ပြည်ပဈေးကွက်သတင်းများ

ထိုင်းရေကြီးမှုနှင့် ဥရောပကြွေးမြီအကျပ်အတည်းကြောင့် ရော်ဘာဈေးနှုန်း ၁၄ လ အတွင်း အနိမ့်ဆုံးသို့ ကျဆင်းလာ ဥရောပ အကြွေး ကယ်တင်မှုနည်းဗျူဟာတွင် ပြင်သစ်နှင့်ဂျာမာန်တို့ သဘောထား ကွဲနေခြင်းနှင့် ထိုင်းနိုင်ငံတွင် ရေလွှမ်းမိုးမှုက ကားထုတ်လုပ် မှု လျော့ကျပြီး တာယာ ထုတ်လုပ်ရာမှာ အသုံးပြုသည့် ရော်ဘာဝယ်လိုအားနည်းသွားခြင်းနှင့် ဆက်နွယ် ၍ ရော်ဘာဈေးနှုန်းမှာ ၁၄ လ အတွင်း အနိမ့်ဆုံးဈေးသို့ ကျဆင်းခဲ့ပါသည်။ တိုကျိုကြို ရောင်းဈေးကွက်တွင် မတ်လကြိုရောင်းဈေးမှာ ၂၀၁၀ ခုနှစ် သြဂုတ်လတွင်ဖြစ် ခဲ့သော အနိမ့်ဆုံးဈေး အဆင့်သို့ ရောက်ခဲ့ပြီး တစ်ကီလို ၂၈၁.၅ ယန်း(တစ်တန်၃၆၆၉ ဒေါ်လာ) သို့ကျဆင်းပြီး ၆.၆% ကျဆင်းခဲ့ပါ သည်။ အောက်တိုဘာ ၂၃ ရက်မတိုင်မီ ဝေစုခွဲေ၀ ရေး ဆွေးနွေးရန် ဖရန့်ဖတ်မြို့ တွင် ခေါင်းဆောင်များစုဝေး၍ ပြင်သစ်သမ္မတနီ ကိုလပ် ဆာကိုဇီမှ ဂျာမဏီသို့ဆက်သွယ်ပြောကြားခဲ့ပါသည်။ ဒေသတွင်းအကြွေးပြဿနာ သည် အီတလီနှင့် စပိန်နိုင်ငံတို့ကို လွှမ်းမိုး ထားသဖြင့် ဥရောပခေါင်းဆောင်များသည် ဥရောပငွေကြေးများတည်ငြိမ်စေရန် ယူရို ၄၄၀ ဘီလီယံ( ဒေါ်လာ ၆၀၅.၅ ဘီလီယံ)   ဖြင့် ဖြေရှင်းနိုင်မည့်နည်းလမ်းများရှာဖွေလျှက်ရှိသည်။

ဗီယက်နမ်နိုင်ငံဟာ ယခုတစ်နှစ်ပတ်လုံးမှာ ဆန်တန်ချိန် ၇ သန်းပြည့်နိုင်ဖို့ နောက်ဆုံး ၃ လပတ်အတွင်း မှာ တန်ချိန် ၁ ဒသမ ၁ သန်းကျော်ထိ တင်ပို့နိုင်လိမ့်မယ် လို့ မျှော်လင့်ထားကြောင်း၊ ဗီယက်နမ်စားနပ်ရိက္ခာအသင်း (VFA) မှ ပြောကြားပါတယ်။ လက်ရှိအချိန်ထိ ဆန်တန်ချိန် ၅ ဒသမ ၈၇ သန်း FOB တန်ဖိုးကန်ဒေါ်လာ ၂ ဒသမ ၈၁ ဘီလီယံဖိုးတင်ပို့ပြီးသွားပြီလို့

တရုတ်နိုင်ငံရဲ့ ထိပ်တန်းစီးပွားရေး စီမံခန့်ခွဲတဲ့ နိုင်ငံတော်ဖွံ့ဖြိုးရေးနဲ့ ပြန်လည်ထူထောင်ရေး ကော်မရှင် (NDRC) ဟာ တောင်ပိုင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကွမ်ရှီးရှိ သကြားထုတ်လုပ်တဲ့ ကုမ္ပဏီကြီး ၂ ခုကို ဈေးနှုန်းမြင့် တက်မှုကိုဖြစ်စေတဲ့ သကြားသိုလှောင်မှုကို ရပ်တန့်ဖို့ ထုတ်ပြန်ချက်ကို

ယခုနှစ်မှာ ဗီယက်နမ်ပရိဘောဂတင်ပို့သူတွေက ပရိဘောဂတင်ပို့မှုမှ ကန်ဒေါ်လာ ၄ ဘီလီယံကျော် ရရှိနိုင်ကြောင်း သတင်းရရှိတယ်။ ဇန်နဝါရီလမှ စက်တင်ဘာလကုန်   အထိ ပရိဘောဂတင်ပို့မှုက ယခင်နှစ်အလား တူကာလနဲ့ နှိုင်းယှဉ်ရာမှာ  ၁၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ကာ ကန်ဒေါ်လာ ၃ ဘီလီယံကျော် ရရှိခဲ့ကြောင်း

တရုတ်နိုင်ငံမှအပ ကမ္ဘာ့လ္ဘက်ထုတ်လုပ်မှုဟာ ၂၀၁၁ ဇန်နဝါရီလမှ သြဂုတ်လအထိ ၁ ဒသမ ၈၆ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း လ္ဘက်အသင်းရဲ့ စာရင်းများအရသိရပါတယ်။ ယခုနှစ် ပထမ ၈ လမှာ ကမ္ဘာ့လ္ဘက်ထုတ်လုပ်မှု ကီလို ၁၂၂၄ ဒသမ ၅၆ သန်းရှိပြီး ယခင်နှစ်အလားတူကာလက ကီလို ၁၂၄၇ ဒသမ ၇၉ သန်းရှိခဲ့ကြောင်း

Pages

Subscribe to ပြည်ပဈေးကွက်သတင်းများ