၂၀၂၀

မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်သည် ယှဉ်ပြိုင်မှုဥပဒေ ပုဒ်မ ၅၆ ပုဒ်မခွဲ (ခ)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ စီးပွားရေးလုပ်ငန်းများ (ဝန်ဆောင်မှုလုပ်ငန်းများ အပါအဝင်) အကြား လွတ်လပ်၍မျှတသောယှဉ်ပြိုင်မှု ဖြစ်ထွန်းပေါ်ပေါက်စေရေး၊ ဈေးကွက်တွင် မျှတသောယှဉ်ပြိုင်မှုကို တစ်ပြေးညီတိုးတက်လာစေရေး၊ သာတူညီမျှခံစားခွင့်ရရှိစေရေးနှင့် အများပြည်သူတို့၏ အကျိုးစီးပွားကို ထိခိုက်နစ်နာစေခြင်းမှ ကာကွယ်စောင့်ရှောက်ပေးနိုင်ရေး တို့အတွက် စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူများ သိရှိနားလည်လိုက်နာဆောင်ရွက်ရမည့် အရောင်းမြှင့်တင်ခြင်းဆိုင်ရာ ကန့်သတ်ချက်များနှင့်စပ်လျဉ်းသည့် အမိန့်အမှတ် (၂/၂၀၂၀) ကို ထုတ်ပြန်လိုက်သည်။

ကမ္ဘာနှင့်အဝှမ်း ဖြစ်ပေါ်လျက်ရှိသော Coronavirus Disease 2019 (COVID-19) ကြောင့် စီးပွားရေးလုပ်ငန်းများ ထိခိုက်မှု လျော့နည်း သက်သာစေရေး အတွက် ဆေးဝါးများနှင့် ဆေးဝါးများထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆေးဝါးကုန်ကြမ်းများ အားလုံးအပေါ် ဤအမိန့်ကြော်ငြာစာ ထုတ်ပြန်သည့်နေ့မှ စ၍ သွင်းကုန်လိုင်စင်ကြေး ကင်းလွတ်ခွင့်ပြုလိုက်သည်။

 

အမိန့်ကြော်ငြာစာအမှတ်၊ ၂၇/၂၀၂၀

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ၁၀-၁၀-၂၀၁၉ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၅၈/၂၀၁၉ ဖြင့် ထုတ်ပြန်ကောက်ခံလျက်ရှိသည့် သွင်းကုန်လိုင်စင်ကြေးနှုန်းထားများအစား သွင်းကုန်လိုင်စင် (၁) စောင်လျှင် ကျပ် ၃၀၀၀၀ (ကျပ်သုံးသောင်း)နှုန်းဖြင့် ပြောင်းလဲကောက်ခံသွားမည့် အမိန့်ကြော်ငြာစာ

 

အမိန့်ကြော်ငြာစာအမှတ်၊ ၂၃/၂၀၂၀

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေပုဒ်မ ၄ ပုဒ်မခွဲ (က) အရ အောက်ဖော်ပြပါကုန်စည်များကို အရေးကြီးကုန်စည်များအဖြစ် သတ်မှတ်လိုက်သည် -

(က) Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ

( ခ ) ဆေးဝါးများ

( ဂ ) စားသုံးကုန်ပစ္စည်းများ

 

အမိန့်ကြော်ငြာစာအမှတ်၊ ၂၁/၂၀၂၀

Pages

သတင်းအချက်အလက်များ