COVID-19 နှင့်ပတ်သက်သော သတင်း/ဆောင်းပါးများ

မော်တော်ယာဉ်အရောင်းပြခန်း (Showroom) သွင်းကုန်လိုင်စင်များအား အွန်လိုင်းစနစ်ဖြင့်ခွင့်ပြုတော့မည်

Sat, 09/26/2020 - 05:46 -- dotadmin
Undefined

COVID-19 အရေးပေါ်ကာလအတွင်း ကုန်သွယ်မှုလုပ်ငန်းများ အဆင်ပြေ ချောမွေ့စေရန် အတွက် ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် (၁-၄-၂၀၂၀) ရက်နေ့မှစတင်၍ ပို့ကုန်သွင်းကုန်လိုင်စင် ပါမစ်များအား အွန်လိုင်းစနစ်ဖြင့် တိုးချဲ့ထုတ်ပေးဆောင်ရွက်လျက်ရှိရာ (၁-၄-၂၀၂၀) မှ (၂၄-၉-၂၀၂၀) ရက်နေ့ထိ ပို့ကုန်သွင်းကုန် လိုင်စင်စောင်ရေ (၂၃၆၀၀ ) တန်ဖိုးအမေရိကန် ဒေါ်လာ (၇.၆)ဘီယံကျော်ဖိုးအား အွန်လိုင်းစနစ်ဖြင့်ထုတ်ပေးဆောင်ရွက် ခဲ့ပြီးဖြစ်ပါသည်။

 

ဆက်လက်၍ မော်တော်ယာဉ်အရောင်းပြခန်း (Showroom)များအတွက် သွင်းကုန်လိုင်စင်လျောက်ထားမှုအား (၁-၁၀-၂၀၂၀) ရက်နေ့မှ စတင်ပြီး Fully Online စနစ်ဖြင့်လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး အဆိုပါ (Showroom) များတွင် လျောက်ထားနိုင်သည့် HS Code line (၇၀၀) ကျော်အား ထပ်မံခွင့်ပြုထုတ်ပေးသွားမည်ဖြစ်ပါသည်။

 

Latest News: 
Latest New တင္ရန္

ကုန်သွယ်ရေးဉီးစီးဌာန အွန်လိုင်းမှ ပို့ကုန်သွင်းကုန်လိုင်စင်ပါမစ် လျောက်ထားထုတ်ပေးခွင့်ပြုမည့် ကုန်ပစ္စည်း HS LINE များ

Fri, 05/22/2020 - 10:43 -- dotadmin
Undefined

(၁) Fully Online စနစ်တွင် အဆိုပါ HS line များအတိုင်းအကျုံးဝင်သည့် ကုန်ပစ္စည်းများကိုသာလျောက်ထားနိုင်ပါသည်။

 

(၂) လိုင်စင် Application ပါအချက်အလက်များဖြည့်သွင်းရမည်ဖြစ်ပြီး သက်ဆိုင်ရာလျောက်ထားမည့်လိုင်စင်၏ Invoice နှင့် ထောက်ခံချက်လိုအပ်သည့်လိုင်စင်များအတွက် သက်ဆိုင်ရာဌာန၏ထောက်ခံချက်ကို PDF format ဖြင့်ပူးတွဲ တင်ပြရမည်။ (မှန်ကန်မှု ရှိ/မရှိ သက်ဆိုင်ရာ ထုတ်ပေးဌာနနှင့်ပြန်လည်စစ်ဆေးမည်)

 

(၃) လိုအပ်သည့် အချက်အလက်များနှင့်စနစ်အသုံးပြုပုံအားလျောက်ထားမည့် website တွင်တင်ပြထားပါမည်။

 

(၄) လုပ်ငန်းရှင်မှဆောင်ရွက်ရမည့်လုပ်ငန်း နှင့်လိုင်စင်လျောက်ထား မှုအခြေအနေအား သက်ဆိုင်ရာလုပ်ငန်းရှင်၏ Deskboard တွင်အချိန်နှင့်တပြေးညီတွေ့ရှိနိုင်မည်ဖြစ်ပါသည်။

Latest News: 
Latest New တင္ရန္

(၈-၅-၂၀၂၀) ရက်နေ့မှစတင်ပြီးအွန်လိုင်းပို့ကုန်သွင်းကုန်လိုင်စင်စနစ်(Fully Online )တွင် MPU eCommerce Pay ဖြင့်ပေးချေနိုင်ပြီ

Fri, 05/08/2020 - 11:55 -- ictuser
Undefined

#COVID-19 အရေးပေါ်ကာလအတွင်း ကုန်သွယ်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရန်အတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာန၏ ပို့ကုန်သွင်းကုန်လိုင်စင်ထုတ်ပေးမှုလုပ်ငန်းများအား (၁-၄-၂၀၂၀) ရက်နေ့မှ စတင်၍ (Fully Online) အွန်လိုင်းစနစ်ဖြင့် ပြောင်းလဲထုတ်ပေးဆောင်ရွက်လျက်ရှိရာ ကုန်သွယ်မှုဆိုင်ရာငွေကြေးပေးသွင်းမှုများအတွက် မြန်မာနိုင်ငံသားများဘဏ်၏ (MCB) ePayment စနစ်ဖြင့် အွန်လိုင်း မှပေးသွင်းနိုင်ရန် ဆောင်ရွက်ထားရှိပါသည်။

#ဆက်လက်၍ Myanmar Payment Union (MPU) နှင့်ချိတ်ဆက်ထားသည့် ဘဏ်အားလုံးမှပေးချေနိုင်သည့် (MPU eCommerce Pay) ဖြင့်ပေးချေမှုအား (၈-၅-၂၀၂၀) ရက်နေ့မှစတင်၍ ပို့ကုန်သွင်းကုန်လိုင်စင်စနစ် (Fully Online Licence) စနစ်တွင်ပေးချေနိုင်ပြီဖြစ်သည့်အတွက် လုပ်ငန်းရှင်များအနေဖြင့် (MCB ePayment) စနစ်ဖြင့် သော်လည်းကောင်း (MPU eCommerce Pay)ဖြင့်လည်းကောင်း မိမိနှစ်သက်ရာနည်းလမ်းဖြင့်ရွေးချယ် ပေးသွင်းနိုင် ပြီဖြစ်ကြောင်းအသိပေးအပ်ပါသည်။

Latest News: 
Latest New တင္ရန္

CoronaVirtus Disease 2019(CVVID-19) နှင့်စပ်လျဉ်း၍ ကုန်ပစ္စည်းတင်သွင်းဖြန့်ဖြူးသူများအား အသိပေးထုတ်ပြန်ကြေညာချက်

Tue, 04/28/2020 - 07:14 -- ictuser
Undefined

Corona Virtus Disease 2019(COVID-19)နှင့်စပ်လျဉ်း၍ ကုန်ပစ္စည်းတင်သွင်းဖြန့်ဖြူးလျက်ရှိသည့် ကုမ္ပဏီ/လုပ်ငန်းရှင်များအား ကုန်ပစ္စည်းများဖြန့်ဖြူးရောင်းချ ပေးခြင်းကိုတားမြစ်ကန့်သတ်ထားခြင်းမရှိကြောင်းနှင့် ကုန်ပစ္စည်းဖြန့်ဖြူးရောင်းချနေမှုများ အားပုံမှန်ဆောင်ရွက်သွားနိုင်ရေးအတွက် စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၏ အသိပေးထုတ်ပြန်ကြေညာချက်။

Latest News: 
Latest New တင္ရန္

Coronavirus 2019 ( COVID - 19 ) ကာလအတွင်း ဆန်နှင့်ဆန်ကွဲ ပြည်ပတင်ပို့ခွင့်လိုင်စင် ခွင့်ပြုမည့် လုပ်ထုံးလုပ်နည်းနှင့် စပ်လျဉ်းသော သတင်းလွှာ (၅/၂၀၂၀)

Mon, 04/27/2020 - 09:58 -- ictuser
Undefined

Coronavirus 2019 ( COVID - 19 ) ကာလအတွင်း ဆန်နှင့်ဆန်ကွဲ ပြည်ပတင်ပို့ခွင့်လိုင်စင် ခွင့်ပြုမည့် လုပ်ထုံးလုပ်နည်းထုတ်ပြန်ခြင်း

 

 

Latest News: 
Latest New တင္ရန္

ပို့ကုန်သွင်းကုန်နှင့်ပတ်သက်သော သတင်းလွှာ(၄/၂၀၂၀)

Mon, 04/27/2020 - 07:09 -- ictuser
Undefined

ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတတ်ပုံတင်များအား သက်တမ်းယာယီတိုးမြှင့်ပေးမည်ဖြစ်ကြောင်း အသိပေးကြေညာခြင်း

Latest News: 
Latest New တင္ရန္

သွင်းကုန်လိုင်စင် (၁) စောင်လျှင် ကျပ် ၃၀၀၀၀ (ကျပ်သုံးသောင်း)နှုန်းဖြင့် ပြောင်းလဲကောက်ခံသွားမည့် အမိန့်ကြော်ငြာစာ

Wed, 04/08/2020 - 05:50 -- dotadmin
Undefined

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ၁၀-၁၀-၂၀၁၉ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၅၈/၂၀၁၉ ဖြင့် ထုတ်ပြန်ကောက်ခံလျက်ရှိသည့် သွင်းကုန်လိုင်စင်ကြေးနှုန်းထားများအစား သွင်းကုန်လိုင်စင် (၁) စောင်လျှင် ကျပ် ၃၀၀၀၀ (ကျပ်သုံးသောင်း)နှုန်းဖြင့် ပြောင်းလဲကောက်ခံသွားမည့် အမိန့်ကြော်ငြာစာ

 

အမိန့်ကြော်ငြာစာအမှတ်၊ ၂၃/၂၀၂၀

Latest News: 
Latest New တင္ရန္

ဆန်နှင့်ဆန်ကွဲ ပြည်ပတင်ပို့သည့် လုပ်ငန်းအစီအစဉ်နှင့်ပတ်သက်သော သတင်းလွှာ(၃/၂၀၂၀)

Tue, 04/07/2020 - 15:16 -- dotadmin
Undefined

ဆန်နှင့်ဆန်ကွဲ ပြည်ပတင်ပို့သည့်  လုပ်ငန်းအစီအစဉ် ထုတ်ပြန်ခြင်း

Latest News: 
Latest New တင္ရန္

COVID-19 အရေးပေါ်ကာလအတွင်း ပို့ကုန်သွင်းကုန်လိုင်စင်များကို အွန်လိုင်းစနစ်ဖြင့် (၁-၄-၂၀၂၀) ရက်မှစတင်ထုတ်ပေးခဲ့ရာ (၃-၄-၂၀၂၀) ရက်နေ့ ညနေ ၄ : ၀၀ နာရီအချိန်အထိ အမေရိကန်ဒေါ်လာ (၇၂) သန်းကျော်ဖိုး ထုတ်ပေးပြီးဖြစ်

Fri, 04/03/2020 - 11:48 -- dotadmin
Undefined

ယခုအခါ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နေရာအနှံ့အပြားတွင် ကိုရိုနာဗိုင်းရပ်စ်ပိုး(Covid-19) မှာ ပျံ့ပွားလျှက်ရှိပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန အနေဖြင့် ပြည်သူများထံသို့ ဝန်ဆောင်မှုပေးသည့် လုပ်ငန်းများတွင် လူလူချင်းထိတွေ့မှုများ လျှော့ချ နိုင်ရေး၊ လိုင်စင်လုပ်ငန်းများ အဆင်ပြေချော့မွေ့စေရေး အထူးအလေးပေးဆောင်ရွက်လျှက်ရှိရာ ဝန်ကြီးဌာနမှ ထုတ်ပေးဆောင်ရွက်လျက်ရှိသည့် ပို့ကုန်သွင်းကုန်လိုင်စင်ပါမစ်များနှင့် အကောက်ခွန် သက်သာခွင့် (CO) ပုံစံများလျောက်ထားမှုအား ရုံးဌာနသို့ လာရောက်ရန်မလိုဘဲ (၁-၄-၂၀၂၀) ရက်နေ့မှ စတင်ပြီး အွန်လိုင်းမှ လျောက်ထားခြင်း၊ ထုတ်ပေးခြင်းလုပ်ငန်းစဉ်များအား ဆောင်ရွက် ပေးလျှက်ရှိပါသည်။

 

ကုန်သည်လုပ်ငန်းရှင်များအနေဖြင့် ရုံးဌာနသို့လာရောက်ရန်မလိုဘဲ အင်တာနက်ရရှိသည့် မည်သည့်နေရာမှမဆို လိုင်စင်လျောက်ထားခြင်း၊ ငွေကြေးပေးသွင်းခြင်း၊ လိုင်စင်ပြန်လည်ထုတ်ယူ ခြင်းများကို အွန်လိုင်းစနစ်ဖြင့် စတင်ဆောင်ရွက်နေပြီဖြစ်ပြီး စနစ်စတင်သည့် (၁-၄-၂၀၂၀) ရက်နေ့တွင် ပို့ကုန်သွင်းကုန်လိုင်စင်စောင်ရေ (၄၆) စောင်၊ တန်ဖိုး ကန်ဒေါ်လာ (၁၅) သန်းကျော်၊ (၂-၄-၂၀၂၀) ရက်နေ့တွင် ပို့ကုန်သွင်းကုန်လိုင်စင်စောင်ရေ (၆၇)စောင်၊ တန်ဖိုး ကန်ဒေါ်လာ (၂၀) သန်း ကျော်နှင့် (၃-၄-၂၀၂၀) ရက်နေ့တွင် (ညနေ ၄ : ၀၀ နာရီအချိန်အထိ) ပို့ကုန်သွင်းကုန်လိုင်စင် စောင်ရေ (၁၀၁) စောင်၊ တန်ဖိုး ကန်ဒေါ်လာ (၃၇)သန်းကျော်ဖိုးအား အွန်လိုင်းမှ ခွင့်ပြုထုတ်ပေးခဲ့ပြီး ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ COVID-19 အရေးပေါ်ကာလအတွင်း ပို့ကုန်သွင်းကုန်လိုင်စင်များကို အွန်လိုင်းစနစ်ဖြင့် (၁-၄-၂၀၂၀) ရက်မှစတင်ထုတ်ပေးခဲ့ရာ (၃-၄-၂၀၂၀) ရက်နေ့ (ညနေ ၄ : ၀၀ နာရီအချိန်အထိ) အမေရိကန်ဒေါ်လာ (၇၂) သန်းကျော်ဖိုး ထုတ်ပေးပြီးဖြစ်ပါသည်။

 

ကုန်သည်လုပ်ငန်းရှင်များအနေဖြင့် လက်ရှိအချိန်တွင် အွန်လိုင်းမှလျှောက်ထားနိုင်သကဲ့သို့ ဌာနသို့ လာရောက်လျှောက်ထားပါကလည်း ခွင့်ပြုထုတ်ပေးလျက်ရှိပါသည်။ သို့သော်လည်း (၉-၄-၂၀၂၀) ရက်နေ့မှစတင်ပြီး အွန်လိုင်းမှလျှောက်ထားခွင့်ပြုထားသည့် ကုန်ပစ္စည်းအမယ်များအား အွန်လိုင်းပေါ်မှ လျှောက်ထားခြင်းဖြင့်သာ ခွင့်ပြုပေးတော့မည်ဖြစ်ပါသည်။

 

ကုန်သည်လုပ်ငန်းရှင်များအနေဖြင့်လည်း ပို့ကုန်သွင်းကုန်လိုင်စင်များကို အွန်လိုင်းမှ လျှောက်ထားခြင်းဖြင့် ယခုအချိန်ကဲ့သို့ Covid-19 ကာလအတွင်း လူလူချင်းထိတွေ့မှုများ လျှော့ချနိုင် မည့်အပြင် ရုံးဌာနသို့ လာရောက်ရန်မလိုသည့်အတွက် လိုင်စင်လုပ်ငန်းများ ဆောင်ရွက်ရာ၌ လူအင်အား၊ အချိန်နှင့် ကုန်ကျစရိတ် သက်သာခြင်းစသည့် အကျိုးကျေးဇူးများကို ရရှိနိုင်မည် ဖြစ်ကြောင်း သုံးသပ်တွေ့ရှိရပါသည်။

 

ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့်လည်း အွန်လိုင်းပေါ်မှ လိုင်စင်လျှောက်ထားရန် ခွင့်ပြု ထားသည့် ကုန်ပစ္စည်းအမယ်များကိုလည်း လုပ်ငန်းလိုအပ်ချက်ပေါ်မူတည်ပြီး ထပ်မံတိုးမြင့် ထုတ်ပေးသွားမည် ဖြစ်ပါကြောင်း သတင်းရရှိပါသည်။

Latest News: 
Latest New တင္ရန္

COVID-19 အရေးပေါ်ကာလအတွင်း ပို့ကုန်သွင်းကုန်လိုင်စင်များကို အွန်လိုင်းစနစ်ဖြင့် (၁-၄-၂၀၂၀) ရက်မှစတင်ထုတ်ပေးခဲ့ရာ (၃-၄-၂၀၂၀) ရက်နေ့ ညနေ ၄ : ၀၀ နာရီအချိန်အထိ အမေရိကန်ဒေါ်လာ (၇၂) သန်းကျော်ဖိုး ထုတ်ပေးပြီးဖြစ်

Fri, 04/03/2020 - 11:15 -- dotadmin
Undefined

ယခုအခါ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နေရာအနှံ့အပြားတွင် ကိုရိုနာဗိုင်းရပ်စ်ပိုး(Covid-19) မှာ ပျံ့ပွားလျှက်ရှိပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန အနေဖြင့် ပြည်သူများထံသို့ ဝန်ဆောင်မှုပေးသည့် လုပ်ငန်းများတွင် လူလူချင်းထိတွေ့မှုများ လျှော့ချ နိုင်ရေး၊ လိုင်စင်လုပ်ငန်းများ အဆင်ပြေချော့မွေ့စေရေး အထူးအလေးပေးဆောင်ရွက်လျှက်ရှိရာ ဝန်ကြီးဌာနမှ ထုတ်ပေးဆောင်ရွက်လျက်ရှိသည့် ပို့ကုန်သွင်းကုန်လိုင်စင်ပါမစ်များနှင့် အကောက်ခွန် သက်သာခွင့် (CO) ပုံစံများလျောက်ထားမှုအား ရုံးဌာနသို့ လာရောက်ရန်မလိုဘဲ (၁-၄-၂၀၂၀) ရက်နေ့မှ စတင်ပြီး အွန်လိုင်းမှ လျောက်ထားခြင်း၊ ထုတ်ပေးခြင်းလုပ်ငန်းစဉ်များအား ဆောင်ရွက် ပေးလျှက်ရှိပါသည်။

 

ကုန်သည်လုပ်ငန်းရှင်များအနေဖြင့် ရုံးဌာနသို့လာရောက်ရန်မလိုဘဲ အင်တာနက်ရရှိသည့် မည်သည့်နေရာမှမဆို လိုင်စင်လျောက်ထားခြင်း၊ ငွေကြေးပေးသွင်းခြင်း၊ လိုင်စင်ပြန်လည်ထုတ်ယူ ခြင်းများကို အွန်လိုင်းစနစ်ဖြင့် စတင်ဆောင်ရွက်နေပြီဖြစ်ပြီး စနစ်စတင်သည့် (၁-၄-၂၀၂၀) ရက်နေ့တွင် ပို့ကုန်သွင်းကုန်လိုင်စင်စောင်ရေ (၄၆) စောင်၊ တန်ဖိုး ကန်ဒေါ်လာ (၁၅) သန်းကျော်၊ (၂-၄-၂၀၂၀) ရက်နေ့တွင် ပို့ကုန်သွင်းကုန်လိုင်စင်စောင်ရေ (၆၇)စောင်၊ တန်ဖိုး ကန်ဒေါ်လာ (၂၀) သန်း ကျော်နှင့် (၃-၄-၂၀၂၀) ရက်နေ့ ၁၆ : ၀၀ နာရီအချိန်အထိ ပို့ကုန်သွင်းကုန်လိုင်စင်စောင်ရေ (၁၀၁) စောင်၊ တန်ဖိုး ကန်ဒေါ်လာ (၃၇)သန်းကျော်ဖိုးအား အွန်လိုင်းမှ ခွင့်ပြုထုတ်ပေးခဲ့ပြီး ဖြစ်ပါသည်။

 

ကုန်သည်လုပ်ငန်းရှင်များအနေဖြင့် လက်ရှိအချိန်တွင် အွန်လိုင်းမှလျှောက်ထားနိုင်သကဲ့သို့ ဌာနသို့ လာရောက်လျှောက်ထားပါကလည်း ခွင့်ပြုထုတ်ပေးလျက်ရှိပါသည်။ သို့သော်လည်း (၉-၄-၂၀၂၀) ရက်နေ့မှစတင်ပြီး အွန်လိုင်းမှလျှောက်ထားခွင့်ပြုထားသည့် ကုန်ပစ္စည်းအမယ်များအား အွန်လိုင်းပေါ်မှ လျှောက်ထားခြင်းဖြင့်သာ ခွင့်ပြုပေးတော့မည်ဖြစ်ပါသည်။

 

ကုန်သည်လုပ်ငန်းရှင်များအနေဖြင့်လည်း ပို့ကုန်သွင်းကုန်လိုင်စင်များကို အွန်လိုင်းမှ လျှောက်ထားခြင်းဖြင့် ယခုအချိန်ကဲ့သို့ Covid-19 ကာလအတွင်း လူလူချင်းထိတွေ့မှုများ လျှော့ချနိုင် မည့်အပြင်  ရုံးဌာနသို့ လာရောက်ရန်မလိုသည့်အတွက် လိုင်စင်လုပ်ငန်းများ ဆောင်ရွက်ရာ၌ လူအင်အား၊ အချိန်နှင့် ကုန်ကျစရိတ် သက်သာခြင်းစသည့် အကျိုးကျေးဇူးများကို ရရှိနိုင်မည် ဖြစ်ပါသည်။

 

ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့်လည်း အွန်လိုင်းပေါ်မှ လိုင်စင်လျှောက်ထားရန် ခွင့်ပြု ထားသည့် ကုန်ပစ္စည်းအမယ်များကိုလည်း လုပ်ငန်းလိုအပ်ချက်ပေါ်မူတည်ပြီး ထပ်မံတိုးမြင့် ထုတ်ပေးသွားမည် ဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။

Latest News: 
Latest New တင္ရန္

Pages

Subscribe to RSS - COVID-19 နှင့်ပတ်သက်သော သတင်း/ဆောင်းပါးများ