အမိန့်ကြော်ငြာစာများ

၂၀၂၁ ခုနှစ်အတွက်ပြည်ပမှ မော်တော်ယဉ်တင်သွင်းခြင်းတွင် ထုတ်လုပ်သည့်ခုနှစ်သတ်မှတ်ခြင်းကို မော်တော်ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သောလုပ်ငန်းများ ကြီးကြပ်ရေးကော်မတီ၏ သဘောတူညီချက်ဖြင့် အမိန့်ကြော်ငြာစာထုတ်ပြန်ကြေညာခြင်းဖြစ်သည်။

ပူးတွဲပါ PDF file တွင်ဖတ်ရှုနိုင်ပါသည်။

အမိန့်အမှတ် ၁၀/၁၉၉၉ ဖြင့် သတ်မှတ်ထုတ်ပြန်ခဲ့သည့် ပစ္စည်းများအနက် ပင်လယ်ရေကြောင်းမှလည်းကောင်း၊ နယ်စပ်ကုန်သွယ်မှုမှလည်းကောင်း၊ လေကြောင်းမှလည်းကောင်း ပြည်ပသို့တင်ပို့ခွင့်မပြုသောပစ္စည်းများအား သတ်မှတ်ထုတ်ပြန်ခြင်း

 

အမိန့်ကြော်ငြာစာအမှတ်၊ ၅၉/၂၀၂၀

 

 

နိုင်ငံတော်လုံခြုံရေး၊ စားနပ်ရိက္ခာဖူလုံရေး၊ ပတ်ဝန်းကျင်ထိခိုက်မှုကို ကာကွယ်ရေးတို့ကို ရည်ရွယ်လျက် တိရစ္ဆာန်အရှင်၊ ရှားပါးငါးမျိုးစိတ်နှင့် တိရစ္ဆာန်ထွက်ပစ္စည်း ၊ ဆေးဖက်ဝင်အပင်၊ အမြစ်၊ သစ်တောထွက်ပစ္စည်း၊ သတ္တုတွင်းထွက်ကုန် ကြမ်းပစ္စည်း၊ ကန့်သတ်ဓာတုပစ္စည်း၊ ပေါက်ကွဲစေသောပစ္စည်းများ၊ ဓာတ်မြေဩဇာ၊ ရှေးဟောင်း ပစ္စည်းများအုပ်စုတွင်ပါဝင်သော HS Code 2017 Version အရ ကုန်စည်လိုင်း (၁၂၂၄) လိုင်းကို  ပို့ကုန်လိုင်စင် လျှောက်ထားရန်လိုသောကုန်စည်စာရင်းအဖြစ် သတ်မှတ်ထုတ်ပြန်ခြင်း

မြန်မာနိုင်ငံ၏ ပို့ကုန်သွင်းကုန်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများ (၂၀၁၅) ပါ အပိုဒ် ၇၄ တွင် "သွင်းကုန်လိုင်စင်ရယူတင်သွင်းရမည့်ပစ္စည်းများအတွက် ခွင့်ပြုချက်မရမီ ဆိပ်ကမ်းသို့ ကုန်ပစ္စည်းများ ကြိုတင်ရောက်ရှိခြင်းမရှိစေရ" ဟု သတ်မှတ်ထားခြင်းကို အကောက်ခွန်ကုန်လှောင်ရုံဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် လိုက်လျောညီထွေဖြစ်စေရန်အတွက် အဆိုပါသတ်မှတ်ချက်အား "သွင်းကုန်လိုင်စင်ရယူတင်သွင်းရမည့် ကုန်ပစ္စည်းများအတွက် အကောက်ခွန်ကုန်လှောင်ရုံသို့ ထည့်သွင်းရန် တင်သွင်းလာသည့် ကုန်စည်များမှအပ ကျန်ကုန်စည်များအား ခွင့်ပြုချက်မရမီ ဆိပ်ကမ်းသို့ ကြိုတင်ရောက်ရှိခြင်းမရှိစေရ"ဟု ပြင်ဆင်သတ်မှတ်ခြင်း

ပို့ကုန်သွင်းကုန်လိုင်စင်များကို စျေးနှုန်းစိစစ်ခြင်းမပြုပဲ ကုမ္ပဏီများက တင်ပြသည့် စျေးနှုန်းနှင့်တန်ဖိုးအတိုင်း ခွင့်ပြုခဲ့သော်လည်း ကုမ္ပဏီများက အခွန်ရှောင်ရန်ရည်ရွယ်၍ မမှန်မကန်ဆောင်ရွက်ကြောင်း တွေ့ရှိရသဖြင့် တင်ပို့တင်သွင်းခဲ့သော စျေးနှုန်းများ ပြန်လည်စိစစ်မည့် လုပ်ထုံးလုပ်နည်းများကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် (၃၈/၂၀၁၇) ဖြင့် ထုတ်ပြန်ခဲ့ရာမှ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် (၁၀/၂၀၁၇) အရ လုပ်ငန်းရှင်များ လုပ်ထုံးလုပ်နည်းများကို လိုက်နာဆောင်ရွက်ရာတွင် ဝန်ထုတ်ဝန်ပိုးမဖြစ်စေရန်နှင့် လုပ်ငန်းစဉ်များ ရောထွေးမှု မဖြစ်ပေါ် စေရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် (၃၈/၂၀၁၇) ကို လွှမ်းမိုးပယ်ဖျက်သည့် အမိန့်ကြော်ငြာစာ

 

အမိန့်ကြော်ငြာစာအမှတ် ၃၅/၂၀၂၀

Pages

သတင်းအချက်အလက်များ