သွင်းကုန်လုပ်ထုံးလုပ်နည်းဆိုင်ရာ ကောက်နုတ်ချက်

၁၂။       သွင်းကုန်လိုင်စင် လျှောက်ထားပါက အောက်ပါစာရွက်စာတမ်းများ ပါဝင်ရမည်ဖြစ်ပါသည် -

            ( က )  ၆၀၀ိ/- ကျပ်တန် တံဆိပ်ခေါင်းကပ်ပြီး သွင်းကုန်လိုင်စင် လျှောက်လွှာ(Online Print Out)

            ( ခ )  Proforma Invoice မူရင်း (သို့မဟုတ်) အရောင်းအဝယ်စာချုပ် (Sale Contract) မူရင်း

            ( ဂ )  ထောက်ခံချက်လိုအပ်သည့် သွင်းကုန်လိုင်စင်ပစ္စည်းများအတွက် သက်ဆိုင်ရာ ဌာန၏ ထောက်ခံချက်

 

လမ်းညွှန်ချက်ဆိုင်ရာ ကောက်နုတ်ချက်များ (၁၆) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ အတွက် အကောက်ခွန် ရှင်းလင်းရေးနှင့် စစ်ဆေးရေးဆိုင်ရာ လုပ်ထုံး လုပ်နည်းနှင့် လမ်းညွှန်ချက်ဆိုင်ရာ ကောက်နှုတ်ချက်များနှင့် လာရောက်ပြသမည့် ကျောက်မြတ်ရတနာနှင့် အခြားကုန် ပစ္စည်းများ တရားဝင် ပို့ဆောင်ရေး နှင့် စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရမည့်အချက်များ-

 

(၁၆) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲအတွက် အကောက်ခွန် ရှင်းလင်းရေး လမ်းညွှန်ချက်ဆိုင်ရာ ကောက်နုတ်ချက်များ

အပိုင်း(၁)

  • တရုတ်-အာဆီယံကုန်စည်ပြပွဲကာလအတွင်းတင်သွင်းလာသော ပြသမည့်ပစ္စည်းများအတွက် နန်နင်းအကောက်ခွန်ဌာနမှ စစ်ဆေးခြင်းဆိုင်ရာ ဗဟိုစီမံချက်များကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ Nanning International Convention and Exhibition Centerတွင် (၁၆) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲကို ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ Nanning International Convention and Exhibition Centerတွင် အထူး လုပ်ငန်းအဖွဲ့ရုံးအားဖွင့်လှစ်ထားပြီး ပြပွဲအတွက်တင်သွင်းလာမည့်ကုန်စည်များနှင့် ပတ်သက်၍ အကောက်ခွန်ဆိုင်ရာ လုပ်ထုံး လုပ်နည်း များကို ကြီးကြပ်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း။
  • ပြပွဲအတွက် ကုန်စည်များအား အကောက်ခွန်ရှင်းလင်းရေး လျင်မြန်စွာ ဆောင်ရွက်နိုင်ရန်နှင့် အချိန်မီပြင်ဆင်နိုင်ရန်အတွက် ပြသသူများအနေဖြင့် Agent များအား ကုန်စည်စာရင်းကို ကြိုတင်ပေးထားရန် လိုအပ်မည်ဖြစ်ကြောင်း၊ Agent အနေဖြင့် ပြပွဲပစ္စည်းနှင့် ပတ်သက်သည့် ဝင်ခွင့်ဆိုင်ရာ သတင်း အချက်အလက်များအား ကြိုတင်အတည်ပြုထားရန်နှင့်ကြေညာလွှာလုပ်ထုံးလုပ်နည်းများနှင့် လျှောက်လွှာများအား မှန်ကန်မှုရှိစေရန် ကြိုတင်ဆောင်ရွက်ထားရမည်ဖြစ်ကြောင်း။
  • ပြသသူများအနေဖြင့် လေယာဉ်ဖြင့်လာရောက်ရာတွင်ပြသမည့်ပစ္စည်းအားမိမိတို့နှင့်တပါတည်း ယူဆောင်မည့် အာဆီယံမူဝါဒအားတရုတ်-အာဆီယံ ကုန်စည်ပြပွဲတွင်ကျင့်သုံးခြင်းမပြုရ၊ ပြည်ပမှ ပြသမည့် ပစ္စည်း များအား အထွေထွေကုန်စည်များနှင့်ပတ်သက်၍ အကောက်ခွန် ရှင်းလင်းရေး ဆောင်ရွက်ပေးမည့် Agent များ ထံပေးပို့ရမည် ဖြစ်ကြောင်း၊ ပြပွဲတွင်ပြသမည့် ကုန်စည်များအား မိမိတို့နှင့် တပါတည်း ယူဆောင် လာပါက တရုတ်နိုင်ငံ၏ အကောက်ခွန်ရှင်းလင်းရေး၊ ဝင်ခွင့်စီမံခန့်ခွဲမှုများနှင့် သက်ဆိုင်သည့် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများအတိုင်း မိမိဘာသာ ကြေညာလွှာတင်သွင်းခြင်း၊ အခွန်ပေးဆောင်ခြင်း စသည်တို့အား ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
  • နန်နင်းလေဆိပ်တွင် လမ်းညွှန်ပေးရန်နှင့် ခရီးဆောင်အဖြစ် သယ်ဆောင်လာသည့် ပစ္စည်းများအား အကောက်ခွန် ရှင်းလင်းခြင်း ဆောင်ရွက် ရာတွင် ကူညီရန်အတွက် ကုန်စည်ပြပွဲ တာဝန်ခံရုံးနှင့် တရားဝင် ထောက်ပံ့ပို့ဆောင်ရေး ဝန်ဆောင်မှုရုံးမှ ဝန်ထမ်းများအား တာဝန်ချထား ပေး ကြောင်း။
  • တရုတ်နိုင်ငံ၏ အကောက်ခွန်ရှင်းလင်းရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများအား လိုက်နာဆောင်ရွက်ခြင်း မရှိသူများအား တရုတ်နိုင်ငံသို့ ဝင်ခွင့် ပြုမည် မဟုတ်သည့်အပြင် ကုန်ပစ္စည်းများအား သက်ဆိုင်ရာ လေဆိပ်များမှ တဆင့် ပြန်လည်ပေးပို့သွားမည်ဖြစ်ကြောင်း။
  • ပွဲစီစဉ်သူနှင့် ၎င်း၏ ကိုယ်စားလှယ်များအနေဖြင့် နန်နင်းကုန်စည်ပြပွဲစင်တာရှိ နန်နင်းအကောက်ခွန်ရုံးတွင် တင်သွင်းမှု ကြေညာချက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
  • ပြပွဲကာလအတွင်း ရောင်းချခဲ့သည့် အသေးစား ပစ္စည်းများအတွက် အကောက်ခွန်ရုံးတွင် ထောက်ခံ ချက်များ တင်ပြရမည်ဖြစ်ပြီး သွင်းကုန်ခွန် များနှင့် အခြားအခွန်များ ပေးဆောင်ရမည်ဖြစ်ကြောင်း။
  • ပြပွဲကာလအတွင်း သင့်တော်သော အရေအတွက် အားသွင်းကုန်ခွန် ပေးဆောင်ရန်မလိုဘဲ ရောင်းချခွင့်ပြုသော်လည်း ဥပဒေအရ သွင်းကုန် တန်ဖိုးမြင့်အခွန်နှင့် စားသုံးခွန်များအားပေး ဆောင်ရန် လိုအပ်မည် ဖြစ်ကြောင်း။
  • ရေဒီယိုနှင့်ရုပ်မြင်သံကြား ဆက်သွယ်ရေး စက်ကိရိယာများ တင်သွင်းမှုအတွက် သတင်းထောက်များ အနေဖြင့် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးမှ ထုတ်ပေးထားသည့် ထောက်ခံချက် လက်မှတ်ရှိရမည်ဖြစ် ကြောင်း။
  • အမေရိကန်ဒေါ်လာ (၅၀ဝဝ) ထက်ပိုသော နိုင်ငံခြားငွေအား တရုတ်နိုင်ငံအတွင်း ယူဆောင်လိုပါက အကောက်ခွန်ရှင်းလင်းရာတွင် ရေးသား ဖော်ပြ ရမည်ဖြစ်ကြောင်း။
  • ပြပွဲကာလပြီးနောက် တရုတ်နိုင်ငံမှ ပြန်လည်ထွက်ခွာမည့်သူများအနေဖြင့် အမေရိကန်ဒေါ်လာ (၅၀ဝဝ) အောက်ရှိသော နိုင်ငံခြားငွေအား ပြန်လည်ယူဆောင်ခွင့်ပြုပြီး အမေရိကန်ဒေါ်လာ (၅၀ဝဝ) ထက်ပိုပါက အကောက်ခွန်တွင် ကြေညာလွှာပုံစံ ဖြည့်စွက်ရမည်ဖြစ်ကြောင်း။
  • တရုတ်နိုင်ငံတွင်းသို့ ဝင်/ထွက်မည့် ခရီးသည်များအနေဖြင့် တရုတ်ယွမ်ငွေ (၂၀,ဝဝဝ) အား သယ် ဆောင်ခွင့်ရှိကြောင်း။
  • ခရီးသည်များအနေဖြင့် ရွှေနှင့်ရွှေထွက်ပစ္စည်းများအား ကိုယ်ပိုင်အသုံးပြုရန် အတွက်သာသင့်တော် သည့်ပမာဏဖြင့်သယ်ဆောင်ခွင့်ရှိကြောင်း။
  • တရုတ်နိုင်ငံအတွင်းသို့ ခရီးသည်များသယ်ဆောင်လာသည့် ဘာသာရေးပုံနှိပ်စာအုပ်များနှင့်ရုပ်သံ ဖိုင်များအားကိုယ်ပိုင်အသုံးပြုရန် အတွက်သာ ခွင့်ပြုသော်လည်း ကိုယ်ပိုင်အသုံးပြုမည့် ပမာဏထက်ပိုသော ပစ္စည်းများအား သယ်ဆောင်ခွင့်မပြုကြောင်း။

 

(၁၆) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲအတွက် အကောက်ခွန်စစ်ဆေးရေးဆိုင်ရာ လမ်းညွှန်ချက် ကောက်နုတ်ချက်များ

 

အပိုင်း (၂)

  • ပြပွဲတွင် ပြသမည့်ကုန်စည်များအတွက် ရောဂါပိုးမွှားကင်းစင်ရေးဆိုင်ရာကိစ္စရပ်များအား စုံစမ်းစစ် ဆေးနိုင်ရန်အတွက် နန်နင်း အကောက်ခွန် ဌာနမှ နန်နင်း၊ ကွေ့လင်၊ ပေးဟိုင် စသည့် လေဆိပ်များ၊ ပေးဟိုင်၊ ဖန်ချန်းကန်စသည့် ဆိပ်ကမ်းများနှင့် ဖျင်ရှန်၊ သုဉ်းရှင့် စသည့် ကုန်တွင်း နယ်စပ်ပေါက်များတွင် အထူးစစ်ဆေးရေးနေရာများသတ်မှတ်ထားကြောင်း၊ စစ်ဆေးမှုများဆောင်ရွက်နိုင်ရန်အတွက် ကိုယ်စားလှယ် ကုမ္ပဏီ များ ငှားရမ်းထားပါကြောင်း။
  • စားသောက်ကုန်များ ထုတ်ပိုးရာတွင် စားသောက်ကုန်အမည်၊ ခင်းကျင်းပြသမည့်သူ၏ အမည်၊ နိုင်ငံ၊ ပြပွဲအမှတ်၊ ပြခန်းအမှတ်၊ အရေအတွက်နှင့် အလေးချိန်တို့ကို ဖော်ပြရမည်ဖြစ် ကြောင်း။
  • ပိုးမွှားများပါနိုင်သည့် တိရစ္ဆာန်နှင့်အပင်၊ ကပ်ရောဂါနှင့် အခြားထိခိုက်စေ တတ်သောပိုးမွှားများ၊ တိရစ္ဆာန်အသေကောင်များ၊ မြေဆီ မြေဆီ မြေသြဇာများကို အထောက်အပံ့ပေးသည့် တိရစ္ဆာန်များနှင့် အပင်များ စသည်တို့အား တရုတ်နိုင်ငံသို့တင်သွင်းခွင့်မပြုေြ ကာင်း။
  • ပြပွဲပြီးနောက်ပြသသည့်ပစ္စည်းအား တရုတ်နိုင်ငံအတွင်း၌ ရောင်းချလိုပါက ပြသသူ(သို့မဟုတ်)၎င်း ၏ကိုယ်စားလှယ်မှ e-CIQ စနစ်ဖြင့် တရားဝင်လျှောက်ထားရန်လိုပြီး သက်ဆိုင်ရာလုပ်ထုံးလုပ်နည်း များကို ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း။
  • တရုတ်နိုင်ငံအတွင်းသို့ ပစ္စည်းများ သယ်ယူလာမည့်သူများအတွက် စုံစမ်းစစ်ဆေးခြင်းဆိုင်ရာဆောင်ရွက်သွားမည့် သတင်းအချက်များအား http://www.caexpo.org တွင် ဖော်ပြထားကြောင်း။
  • အပင်နှင့်တိရစ္ဆာန်များနှင့် ၎င်းတို့၏ဆက်စပ်ပစ္စည်းများ၊ ကျန်းမာရေးဆိုင်ရာ စစ်ဆေးရန်လိုမည့်အခြား ပစ္စည်းများအနေဖြင့် သက်ဆိုင်ရာ ပြည်နယ်အုပ်ချုပ် ရေးဌာနမှခွင့်ပြုချက်နှင့် တင်သွင်းမည့်နိုင်ငံ၏ သက်ဆိုင်ရာ အာဏာပိုင်မှထုတ်ပေးသည့် ရောဂါပိုးမွှားကင်း စင်ကြောင်း ထောက်ခံချက်တို့ပါရှိပါက ကန့်သတ်မရှိဘဲတရုတ်နိုင်ငံသို့သယ်ဆောင်နိုင်ကြောင်း။

 

(၁၆) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲအတွက် လာရောက် ပြသမည့် ကျောက်မျက်ရတနာနှင့် အခြား ကုန်ပစ္စည်းများ တရားဝင်ပို့ဆောင်ရေးနှင့် စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရမည့်အချက်များ

 

  • အဖိုးတန်ကျောက်မျက်ရတနာများကို တရုတ်နိုင်ငံနှင့်ကုန်စည်ပြပွဲလာရောက် ပြသမည့်နိုင်ငံမှ တရားဝင်တာဝန်ပေးအပ်ထားသော ထောက်ပို့ သယ်ယူပို့ဆောင်ရေးကုမ္ပဏီတို့ချိတ်ဆက်လျက် ကုန်စည်ပြပွဲ ကျင်းပရာ နေရာအရောက် ပို့ဆောင်ရမည့်လုပ်ငန်းစဉ်မှာ မြန်မာနိုင်ငံ တစ်နိုင်ငံ တည်း အပေါ်တွင်သာပြု လုပ်သည်မဟုတ်ဘဲ၊ ကျန်အာဆီယံနိုင်ငံများအပေါ်တွင် လည်း ဆောင်ရွက်ပါသည်။ ယခုအခါ အာဆီ ယံနိုင်ငံအချို့မှ ၎င်းတို့၏ အဖိုးတန်ကျောက် မျက်များကိုစတင်ချိတ်ဆက်တင်ပို့နေပြီဖြစ်ပါသည်။
  • ပစ္စည်းများအားကုန်သေတ္တာတစ်လုံးတည်းတွင် ထည့်သွင်းလျက်တင်ပို့ပါက ကုန်ကျစရိတ်များစွာ သက်သာနိုင်ပါကြောင်း၊ တို့အပြင် လုံခြုံရေး ကုဒ်နံပတ်များ ပါဝင်သောခရီးဆောင်အိတ်များတွင် ထည့်သွင်းလျက် လေယာဉ်ကုန်သေတ္တာဖြင့်လည်း တင်ပို့နိုင်ပါသည်။
  • ယခုနှစ်တွင် သယ်ဆောင်လာသည့် ကုန်ပစ္စည်းများ၏ စုစုပေါင်းတန်ဖိုး အပေါ်အာမခံကြေး (Deposit) အဖြစ်အကောက်ခွန် (Customs Duty) ကို အပြည့်အဝအရင်ပေးဆောင်ရမည်ဖြစ်ပြီး၊ (၆၅ မှ ၆၈ ရာခိုင်နှုန်းကြား) ရှိမည်ဖြစ်ပါကြောင်း၊ ပြပွဲတွင်မရောင်းရသည့် ပစ္စည်းများကို ပြန်လည် သယ်ဆောင်သည့်အခါ အကောက်ခွန်ထံမှကျသင့်သော အခွန်အခများ ပေးဆောင်၍ ပြန်လည်ထုတ်ယူနိုင်ပါသည်။
  • အကောက်ခွန်တွင် ကြိုတင်ပေးသွင်းထားသည့် ငွေများအနက်မှ ပြန်အမ်းငွေကို ရရှိရန်လျှောက် ထားရမည်ဖြစ်ရာ ပြပွဲပြီးဆုံးသည့်အခါ ကျောက်မျက်လုပ်ငန်းရှင်များက ရက်အနည်းငယ်အကြာ ထပ်မံစောင့်ဆိုင်းရန် လိုအပ်ပါသည်။
  • တစ်နိုင်တစ်ဆွဲ (hand carry) ဖြင့် သယ်ဆောင်လာပြီး အပ်နှံပါက လေဆိပ်ရှိ အကောက်ခွန်ဌာနတွင် စစ်ဆေးမှုပြုရမည်ဖြစ်ရာ အချိန်ကြာမြင့် နိုင်သည့်အတွက် ပစ္စည်းပိုင်ရှင်များအနေဖြင့် (၇)ရက်ခန့်ကြို တင်လာရောက်ရမည် ဖြစ်ပါသည်။ ကျောက်မျက်လုပ်ငန်းရှင်များသည် ပစ္စည်းများကို အစစ်ဆေးခံရန် ကြိုတင်ရောက်ရှိရမည့် နေ့ရက် (၇) ရက်နှင့် အကောက်ခွန်ဌာနထံမှ ပြန်အမ်းငွေကို ရရှိရန် ပြပွဲအပြီး (၇) ရက်ခန့် ထပ်မံ နေရမည်ဖြစ်သဖြင့် ကုန်ကျစရိတ်များ ထပ်မံတက်နိုင်သဖြင့် လေယာဉ်ဖြင့် တင်ပို့သည့် နည်းလမ်းကို ရွေးချယ်ပါက ကုန်ကျစရိတ် ပိုမို သက်သာ မည်၊
  • (Hand Carry) ဖြင့် သယ်ဆောင်မည်ဆိုပါက ပါဝင်သည့်ပစ္စည်းစာရင်းကိုတရုတ်ဘက်မှထောက်ပို့သယ်ယူပို့ဆောင်ရေးကုမ္ပဏီထံသို့ ကြိုတင် ပေးပို့ရန်လိုမည်ဖြစ်ပါသည်။ ကျောက်မျက်ရတနာမဟုတ်သည့် ကုန်သည် များကို တစ်နိုင်တစ်ဆွဲ (hand carry) နည်း လမ်းဖြင့် သယ်ဆောင် လာမည် ဆိုပါက ကျောက်မျက်ပစ္စည်းများကဲ့သို့ပင် (၎င်းပစ္စည်းများအတွက် သတ်မှတ်ထားသော) အခွန်အခများပေး ဆောင်ရမည်ဖြစ်ပါသည်။
  • ကျောက်မျက်ရတနာမဟုတ်သည့် ကုန်စည်များကို မြန်မာဘက်မှ နန်နင်းရှိ စီးပွားရေးသံမှူးရုံးသို့ပို့ ဆောင်ရာတွင် ထုတ်ပိုးစာရင်း (packing list) နှင့် ကုန်ရောင်းပြေစာ (Invoice)နှင့် ပြသမည့် ပြခန်းနံပါတ် တို့ ပါဝင်ရမည်ဖြစ်ပါသည်။
  • နန်နင်းရုံးမှ ကုန်စည်ပြပွဲကျင်းပရာ ပြခန်းတစ်ခုစီအတွင်းသို့ ထည့်သွင်းပေးနိုင်ရေးအတွက်ကုန်ကျစ ရိတ်မှာ Bondex Logistics Co.,Ltd မှ ယူသည့် ဝန်ဆောင်ခ-(၃) တန်ဆံ့ကုန်တင်ကား (ယွမ်-၃၅၀)၊ (၅) တန်ဆံ့ ကုန်တင်ကား (ယွမ်-၆၀ဝ) နှင့် Sinotrans Guangxi Logistics Co.,Ltd မှယူသည့် ဝန်ဆောင်ခအနည်းဆုံး (၁) ပေပတ်လည်ပုံး အရွယ်အစား ရှိရမည်ဖြစ်ပြီးတစ်ပုံးလျှင်(၇၅ယွမ်)တို့ဖြစ်ပါ သည်။
  • မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့အနေဖြင့် နယ်စပ်မှတစ်ဆင့်တင်ပို့လာမည့် ကျောက်မျက်ရတနာ မဟုတ်သော ကုန်ပစ္စည်းများ၏ ပိုင်ရှင်များ ထံသို့ မိမိတို့၏ ကုန်စည်များကို နန်နင်းမြို့ ရှိ စီးပွားရေးသံမှူးရုံးမှ ပြပွဲသို့ Bondex Logistics Co.,Ltd နှင့် Sinotrans Guangxi Logistics Co., Ltd စသည့်ကုမ္ပဏီ နှစ်ခုအနက်သင့်လျှော်သည့် သယ်ယူပို့ဆောင်ရေးကုမ္ပဏီ တစ်ခုခုဖြင့် တင်ပို့ရေးစီစဉ်ရာတွင် ကျသင့်မည့် ကုန်ကျစရိတ်များကို အပြေအကျေ ကြိုတင်ပေးချေပါမည်ဟူသော ကတိကဝတ်ကို ရယူထားရန်နှင့် တရုတ်ဖက်မှ သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်များကို ၎င်းနေ့ရှိ ယွမ်ငွေနှင့် ကျပ်ငွေပေါက် ဈေးဖြင့် တွက်ချက်၍ အကြောင်းကြားသည့်အခါ ငွေပမာဏအပြည့်အဝကို အချိန်မီလွှဲပို့နိုင်ရေးစီစဉ် ထားရှိစေရန် လိုအပ်ကြောင်း

(က) ကုမ္ပဏီ Letter Head (မူရင်း)ပါ လျှောက်လွှာ
( ခ ) ၆၀ဝ ကျပ်တန်အခွန်တံဆိပ်ခေါင်းကပ်၍ PIAC Online လိုင်စင်လျှောက်လွှာ
( ဂ ) Invoice & Sale Contract (ပို့ကုန်လိုင်စင်လျှောက်ထားရာတွင် Sale Contract တင်ပြရန်မလိုပါ)
(ဃ) ထောက်ခံချက်ဖြင့် လျှောက်ထားသော ပစ္စည်းများဖြစ်ပါက သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်အထောက်အထားများ 

Fully Online Licensing System User Guide Book

Pages

Subscribe to သွင်းကုန်လုပ်ထုံးလုပ်နည်းဆိုင်ရာ ကောက်နုတ်ချက်